TMZသတင်းဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ မည်သည့်အကြောင်းကြောင့်မှန်း တိတိကျကျ မသိရသေးသော်လည်း ဂစ်ဘ်ဆင်သည် ကားကို ညာဖက်သို့ ဆွဲချလိုက်ပြီးနောက် လမ်းဘေးရှိ ကျောက်ဆောင်အား ၀င်တိုက်မိခြင်းဖြစ်ကြောင်း ဖော်ပြထား
Posted on Aug 17 10 - 12:49 PM | Hits : 430
ဟောလီးဝုဒ်မင်းသား မဲလ်ဂစ်ဘ်ဆန်တစ်ယောက် ယာဉ်တိုက်မှုတစ်ခု ဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ Lethal Weaponစတား မင်းသားသည် 2008 Maserati ကားလေးအား မာလီဘူကန်ညွန်လမ်းတွင် မောင်းနှင်လာစဉ် ဩဂုတ်လ (၁၅)ရက်နေ့က ယာဉ်တိုက်မှု ဖြစ်ခဲ့ခြင်းဟု သိရသည်။

TMZသတင်းဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ မည်သည့်အကြောင်းကြောင့်မှန်း တိတိကျကျ မသိရသေးသော်လည်း ဂစ်ဘ်ဆင်သည် ကားကို ညာဖက်သို့ ဆွဲချလိုက်ပြီးနောက် လမ်းဘေးရှိ ကျောက်ဆောင်အား ၀င်တိုက်မိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ လမ်းစည်းကမ်း ထိန်းသိမ်းရေး ရဲအရာရှိ လီလန်တန်က ဂစ်ဘ်ဆန်သည် ကားထဲတွင် တစ်ယောက်ထဲသာဖြစ်ပြီး ၎င်းသည် မူးယစ်ဆေးဝါးနှင့် အရက်သေစာ သုံးစွဲသောက်စားထားခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ဂစ်ဘ်ဆန်သည် ထိုယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး တိတိကျကျ မရှင်းပြနိုင်ဟုလည်း လန်တန်ကဆိုသည်။ ရဲများသည် ဂစ်ဘ်ဆန်၏ကားကို သယ်ယူဖယ်ရှားခဲ့ပြီးနောက် ဂစ်ဘ်ဆန်ကိုလည်း သူငယ်ချင်း တစ်ဦး၏အိမ်သို့ ပို့ပေးခဲ့ရကြောင်း သိရှိရသည်။ ဂစ်ဘ်ဆန်သည် ၎င်း၏ ချစ်သူဟောင်း အော့ဆာနာ ဂရီဂိုရီဗာအား နှိပ်စက်ညှင်းပန်းမှုဖြင့် ရဲများ၏ စုံစမ်းမှုကို ခံနေရကြောင်း သတင်းများက ဖော်ပြထားသည်။
Source: FemaleFirst
No comments:
Post a Comment