Tuesday, August 17, 2010

. .

Box Office တွင် The Expendables ဇာတ်ကား ဦးဆောင်

အမေရိကန်နှင့် ကနေဒါ ရုပ်ရှင်ရုံများတွင် The Expendables သည် စတင်ရုံတင်သည့် သီတင်းပါတ်၌ပင် ဒေါ်လာ(၃၅)သန်း ၀င်ငွေရရှိခဲ့
Posted on Aug 16 10 - 03:25 PM | Hits : 623
Box Office တွင် The Expendables ဇာတ်ကား ဦးဆောင်

ပြီးခဲ့သည့်သီတင်းပါတ်က မြောက်အမေရိကတွင် ရုံဝင်ကြေး အမြင့်ဆုံး ရုပ်ရှင်ဇာတ်ကားများစာရင်း Box Office၏ ထိပ်ဆုံး၌ ဆီဗက်စတာ စတားလုံး ပါဝင်ထားသော The Expendables ဇာတ်ကားက ဦးဆောင်နေကြောင်း သိရသည်။ အမေရိကန်နှင့် ကနေဒါ ရုပ်ရှင်ရုံများတွင် The Expendables သည် စတင်ရုံတင်သည့် သီတင်းပါတ်၌ပင် ဒေါ်လာ(၃၅)သန်း ၀င်ငွေရရှိခဲ့သည်။ ဂျူလီယာရောဘတ်စ် ပါဝင်သည့် Eat Pray Loveမှာလည်း ရုံတင်တင်ချင်း ဒေါ်လာ(၂၃.၇)သန်း ရရှိပြီးနောက် Box Office ဒုတိယနေရာမှ ရပ်တည်နေသည်။

The Expendables

(The Expendables ဇာတ်ကားမှ စတားလုံး)

တတိယအဖြစ်မူ The Other Guysက ဒေါ်လာ(၁၈)သန်းဖြင့် ရှိနေသည်။ Inception က ဒေါ်လာ(၁၁.၃)သန်းမျှ တစ်ပါတ်အတွင်း ၀င်ငွေရရှိသောကြောင့် စတုတ္ထနေရာတွင် ဆက်ရှိနေသည်။ အဆိုပါ ဇာတ်ကားသည် ရုံတင်ကတည်းက မြောက်အမေရိကတွင် စုစုပေါင်း ဒေါ်လာ(၂၄၈.၆)သန်းမျှ ရရှိထားပြီးဖြစ်သည်။ ပဉ္စမနေရာတွင် ပြီးခဲ့သည့် သီတင်းပါတ်ကမှ စတင်ရုံတင်သည့် Scott Pilgrim vs. the World က ဒေါ်လာ(၁၀.၅)သန်း ဆက်ရှိနေသည်။ ပြီးခဲ့သည့် သီတင်းပါတ် Box Office၏ ထိပ်ဆုံး (၁၀)နေရာ စာရင်းပေါက်သည့် ကျန်ဇာတ်ကားများမှာ အောက်ပါအတိုင်းဖြစ်သည်။

၆။ Despicable Me (ဒေါ်လာ ၆.၈ သန်း)

၇။ Step Up 3D (ဒေါ်လာ ၆.၇ သန်း)

၈။ Salt (ဒေါ်လာ ၆.၄ သန်း)

၉။ Dinner of Schmucks (ဒေါ်လာ ၆.၃ သန်း)

၁၀။ Cats & Dogs: Revenge of Kitty Galore (ဒေါ်လာ ၄ သန်း)

Source: maimiherald

No comments:

Post a Comment