
ဓာတ်ပုံ AP
မြောက်ကိုရီးယား Sinuijiu မြို့က အိမ်တချို့နဲ လယ်ယာမြေတချို့ ရေလွှမ်းခံနေရပုံ (သြဂုတ် ၂၁၊ ၂၀၁၀)
တရုတ်နိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံနယ်စပ်က ရာလူးမြစ်ရေဟာ မြစ်ကမ်းပါးကို ကျော်လွန်ပြီး ရေလျှံတာကြောင့် မြို့တွေရွာတွေ ရေဖုံးလွှမ်းနေပါတယ်။ ဒန်ဒွန်းမြို့မှာ အိမ်တွေထဲ ရေတွေဝင်၊ လမ်းတွေကို ရေဖုံးလွှမ်းလို့ လူပေါင်း ၅၁,၀၀၀ လောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းထားရတယ်လို့ တရုတ်အစိုးရရဲ့ စင်ဝှါသတင်းက အစီရင်ခံပါတယ်။
ဒန်ဒွန်းမြို့ရဲ့ မြစ်တဘက်ကမ်း မြောက်ကိုရီးယားနိုင်ငံရဲ့ ရှင်ဝီဂျူးမြို့ နဲ့ အနီး ပတ်ဝန်းကျင် ဒေသတွေလည်း ရေဖုံးလွှမ်းမိုးမှုနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပြီး စစ်သားတွေရော အရပ်သားတွေပါ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဝိုင်းဝန်း လုပ်ဆောင်နေကြရတယ်လို့ မြောက်ကိုရီးယားအစိုးရရဲ့ ကိုရီးယားဗဟို သတင်းဌာန KCNA က ပြောပါတယ်။
ဒေသစံတော်ချိန် ညသန်းခေါင်ကနေ မနက် ၉ နာရီအထိ အချိန်အတွင်းမှာ မိုးရေချိန် ၁၂ လက္မ ကျော်အောင် ရွာသွန်းခဲ့တယ်လို့ KCNA သတင်းကပြောပါတယ်။ အခုလပိုင်းတွေအတွင်း မြောက်ကိုရီးယားမှာ ရေဖုံးလွှမ်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေလို့ အိမ်တွေ၊ ကားလမ်းတွေ၊ မီးရထားလမ်းတွေ၊ လယ်ယာမြေတွေ ရေထဲပါသွားခဲ့ရပြီး အရေအတွက် ဘယ်လောက်မှန်း မပြောနိုင်တဲ့လူတွေလည်း သေဆုံးသွာရတယ်လို့ KCNA သတင်းမှာ ကြေညာပါတယ်။
No comments:
Post a Comment