Wednesday, August 11, 2010

. .

ကေအိုင်အိုက ကျဆုံးသွားသူများအတွက် အာဇာနည်နေ့ အခမ်းအနားကျင်းပ

E-mail Print
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ အာဇာနည်နေ့ အခမ်းအနားတစ်ရပ်ကို KIO ဗဟိုဋ္ဌာနချုပ် လိုင်ဇာမြို့ မနောကွင်းရှိ မဂျွယ်ခန်းမ တွင် ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ရာ ပရိတ်သတ် ၁၀၀၀ ကျော်ခန့် တက်ရောက်ကြောင်း သိရသည်။

လိုင်ဇာဒေသခံများနှင့် ကေအိုင်အိုအဖွဲ့မှ ဋ္ဌာနဆိုင်ရာဝန်ထမ်းများက အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ကချင် အမျိုးသား အလံတော်နှင့် ကျဆုံးသွားသော ကချင်အာဇာနည်များအား ဦးညွတ်အလေးပြုကြကြောင်း အခမ်းအနားတက် ရောက်ခဲ့သူ ကချင်အမျိုး သားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ကေအိုင်အို ဗဟိုအုပ်ချုပ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးခါလင်နော်ဂျာနှင့် ဗဟိုပါတီဒုဥက္ကဋ္ဌ ဦးဟင်းဝန်တို့က အခမ်းအနားမှူး နှင့်သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဦးဇော်အောင် နှင့် ဆလံကမ္ဘာဒွဲပီစ တို့က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အကျယ် တ၀င့်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (Photo: The Kachinstate.com)

“အာဇာနည်နေ့ဆိုတာတော့ ကေအိုင်အိုထဲမှာ အရင်တုန်းကတော့မရှိဘူးပေါ့ ၂ရက် ၅လ ၂၀၀၄ ခုနှစ်မှာ ဒီကနေ့ကို အာ ဇာနည်နေ့ အဖြစ်သတ်မှတ်ဖို့ အမိန့်ထုတ်ပြန်လိုက်တာပေါ့ ကျဆုံးသွားတဲ့ ကချင်အာဇာနည် သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ပေါ့” - ဟု သူကပြောသည်။

အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်ကို ဆက်ပြောရာတွင် “တိုင်းပြည် အတွက်အသက်စွန့် အနစ်နာခံခဲ့တဲ့ ကချင်တပ်မတော် သားတွေကို ဒီကနေ့ ကချင်အမျိုးသားတွေကနေပြီးတော့ အတုယူ တန်ဖိုးထားတတ်အောင် အမှတ်ရပြီး လိုက်နာလုပ်ဆောင်တတ် အောင် ရည်ရွယ်ချက်နဲ့ ဒီကနေ့ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပရတာ”- ဟု သူက ပြောသည်။

၁၉၇၅ခုနှစ် သြဂုတ်လ( ၁၀) ရက်နေ့က ကျဆုံးသွားသော ကချင်ပြည်လွပ်လပ်ရေးအဖွဲ့၏ ဥက္ကဌ လထော်ဇော်ဆိုင်း (La Htaw Zau Seng) နှင့် အတူ အတွင်းရေးမှူး (PungShui Zaw Seng) စစ်ရေးတာဝန်ခံ လထော်ဇော်တူး (LaHtaw ZauTu )တို့အား ဂုဏ်ပြု သောအားဖြင့် ထိုနေ့ကိုကေအိုင်အို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ကချင်ဘာသာဖြင့် (ShaReShaGam Nine Htoi) ဟု ခေါ်ဆိုပြီး မြန်မာလို အာဇာနည်နေ့ကို စစ်ဘက်နှင့် အရပ်ဘက်ခွဲ၍ ရက်သတ် မှတ်ခဲ့သည့် ၂၀၀၄ ခုနှစ်မှစ၍ အခမ်းအနားများနှစ်စဉ်ကျင်းပခဲ့ကြောင်း သိရသည်။

၁၉၆၂ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ကချင်တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် လက်နက်ကိုင် တော်လှန်ရန် မျိုးချစ်ကချင်လူငယ်များက ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)ကို စတင်ဖွဲ့စည်းခဲ့သည်။

No comments:

Post a Comment