Tuesday, August 17, 2010

. .

ပဲရစ်ဟီလ်တန်အား ဆံပင်အလှပြုပြင်ရေးလုပ်ငန်းက တရားစွဲဆို

ဟိုတယ်အမွေခံ သန်းကြွယ်သူဌေးမလေးသည် ဆံပင်ဆက် အလှပြင်မှုကို ၎င်းတို့နှင့် သဘောတူထားပြီးမှ ပြိုင်ဖက်ကုမ္ပဏီတစ်ခုနှင့် ဆံပင်အလှပြင်ခဲ့ခြင်းကြောင့် ကုမ္ပဏီအတွက် နစ်နာစေခဲ့ကြောင်း Hair Techကုမ္ပဏီက စွပ်စွဲထား
Posted on Aug 13 10 - 03:08 PM | Hits : 2268
ပဲရစ်ဟီလ်တန်အား ဆံပင်အလှပြုပြင်ရေးလုပ်ငန်းက တရားစွဲဆို

ပဲရစ်ဟီလ်တန်အား လော့စ်အန်ဂျလိစ်ရှိ ဆံပင်အလှပြုပြင်ရေး လုပ်ငန်းကြီးတစ်ခုက တရားစွဲလိုက်ကြောင်း သိရသည်။ ဟိုတယ်အမွေခံ သန်းကြွယ်သူဌေးမလေးသည် ဆံပင်ဆက် အလှပြင်မှုကို ၎င်းတို့နှင့် သဘောတူထားပြီးမှ ပြိုင်ဖက်ကုမ္ပဏီတစ်ခုနှင့် ဆံပင်အလှပြင်ခဲ့ခြင်းကြောင့် ကုမ္ပဏီအတွက် နစ်နာစေခဲ့ကြောင်း Hair Techကုမ္ပဏီက စွပ်စွဲထားသည်။ လင်းဆေးသည် ကုမ္ပဏီနှင့် ဆံပင်ဆက် အလှပြင်မှု ကြော်ငြာပေးရန် သဘောတူထားခဲ့သော်လည်း မဂ္ဂဇင်းများတွင် သူမဓာတ်ပုံ အရိုက်ခံထားသည့် ပုံများအတွင်း ဆံပင်ပုံစံကို မိမိတို့၏ပြိုင်ဖက်က ဖန်တီးထားခြင်းဖြစ်ကြောင်း Hair Techက ပြောကြားခဲ့သည်။ ယင်းအတွက် Hair Techက ပဲရစ်ထံမှ နစ်နာကြေး ပေါင်စတာလင် (၂၂)သန်း ရရှိလိုကြောင်း လော့စ်အန်ဂျလိစ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။ ပဲရစ်သည် Hair Techနှင့် (၂၀၀၂)ခုနှစ်က စာချုပ်ထားပြီး ကုမ္ပဏီ၏ ဆံပင်ဆက်မည့် အရောင်(၁၀)ခုစာ ထုတ်ကုန်များအတွက် ကြော်ငြာပေးရန် သဘောတူထားသည်။ ထိုဆံပင်အရောင်များတွင် ပဲရစ်၏ အမည်ကို အစွဲပြုကာ ထုတ်လုပ်ထားသည့် Paris Blondeအမည်ရှိ အရောင်လည်း ပါဝင်သည်။ ပဲရစ်သည် ဆံပင်ဆက်မှု ပြုလုပ်ရာတွင် အသုံးဝင်သော ပစ္စည်းများ ပါဝင်သည့် The Banditအမည်ရှိ အလှကုန်ပစ္စည်းထည့်သော အိတ်ကလေးများကို ကြော်ငြာပေးရန်လည်း သဘောတူညီခဲ့ကြောင်း သိရသည်။ သို့သော်လည်း ပဲရစ်သည် အရက်မူးပြီး ကားမောင်းခြင်းကြောင့် ထောင်ကျခဲ့မှုများ အပါအ၀င် အရှုပ်အထွေးများဖြင့် ကုမ္ပဏီအတွက် ကြော်ငြာကဏ္ဍကို ထိထိရောက်ရောက် မဆောင်ရွက်ပေးနိုင်ခဲ့ချေ။ ထို့အပြင် နောက်ပိုင်းတွင် အခြားကုမ္ပဏီတစ်ခုနှင့် ဆံပင်အလှဆင်မှုအတွက် စာချုပ်ခဲ့ခြင်းကြောင့် Hair Tech၏ ထုတ်လုပ်ထားသော ကုန်စည်များအတွက် ပေါင်စတာလင် (၄.၂)သန်းဖိုးမျှ ဆုံးရှုံးသွားကြောင်းလည်း ကုမ္ပဏီက စွပ်စွဲပြောဆိုထားသည်။

Source: DailyMail

No comments:

Post a Comment