Monday, August 9, 2010

. .

ချင်းတောင်တွင် ဆတ်၊ ချေ တောနေသတ္တဝါများ ရှားပါးလာသဖြင့် ထိန်းသိမ်းရန်လို





ရန်ကုန်၊ဇူလိုင်၆၊၂ဝ၁ဝ ချင်းတောင်ပေါ်ရှိ တောတောင်များ၌ ဆတ်၊ ချေ(ဂျီ)၊ တောင်ဆိတ်များ ကျက်စားလျက် ရှိနေသေး သော်လည်း၊ တဖြည်းဖြည်း အကောင်ရေ နည်းပါးလာ ပြီး၊ ရှားပါးလာသဖြင့် ထိန်း သိမ်းတားမြစ်ရန်လိုအပ်နေ ပြီဖြစ်ကြောင်း ဒေသခံတစ် ဦးက ပြောပါသည်။ဟိုတုန်းက ချင်း တောင်ပေါ်မှာ ချေ၊ ဆတ်၊ သမင်၊ တောင်ဆိတ် တော် တော်ပေါတယ်။ အခုတော့ တော်ကောင်သားကောင်တွေ ရဲ့ ချိုအနွယ်၊ အရေ၊ အ သား၊ ဈေးကောင်းရောင်း လာရတဲ့အခါ အမဲလိုက် တဲ့သူတွေ မဆင်မခြင်သတ် ဖြတ်လာတယ်။ တချို့ အ ကောင်ပေါက်တွေပါ ဖမ်း ပြီး ရောင်းနေတယ်။ နောက် ပြီး အမဲလိုက်တဲ့သူတွေက တောတောင်တွေ မီးရှို့ပြီးအမဲလိုက်တာမျိုးလည်း ရှိ တယ်။
အဲဒါကြောင့် တော ကောင်တွေ နေစရာရှား ပါးလာပြီး၊ အကောင်ရေ နည်းပါးလာတယ် ဟု ထို ဒေသခံက ပြောပါသည်။ချင်းတောင် ပေါ်တွင် လွန်ခဲ့သည့် လေး၊ငါး၊ဆယ် နှစ်ပိုင်းမှစတင်၍ တော ကောင်သားကောင် အရိုး၊ အရေဝယ်ယူသူဦးရေတိုးပွား လျှက်ရှိသည်။ ချေ(ဂျီ)သား ရေဆိုလျှင် မန္တလေးဘက် မှ ရသလောက်ဝယ်ယူမှုရှိ နေကြောင်း သိရသည်။ ထို့အပြင် ချင်းတောင်ပေါ် ကားနားစခန်းများနှင့် ချင်း တောင်ပေါ်မြို့ များမှ ထမင်း ဆိုင်၊ စားသောက်ဆိုင်များ တွင် တောကောင်သား ဟင်းလျာကို ဆိုင်တိုင်း၌ ရ ရှိနိုင်ပြီး စားသုံးသူပေါများ လျက်ရှိသည်။ ဆတ်သား မီးကင်ခြောက်၊ ချေသား တို့ကို အလွယ်တကူဝယ် ယူရရှိနိုင်သည်။ချင်း တောင်ပေါ်မှာ အမဲလိုက်တာက ထုံးစံတစ် ခုလိုဖြစ်နေတာ၊ ရွာတိုင်း မှာ မုဆိုးလေး၊ငါးယောက် ရှိတယ်။
အခုလို တော ကောင်သားကောင် ပစ္စည်း အဝယ်လိုက်လာတဲ့အခါ သူ တို့ကလည်း စီးပွားရေးလုပ် ငန်းတစ်ခုလို လုပ်ကိုင်လာ ကြတယ်။ ချင်းတောင်မှာ မုဆိုးကများပြီး သားကောင် ကနည်းလာနေလို့ နောက် ပိုင်း မျိုး သုဉ်းပျောက်ကွယ် မှာတောင် ကြောက်ရ တယ် ဟု ဖလမ်းမြို့ မြို့ခံ တစ်ဦးက ပြောပါသည်။
သခင်မျိုး


No comments:

Post a Comment