Friday, August 13, 2010

. .

မိုးကုတ်မြို့မှကြောက်မက်ဖွယ်ရာသီဥတုအပြောင်းအလဲ

မိုးကုတ်မြို့ဟာ တောင်ပေါ်မြို့ဖြစ်တဲ့အတွက် ပုံမှန်အားဖြင့် ရာသီဥတုက အေးပါတယ်။
ဒါပေမယ့် ဒီနှစ်အတွင်းမှာ ရာသီဥတု အပြောင်းအလဲ လေးတွေရှိလာပါတယ်။
မိုးရာသီဆိုရင် ပုံမှန် 24နာရီ မိုးရွာလေ့ရှိပေမယ့် အခုဆိုရင် မိုးတွင်းကြီးနေပူတာတောင်ဖြစ်နေပါတယ်။
ဒါ့အပြင် မိုးရွာလို့ မိုးခြိမ်းတဲ့အခါမှာလည်း ပုံမှန်မဟုတ်ဘဲ ကြောက်စရာကောင်းလှပါတယ်။
လွန်ခဲ့တဲ့ ၁၅ရက်၊ ရက်20လောက်တုန်းကဆိုရင် မိုးကုတ်အရှေ့ပိုင်းသွားတဲ့လမ်းမှာ တစ်ခါမှမကြုံဖူးတဲ့မိုးခြိမ်းသံကြီး ကို ကြားခဲ့ရပါတယ်။ကိုယ့်ကိုတောင် မိုးကြိုးပစ်တော့မှာလားလို့ထင်ခဲ့ရပါတယ်။
ဒီမိုးကြိုးပစ်လိုက်ချိန်မှာ လမ်းဘေးကညောင်ပင်ကြီးကနေ ညောင်ရွက်တွေ တဖွဲဖွဲကျလာပြီး ခွေးတွေတောင်ထွက်ပြေး
ကြပါတယ်။
ဒီလိုပဲလွန်ခဲ့တဲ့ သုံးလေးရက်ကလည်း မိုးကုတ်အနောက်ပိုင်းကျပ်ပြင်မှာ အလားတူ မိုးခြိမ်းသံ၊မိုးကြိုးပစ်သံကြီးကို ကြားရပြန်ပါတယ်။
ဒီမိုးခြိမ်းချိန်မှာ ကျပ်ပြင်သဟာရစာကြည့်တိုက်က Transformar ကြီးမှာ လျှပ်စီးဝင်သွားပြီး မီးချောင်းတစ်ချောင်းတောင် မီးပွင့်သွားတယ်လို့ စာကြည့်တိုက်မှာ ပြု့ပင်ရေးလုပ်နေတဲ့ လက်သမားတစ်ဦးက ပြောပါတယ်။
ဒီမိုးခြိမ်းပြီးနောက်တစ်ရက်မှာလည်း မိုးအသည်းအသန်ရွာတာ 1 နာရီကျော်ကျော်ကြာပါတယ်။
ဒါကြောင့် လမ်းတွေမှာ ရေတွေလျှံပြီး အိမ်တွေထဲကို ရေတွေဝင်ပါတယ်။အချိုကလမ်းပေါ်မှာဆိုရင် ချောင်းကြီးများစီးနေလားလို့ထင်ရအောင်ကို မိုးကအသည်းအသန်ရွာခဲ့ပါတယ်။

No comments:

Post a Comment