ပါကစ္စတန်နိုင်ငံ၏ ဒေသ ၃ ခုတွင် ဆက်တိုက် ဆိုသလို မြစ်ရေကြီးပြီး မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူ ၁၄၀၀ ကျော် ရှိပြီဖြစ်ကာ လူ ၃၀၀၀၀ ကျော်လည်း မရွှေ့ပြောင်းနိုင်ဘဲ ရေဘေးဒုက္ခ ကြုံတွေ့လျက် ရှိကြောင်း သိရသည်။သည်းထန်သော မုတ်သုံမိုးသည် Hyderabad ၊ Mirpurkhas နှင့် Sukkur ၊ Balochistan ၊ Punjab နှင့် Pakhtunkhwa ဒေသများသို့ ဆက်တိုက် ရွာသွန်းလျက်ရှိပြီး မြစ်ရေကြီးမှုသည်လည်း နောက်ထပ် ၄ ရက်ကြာသည်အထိ ဆက်လက် ဖြစ်ပွားဖွယ်ရှိကာ အပျက်အစီး ဆုံးရှုံးမှု များနိုင်ကြောင်း မိုးလေဝသ ပညာရှင် Muhammad Riaz ကပြောကြားပါသည်။ပါကစ္စတန် မြစ်များအားလုံး ရေမျက်နှာပြင်အနေအထား ဆက်လက်မြင့်တက်လျက်ရှိကာ ယခုသီတင်းပါတ်အတွင်း နိုင်ငံ၏ ဒေသအနှံ့အပြား ရေဘေးဒုက္ခကြုံတွေ့ရကာ အခြားကူးဆက်ရောဂါများလည်း ပျံ့နှံ့နိုင်ကြောင်း ၊ တာဝန်ရှိသူများ အနေဖြင့် ကြိုတာကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း Muhammad Riaz ကဆိုပါသည်။
ဆက်လက် ဖြစ်ပေါ်မည့် မိုးရွာသွန်းမှုနှင့် ရေကြီးမှုသည် ပါကစ္စတန် တောင်ပိုင်း ဒေသများတွင် လူပေါင်း ၄၀၀၀၀၀ ကျော်အထိ ရေဘေးဒုက္ခ ကြုံတွေစေနိုင်ကြောင်း သိရသည်။
No comments:
Post a Comment