
ဒက္ကားလေဆိပ်
လွန်ခဲ့သော စနေနေ့ ညဥ့် ၁၁ နာရီ ၅၅ မိနစ်တွင် မြန်မာ သံအမတ် ဦးဖေသန်းဦးနှင့် ဇနီးတို့သည် ထိုင်းနိုင်ငံမှ တဆင့် ဘင်္ဂလာ လေကြောင်းလိုင်း BG 088 ဖြင့် ဒက္ကားသို့ လာရောက်စဉ် ယခုကဲ့သို့ ဘတ်အိတ်များကို မွေနှောက် စစ်ဆေးခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ယနေ့ထုတ် ဘင်္ဂလီ သတင်းစာ The Amardesh က ဖေါ်ပြရေးသားရာတွင် မြန်မာသံအမတ်ကြီး အိတ်များကို Scan ဖြင့် စစ်ဆေး အပြီးတွင် မသင်္ကာသဖြင့် အိတ်များအားလုံးကို ဖွင့်ကာ အကောက်ခွန်ဌာက စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဖေါ်ပြသည်။
မြန်မာ သံအမတ် ဦးဖေသန်းဦးနှင့် အိတ်များကို ဖွင့်၍ စစ်ဆေးသူ တာဝန်ကျ အကောက်ခွန်အရာရှိ ချော်ဟေဒူလာတို့ အကြား အချေအတင် စကားများခဲ့ကြသည်ဟု သိရသည်။
နောက်ပိုင်းတွင် မြန်မာ့ သံအမတ် ဦးဖေသန်းဦးက ယခုကဲ့သို့ နိုင်ငံခြား သံတမန် တဦး၏ အိတ်များကို မွေနှောက် ရှာဖွေမူကို ကန့်ကွက်ခဲ့သဖြင့် ဒက္ကားလေဆိပ် အကောက်ခွန်ဌာ အကြီးအကဲ ကိုယ်တိုင် လာရောက် ဖြေရှင်းခဲ့ရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘင်္ဂလာ အကောက်ခွန်ဌာန အရာရှိကြီးမှ မြန်မာ သံအမတ်အား တောင်းပန်ခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ နိုင်ငံခြား သံအမတ်ကြီး တစ်ဦး၏ ဘတ်အိတ်များကို မွေနှောက် ရှာဖွေခံရမူမှာ ဒက္ကား လေဆိပ်တွင် ပထမဆုံကြိမ်ဖြစ်ပြီး အဆိုပါ လုပ်ရပ်ကြောင့် မြန်မာသံအမတ်ကြီးကို အထူး အရှက်ရစေခဲ့သည်ဟု သိရသည်။
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။
No comments:
Post a Comment