Monday, August 30, 2010

. .

ကမ္ဘာပေါ်က အံ့ဖွယ်အလှတရားများ

Niagara ရေတံခွန် (ကနေဒါ)

အမေရိကန်နိုင်ငံ၊ နယူးယော့်မြို့နဲ့ ကနေဒါနိုင်ငံ၊ Ontario မြို့နှစ်ခုကြားမှာ ခွလျက် တည်ရှိတဲ့ ကြီးမားလှတဲ့ Niagara ရေတံခွန်ကြီးဟာ သူရဲ့ အလှအပနဲ့ အရွယ် အစားကြောင့် ကျော်ကြားတာ ဖြစ်ပါတယ်။ နောက်ဆုံးရေခဲနှစ်အဆုံးမှာ နိမ့်ဆင်းသွားရတဲ့ ရေခဲမြစ်တွေကြောင့် ဖြစ်လာတဲ့ ဒီရေတံခွန်ဟာ အပိုင်းနှစ်ပိုင်း ကွဲနေပါတယ်။ တစ်ပိုင်းက
ကနေဒါနိုင်ငံဘက်က Horseshoe ရေတံခွန် ဖြစ်ပြီး ကျန်တစ်ပိုင်းက အမေရိကန်
နိုင်ငံဘက်က American ရေတံခွန် ဖြစ်ပါတယ်။




Erawan အမျိုးသားဥယျာဉ် (ထိုင်း)

Erawan သစ်တောတွေဟာ ရှဉ့်ပျံ၊ ထိုင်းယုန်၊ ဆင်၊ မျောက်လွှဲကျော် အပါအဝင် အလွန် စိတ်ဝင်စား စရာကောင်းတဲ့ တိရိစ္ဆာန်မျိုးကွဲ ရာပေါင်းများစွာ နေထိုင်ကျက်စားတဲ့ နေရာ ဖြစ်ပါတယ်။ ဒီအမျိုးသား ဥယျာဉ်ဟာ သူ့ရဲ့ အံ့ဩဖွယ်ကောင်းတဲ့ ခုနှစ်ဆင့် ရေတံခွန်ကြီး ကြောင့် ပိုပြီး လူသိများ
ကျော်ကြားတာ ဖြစ်ပါတယ်။ ဒီရေတံခွန်ဟာ မီတာ ၁၅၀၀ ကျော်အထိ စီးဆင်းနေပါတယ်။

ကမ္ဘာ့အံ့ဖွယ်နှစ်ခုထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ အဖြူရောက် အမိုးအခုံး အကြီးကြီးနဲ့ Taj Mahal အဆောက်အအုံကြီးဟာ Shah Jahan ဘုရင်က သူချစ်မြတ်နိုးလှတဲ့ မိဖုရား Mumtaz Mahal အတွက် ဆောက်လုပ်ပေးတဲ့ ဂူဗိမာန်ကြီးပဲ ဖြစ်ပါတယ်။ အဖြူရောင် စကျင်ကျောက်နဲ့ အဆောက်အအုံ အတွင်းပိုင်းနဲ့ အပြင်ပိုင်းမှာ အကွေ့အကောက်၊
အရှုပ်အထွေးနဲ့ ထွင်းထုထားတဲ့ ပုံစံဟာ Muhal ဗိသုကာ ပညာပုံစံတွေထဲက
အကောင်းဆုံး လက်ရာ ပုံစံ တစ်ခု ဖြစ်ပါတယ်။ ဒဏ္ဍာရီအရ Shah Jahan ဟာ
အမည်းရောက် စကျင်ကျောက်နဲ့ လုပ်ထားတဲ့ ဒုတိယဂူဗိမာန် တစ်ခု
ထပ်ဆောက်ချင်ပေမယ့် သူ့သား Aurangzeb က သူ့ကို ထီးနန်းကချပြီး Agra
ခံတပ်အနီးမှာ အကျဉ်းချထားခဲ့တဲ့အတွက် အကောင်အထည် မပေါ်ခဲ့ဘူးလို့ ဆိုပါတယ်။




Buachaille Etivemor တောင်တန်း (စကော့တလန်)

သဘာဝအတိုင်း ပိရမစ်ပုံစံ ဖြစ်တည်နေမှုကြောင့် နာမည်ကျော်ကြားတဲ့ Buachaille Etivemor တောင်ဟာ စကော့တလန်တောင်တန်းဒေသ Glen Etive ရဲ့ ထိပ်ဆုံးမှာ ရှိတဲ့ အကြီးမားဆုံး တောင်ကြီးတစ်ခု ဖြစ်ပါတယ်။ Buachaille Etivemor ဆိုတာကတော့ တိရိစ္ဆာန်အုပ်ကို ထိန်းကျောင်းသူလို့ အဓိပ္ပါယ်ရပါတယ်။ ဒီတောင်တန်းကြီးဟာ
စကော့တလန် တောင်တမ်းဒေသရဲ့ အလှပဆုံး ရှုခင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။

နှင်းဖုံးတောင်တန်းတွေ၊ ရေခဲမြစ်တွေနဲ့ Fjords ဆိုတဲ့ တောင်ချောက်ကမ်းအကြား ပင်လယ်ရေဝင်လမ်းဟာ ရင်သပ်ရှုမောလောက်တဲ့ ကမ္ဘာကြီး၏ အလှပဆုံး အလှတရားတွေကို ဖော်ထုတ်ပြသနေသလိုပါပဲ။ Fjords တွေဟာ ကမ်းရိုးတန်းအနီးက ရေခဲမြစ်ကြောင့် ဖြစ်တဲ့ တောင်ကြားကို ပင်လယ်ရေစီးဝင်လာတဲ့အခါ ဖြစ်ပေါ်လေ့ ရှိပါတယ်။




Dubrovnik (ခရိုအေးရှား)

Dubrovinir ရှေးဟောင်းမြို့တော်ဟာ ကမ္ဘာပေါ်က အကောင်းဆုံး မြို့တံတိုင်းတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်တဲ့ မြို့တံတိုင်းတွေကြောင့် ထင်ရှားကျော်ကြားပါတယ်။ Dubrovinik ရှေးဟောင်း မြို့တော်ဟာ အလွန်ဆွဲဆောင်မှုရှိတဲ့အတွက် ယူနက်စကိုက ရှေးဟောင်း အမွေအနှစ် တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

THE GITANT’S CAUSEWAY (မြောက်အိုင်ယာလန်)

ရှေးနှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုကြောင့် မြောက်အိုင်ယာလန် ပင်လယ်ကမ်းရိုးတန်းမှ မီးတောင်ချော် ကျောက်တိုင်ပေါင်း လေးထောင်ကျော် ရင်သပ်ရှုမော လောက်အောင် တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ပြီး တာရိုးအကွက်တွေလို တည်ရှိနေပါတယ်။ ဒါကြောင့်လည်း The Gitant’s Causeway လို့ နာမည်တွင်ခြင်း
ဖြစ်ပါတယ်။ အဲဒီနေရာကို ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်
နေရာတစ်ခုအဖြစ် ၁၉၈၆ ခုနှစ်က သတ်မှတ်ခဲ့ပါတယ်။




TABLE MOUNTAIN (တောင်အာဖရိက)

တိမ်လွှာ ပါးပါးလေးနဲ့ ဖုံးအုပ်နေတဲ့ အခါမှာ ဖြစ်စေ၊ တိမ်တောင်တိမ်တိုက်တွေနဲ့ ဖုံးအုပ်နေပြီး အစက်အပြောက်လေးအဖြစ် မြင်ရတဲ့ အခါမှာ ဖြစ်စေ၊ တိမ်ကင်းစင်ပြီး ရှင်းရှင်းလင်းလင်း မြင်ရတဲ့အခါမှာ ဖြစ်စေ၊ Table Mountain ဟာ ထမင်းစား စားပွဲနဲ့တူတဲ့ ရှည်ရှည်မျောမျော တောင်ထိပ်ကြောင့်
ဘယ်တော့မှ ရှုမငြီးနိုင်ဘဲ ကြည့်လိုက်တိုင်း စိတ်နှလုံးကို
ကြည်နူးစေနိုင်ပါတယ်။

No comments:

Post a Comment