
လော့စ်အိန်ဂျလိစ်- အိန္ဒိယသမုဒ္ဒရာအတွင်း ပင်လယ်ရေမျက်နှာပြင်အမြင့်မှာ တစ်ဟုန် ထိုးမြင့်တက်လျက်ရှိနေခြင်းကြော
ကော်လိုရာဒိုတက္ကသိုလ်နှင့် ကမ္ဘာ့ လေထုဆိုင်ရာ အမျိုးသားသုတေသနဌာန (NCAR) တို့မှ သုတေသနပညာရှင်တို့၏ လေ့လာစမ်းသပ်မှုအရ ပင်လယ်ရေမျက်နှာ ပြင်အမြင့် တိုးတက်လာမှုသည် အထူးသဖြင့် ဘင်္ဂလားပင်လယ်အော်၊ အာရေဗီယန်ပင် လယ်၊ သီရိလင်္ကာနှင့် ဆူမားတြားပင်လယ် ကမ်းရိုးတန်းတစ်လျှောက်တွင် အမြင့်ဆုံး ဖြစ်ပြီး ထိုဒေသရှိ အချို့သောနေရာများတွင် ရာစုနှစ်တစ်ခုလျှင် ၁၈စင်တီမီတာခန့်နှုန်း ဖြင့် မြင့်တက်လာဖွယ်ရှိသည်ဟုဆိုသည်။ သို့ရာတွင် တန်ဇန်းနီးယားကမ်းခြေနှင့် ဆီး ချယ်လီစ်ကျွန်းများတွင်မူ အမြင့်ဆုံးပင်လယ် ရေမျက်နှာပြင်မှ ကျဆင်းခဲ့သည်ဟု သိရ သည်။
ထိုအရေးကိစ္စနှင့်ပတ်သက်၍ NCAR မှ ဒေါက်တာဂျာရယ်မီလ်က ကမ္ဘာလုံး ဆိုင်ရာ ပင်လယ်ရေမျက်နှာပြင်ပုံစံမှာ ပထဝီ ဝင်အရ တူညီမှုရှိမည်မဟုတ်ဟုပြောကြား ခဲ့သည်။
လေ့လာဆန်းစစ်သူတို့က ဂြိုဟ်တု မှတစ်ဆင့် စောင့်ကြည့်စစ်ဆေးခြင်းနှင့် သမိုင်းဆိုင်ရာ ပင်လယ်ရေမျက်နှာပြင်တိုင်း ထွာခြင်းတို့အားဖြင့် လေ့လာဆန်းစစ်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့လေထုဆိုင်ရာလေပုံစံနှင့် ပင် လယ်သမုဒ္ဒရာ အပူချိန်မြင့်တက်မှုကဲ့သို့ သော ပြောင်းလဲမှုများကိုဖြစ်ပေါ်စေမည် ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
NCAR မှ သိပ္ပံပညာရှင်တစ်ဦး ဖြစ်သူ ဂျွန်ဖာဆူလိုကမူ လေပုံစံနှင့်သမုဒ္ဒရာ ၏ အပူချိန်ပိုမိုနွေးလာမှုကြားမှ အပြန်အလှန် တုံ့ပြန်မှုက သမုဒ္ဒရာရေမျက်နှာပြင်အမြင့် ကို အချိုးအစားမညီမျှစွာမြင့်တက်ြ
No comments:
Post a Comment