Monday, August 9, 2010

. .

အိမ်ရှင်မတဦးက သူနှင့် သားသမီး နှစ်ဦးကို ရေနံဆီသွန်ပြီး မီးရှို့ သတ်သေသော ကြေကွဲဖွယ်ရာ ဖြစ်ရပ် တခု ဘင်္ဂလာဒေခ်ျ့တွင် ဖြစ်ပွား

8/9/2010
Adjust font size:

suicide women in Dhaka ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အိမ်ရှင်မ တဦးက သူမ ယောင်္ကျားဖြစ်သူမှ နောက်မိန်းမ ယူသည့် အပေါ် မကျေနပ်သဖြင့် သားသမီး ၂ ဦးနှင့် မိမိကိုယ်ပေါ်သို့ ရေနံဆီ သွန်လောင်းပြီး မီးရှို့သတ်သော ကြေကွဲ ဖွယ်ရာ ဖြစ်ရပ်တခု များမကြာမှီက ဖြစ်ပွားခဲ့သည်။

အဆိုပါ အမျိုးသမီးမှာ အသက် ၂၈ နှစ် အရွယ်ရှိ ဘီလာချိ ခါတုန်ဖြစ်ပြီး မီးဒဏ်ရာကြောင့် ယမန်နေ့ နေ့လည်က ဒက္ကားဆေးကောလိပ်တွင် သေဆုံးသွားခဲ့သည်။

သူမ မီးရှို့ခဲ့သည့် သူမ သမီး ရှစ်နှစ် အရွယ် ရာဂျာနီ အက်သာမှာ သောကြာနေ့က သေဆုံးခဲ့ပြီး ရာဂျာနီ၏ လေးနှစ်အရွယ် မောင်ငယ် ရိုင်ဟန်မှာ မီးရှို့ပြီး နာရီအနည်းငယ်တွင် သေဆုံးခဲ့သည်။

အမျိုးသမီး ဘီလာချိသည် သူမ၏ ၁၀ နှစ်ကြာပေါင်းသင်းနေထိုင်ခဲ့သော လင်ဖြစ်သူ ရာဂျစ်အာလီ နောက်အမျိုးသမီး တစ်ဦးနှင့် လက်ထပ်ခြင်းကို မကျေနပ်ရာမှ လွန်ခဲ့သော ကြာသပတေးနေ့က ဒက္ကားမြို့ တောင်ဘက် ကွာမလာပူရ် ရပ်ကွက်ရှိ သူမတို့ ဌာရမ်းနေထိုင်ရာ ၂ ထပ်တိုက်ပေါ်တွင် သားသမီး နှစ်ဦးနှင့် အတူ ရေနံဆီသွန်ကာ မီးရှို့ခဲ့သည်။

အခုအခါ လင်ဖြစ်သူ ရာဂျစ်ကို ရဲက ဖမ်းဆီးထားကြောင်း သိရသည်။

ယခုကဲ့သို့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်တွင် အသက်ဆုံးပါးသူ ကလေးငယ် နှစ်ဦးအတွက် ဘင်္ဂလာဒေခ်ျ့ လူထုအကြားတွင် အထူးကြေကွဲမူ ဖြစ်နေကြောင်း သိရသည်။

အလားတူ လွန်ခဲ့သော ဇွန်လ ၁၁ ရက်နေ့ကလည်း ဖါဇနာ ကာဘီယာ ရီတာ ဆိုသည့် အမျိုးသမီး တဦးသည် လင်ယောင်္ကျား နောက်မိန်းမ ယူသည်ကို မကျေနပ်သဖြင့် ၁၂ နှစ်အရွယ် သားတစ်ဦးနှင့် ၁၀ နှစ်အရွယ် သမီးငယ် တဦးကို အိပ်ဆေးများကို သူမနှင့်အတူ သောက်စေပြီး သေပွဲဝင်သွားခဲ့သည်။
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

No comments:

Post a Comment