Friday, August 20, 2010

. .

အကြံကောင်းတော့ တစ်ချက်ပဲ

နယူးယောက်- အသက်ရှစ်နှစ်အရွယ်ရှိ မိန်းကလေး တစ်ဦးသည် သူမ၏မိသားစုအတွင်း မျိုးဆက်နှစ်ဆက် ခန့် အသုံးပြုခဲ့သော ဆံပင်လိမ်းဆေးဆီအား စီးပွားဖြစ် ထုတ်လုပ်ရောင်းချရန် အကြံရှိခဲ့ရာမှတစ်ဆင့် ယခုအခါ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅၀ç၀၀ç၀၀ ခန့်ဝင် ငွေရနေသော လုပ်ငန်းရှင်လေးတစ်ဦးဖြစ်လာခဲ့ကြောင်း သိရသည်။
လီနာအာချာဆိုသည့်မိန်းကလေးသည် ယခု အခါ အသက်(၁၄)နှစ်အရွယ်ရှိ အထက်တန်းကျောင်း သူတစ်ဦးဖြစ်ပြီး စင်ကာပူတွင်ကျင်းပသော စည်းဝေးပွဲ တစ်ခုတွင် အောင်မြင်မှုတံခွန်ထူနိုင်သောလူငယ်တစ်ဦး ဖြစ်အောင်လုပ်နည်းခေါင်းစဉ်ဖြင့် သူမအနေဖြင့် မည် ကဲ့သို့ အကြံကောင်းဥာဏ်ကောင်းရခဲ့သည်ကို ဆွေးနွေး ပြောဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
လီနာအာချာသည် အသက်ရှစ်နှစ်သမီးအရွယ် က သူမ၏ အုံထူ၍ ရှင်းလင်းတောက်ပနေသောဆံပင် များနှင့်ပတ်သက်၍ တွေ့သည့်လူတိုင်းက ''ဒီလောက် ဆံပင်ကောင်းတာဘယ်အလှကုန်သုံးလို့လဲ''ဟူ၍ မကြာ ခဏ မေးလာတတ်ကြသည်။ လီနာ၏ အဘိုးအဘွား များမှာ ဟေတီဇာတိဖြစ်ပြီး ၎င်းင်းတို့မျိုးရိုးအစဉ်အဆက် သဘာဝပစ္စည်းများပါဝင်ရောစပ်ထားသော ခေါင်းလိမ်း ဆီကိုသာ အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ထိုသို့မေးမြန်းခံ ရမှုမှတစ်ဆင့် လီနာသည် သူမတို့မိသားစုအသုံးပြုသည့် ခေါင်းလိမ်းဆီမွှေးအား စီးပွားဖြစ်ထုတ်လုပ်ရောင်းချ ရန် အကြံရခဲ့ခြင်းဖြစ်သည်။ လီနာက သူမ၏အကြံအား ကွန်ပျူတာအင်ဂျင်နီယာဖခင်နှင့် လူမှုရေးဝန်ထမ်းမိခင် တို့အား ဖွင့်ဟပြောကြားခဲ့သော်လည်း မိဘနှစ်ပါးက သူမအကြံမှာအကြံကောင်းဖြစ်သော်လည်း ကောလိပ် ကျောင်းပြီးမှသာ ထိုအကြံအစည်ကို အကောင်အထည် ဖော်ရန် အကြံပြုခဲ့ကြသည်။
လီနာက သူမ၏အကြံကို အကောင်အထည် ဖော်ရန် စောင့်ဆိုင်းနေချင်သူမဟုတ်ဟုဆိုသည်။ ထို့ ကြောင့် လီနာသည် ခေါင်းလိမ်းဆီနှင့်ပတ်သက်၍ ဈေး ကွက်စမ်းသပ်ရန်အတွက် အဘွားဖြစ်သူက ခေါင်းလိမ်း ဆီတစ်ခါဖော်စပ်ပါက ဘူးလေးများနှင့် အနည်းငယ်စီ ထည့်၍ သူငယ်ချင်းများကိုနမူနာပေးခဲ့သည်။ သူမ၏ ခေါင်းလိမ်းဆီကိုအသုံးပြုသူတိုင်းက ကြိုက်နှစ်သက်ကြ သည့်အတွက် ထပ်မံတောင်းဆိုသူများပြားလာခဲ့သည်။ သူမ၏မိဘများမှာ အစပိုင်းက သိရှိခြင်းမရှိသော်လည်း အိမ်သို့ ခေါင်းလိမ်းဆီအမှာစာများ တစ်ပုံတစ်ပင်ရောက် လာမှပင် သတိထားမိခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှသာ သူမ၏မိဘတို့က သူမ၏လုပ်နိုင်သည့်အစွမ်းကို နား လည်သဘောပေါက်လာခဲ့ပြီး သူမ၏ထုတ်ကုန်အတွက် မှတ်ပုံတင်ရန်အကူအညီပေးခဲ့ကြသကဲ့သို့ ၀က်ဘ်ဆိုက် တစ်ခုထူထောင်ကာ သူမ၏ကုန်ပစ္စည်းကို ရောင်းချစေ သည်။
အစပထမတွင် လီနာက ခေါင်းလိမ်းဆီတစ်မျိုး တည်းကိုသာ ထုတ်လုပ်ခဲ့သော်လည်း တစ်စတစ်စဖြင့် ခေါင်ရန်း၊ ထောပတ်၊ မက်မွန်ဆီ စသည်တို့ဖြင့် ကုန် ပစ္စည်းအမျိုးပေါင်း ၁၄မျိုးအထိ ထုတ်လုပ်လာခဲ့သည်။ သူ၏ထုတ်ကုန်များအား ဥရောပ၊ ဂျပန်နှင့် စင်ကာပူ အပါအ၀င် ကမ္ဘာတစ်လွှားမှဖောက်သည်တို့က အင် တာနက်မှတစ်ဆင့် ၀ယ်ယူခဲ့ကြခြင်းဖြစ်သည်။ မကြာ သေးမီက အမေရိကန်တစ်လွှားရှိ ကျန်းမာရေးနှင့်ညီ ညွတ်သော စားသောက်စရာဆိုင်များနှင့် အလှပြင်ဆိုင် များတွင်ပါ သူမ၏ကုန်ပစ္စည်းများကိုတင်၍ ရောင်းချ လာခဲ့ကြောင်း သိရသည်။

No comments:

Post a Comment