ရန်ကုန် (မဇ္ဈိမ)။ ။ အင်းစိန်မြို့ နယ် အောင်ဆန်းရပ်ကွက် သစ္စာဝါဒီလမ်းရှိ ရန်ကုန် စည်ပင်သာယာ ဝန်ထမ်းများနေသော လိုင်းခန်း မီးလောင်မှုမှာ ရှို့မီးဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်း မီးသတ်အဖွဲ့မှ ဝါရင့် မီးသတ် အရာရှိတစ်ဦးက သုံးသပ် ပြောဆိုသည်။
လိုင်းအမှတ် ၃ ၊ အခန်းအမှတ် ၆ ရှိ စည်ပင်ဝန်ထမ်း ဦးကြီးစိန်ဧ။် အခန်းက မီးစလောင်ပြီး မီးလောင်ရသည့် ကိစ္စကို ယခုတိုင် စုံစမ်း မသိရှိရသေးကြောင်းနှင့် ဦးကြီးစိန်မှာ ထွက်ပြေးနေကြောင်း အဆိုပါ မီးသတ် အရာရှိက ပြောသည်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်မိုး ၆ ခန်းတွဲ အဆောက်အအုံ ၃ လုံးနှင့်အတူ ယင်းအနီးရှိ ကျုးကျော်တဲအိမ် အလုံး ၂ဝ လည်း မီးလောင်ပြာကျခဲ့ရသည်။
အဆိုပါ ရပ်ကွက်တွင်ရှိသော လမ်းများမှာ အလွန်ကျဉ်းသည့်အတွက် မီးသတ်ကားသွားရန် အလွန်ခက်ခဲကြောင်း ယင်းမီးသတ်အရာရှိက ပြောသည်။
“မီးသတ်ဌာန အနေနဲ့ မီးသတ်ကား ၃၂ စီးနဲ့ အုပ်ချုပ်မှုယာဉ်က ၉ စီး ၊ မီးသတ် အရေအတွက် သန္ဓေတပ်သားက ၁၉၂ ဦး၊ အရန်တပ်သားက ၁၇၈ ဦး သွားရောက် ငြိမ်းသတ်ခဲ့ရတယ်၊ ဒါပေမယ့်လဲ လမ်းတွေ ကျဉ်းတဲ့အတွက် ဝင်မရတာတွေက များတော့ မဖြစ်သင့်တာတွေ ဖြစ်ရတာပေါ့”ဟု သူကပြောသည်။
မီးလောင်မှုသည် သြဂုတ်လ ၁ဝ ရက်နေ့ ညနေ ၅နာရီ ၅၅ မိနစ်ခန့်တွင် ဖြစ်ပွားပြီး ၆ နာရီ မိနစ် ၅ဝ ခန့်တွင် ငြိမ်းသွားကြောင်း သိရှိရသည်။
မီးလောင်မှုကြောင့် ကျုးကျော် မိသားစု ၃၅ စုနှင့် စည်ပင်ဝန်ထမ်း မိသားစု ၁၁ စု အိုးအိမ်မဲ့သွားကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနဧ ။်စာရင်းများအရ သိရသည်။
“ဝန်ထမ်းလိုင်းခန်းတွေမှာ မီးလောင်တဲ့ လိုင်းခန်း ၁၈ ခန်း ရှိတယ် ၊ ဒါပေမယ့် လူမနေတဲ့ အခန်းတွေလည်း ရှိတဲ့အတွက် ၁၁ ခန်း မီးလောင်တာကို ခံရတာ ဖြစ်တယ်၊ အိုးမဲ့အိမ်မဲ့ လူဦးရေ ၁၈၉ ဦး ရှိတယ် ၊ အခုတော့ အဲဒါကို အောင်ဆန်းရပ်ကွက်က ကန်ဦး ဘုန်းတော်ကြီး ကျောင်းတိုက်မှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတယ်” ဟု စည်ပင် တာဝန်ရှိသူက ပြောသည်။
မီးလောင်သော ဝန်ထမ်း မိသားစုများထံသို့ ရန်ကုန်မြို့တော်ဝန်က သွားရောက် အားပေးစကား ပြောကြားမည်ဟုလည်း စည်ပင် သတင်းရပ်ကွက်က သိရသည်။
မီးလောင်မှုကြောင့် ဆုံးရှုံးမှု သိန်း ၂ဝဝ နီးပါးရှိမည်ဟု ခန့်မှန်းထားကြောင်း မီးသတ်ဌာန စာရင်းများအရ သိရသည်။
ရန်ကုန်တိုင်းအတွင်း ဤနှစ်အတွင်း မီးလောင်မှု အရေအတွက် စုစုပေါင်း အကြိမ် ၉ဝ ခန့်ရှိပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း နှစ်သိန်း တစ်သောင်းကျော် ရှိပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာန စာရင်းများက ဆိုသည်။
မီးစတင်လောင်သော အခန်းတွင်နေသူ ဦးကြီးစိန်ကို ပုဒ်မ ၂၈၅/၂ဝ၁ဝ ဖြင့်အမှုဖွင့်ထားကြောင်းလည်း သတင်းရရှိသည်။
No comments:
Post a Comment