Saturday, August 21, 2010

. .

မလေးရှား တွင် တရားမဝင်အလုပ်သမားများအား အထူး ဖမ်းဆီးရေး စတင်တော့မည်



တရားမ၀င် အလုပ်သမားတွေ ကို
အကြီးအကျယ် ဖမ်းတော့မယ် .....


မလေးရှား နိုင်ငံရဲ့အထွတ်အမြတ် ဘာသာရေးပွဲတော် ဖြစ်တဲ့ ဟာရီရာယား ပွာဆာ ပြီးရင်
တရားမ၀င် နိုင်ငံခြား အလုပ်သမားတွေကို အကြီးအကျယ် စီမံချက်ချပြီး ဖမ်းတော့မယ်လို့
လူဝင်မှု ကြီးကြပ်ရေးက ညွှန်ချုပ် ဒါတွတ် အဗ္ဗဒူလ်ရာမန် အော်တိုမန်က ပြောပါတယ်။

"ကျနော်က အကြီးအကျယ် ဖမ်းမယ်လို့ ပြောရင် တကယ် အကြီးအကျယ် ကို ဖမ်းမှာပါ'
လို့သူက မလေးသတင်းစာ ကိုပြောပါတယ်။ ဒီနှစ်ထဲမှာ အော်ပရာစီ အငယ်စား တွေ
အကြိမ်ကြိမ် လုပ်ခဲ့ပြီး တော်တော် များများ ဖမ်းခဲ့တယ်လို့ ဆိုပါတယ်။

အဓိက ထားပြီး ဖမ်းမှာကတော့ အဆောက် အဦလုပ်ငန်းဆိုဒ်တွေ၊ ၀န်ဆောင်မှု လုပ်ငန်း
တွေ စက်ရုံအလုပ်ရုံတွေ နဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေက တရားမ၀င်
အလုပ်လုပ်နေတဲ့
နိုင်ငံခြားသားတွေကို ဖမ်းမှာပါတဲ့။

စိုက်ခင်း တွေ မှာ Plantation Sector ကိုတော့ မလေးရှား နိုင်ငံရဲ့ နိုင်ငံခြားသား
အလုပ်သမား အပေါ် မှီခိုနေရမှု အပေါ် မူတည် ပြီး အခုလုပ်မဲ့ အထူးစီမံချက် ဖမ်းစီး
မှုက ချန်လှပ်ထားမှာပါ လို့ပြောပါတယ်။

ဒီစီမံချက် မှာ အစိုးရ အဖွဲ့အစည်းတော်တော် များများ ပါဝင်မှာ ဖြစ်ပြီး မလေး လ၀က နဲ့
အတူ စည်ပင်တို့၊ ရဲတို့ ပြည်သူ့စစ်တို့ပါမှာ သေခြာပါတယ်။ မလေးရှား လ၀က အနေနဲ့
၂၀၁၀ ပထမ နှစ် ၀က် အတွင်းမှာ အော်ပရာစီပေါင်း ၃၆၈၇ ခုလုပ်ခဲ့ပြီး၊ တရားမ၀င်
နိုင်ငံခြား
အလုပ်သမား တွေခန့်တဲ့ လုပ်ငန်းရှင် ၄၁၃ ဦး ကိုပါဖမ်းစီးခဲ့ပါတယ်။

နိုင်ငံခြား အလုပ်သမားရှာဖွေရေး အေဂျင်စီ (Outsourcing Companies) ၆ခု ကို နံမယ်ပျက်
စာရင်းသွင်းပြီး ၊ကုမ္ပဏီ ၂၁ ခုကို စစ်ဆေးနေပါတယ်။

မှတ်ချက်။ ။ မနေ့ကထုတ်တဲ့ မလေးမေး ညနေပိုင်းသတင်းစာ ခေါင်းကြီး ပိုင်းဆောင်းပါး ကို
မလေးရှား မှာ အလုပ်လုပ်နေတဲ့ ရွှေညီအကိုမောင်နှမတွေ ကိုဝေမျှချင်တဲ့ စေတနာနဲ့
အတိုချုပ် ပြန်ဆိုပါတယ်။

(မလေးရှားမှာ အကြီးအကျယ်ဖမ်းတော့မယ်ဆိုတော့....ပြေးပြေးလွှားလွှားနဲ့ ပုန်းရတော့မယ်ဗျို့။အောင်နိုင်သူတို့နေထိုင်တဲ့ ကွာလာလမ်ပူမြို့ ဒီစာဆရီဟာတာမက်စ် ဆိုတဲ့မြို့လေးနဲ့ပတ်ဝန်းကျင်တ၀ိုက်မှာ တရားမ၀င်နေထိုင်အလုပ်လုပ်သူ စုစုပေါင်း ၅၀၀ ကျော်ရှိပါတယ်။အောင်နိုင်သူပါ အပါအ၀င်ပေါ့။တကယ်လို့ ဘလောက်မှာ စာအသစ်တွေတင်တာ မတွေ့တော့ဘူးဆို အောင်နိုင်သူတစ်ယောက် အဖမ်းခံရပြီးလို့သာမှတ်လိုက်ပါ။)

1 comment:

Co2zeиith said...

ဘရားသားရေ

http://www.co2zenith.com

မှာ မူရင်းအတိုင်းပြန်ရှယ်ထားပါရစေ

Post a Comment