အယ်လ်ဘမ်(၂)ခုကြားမှာ အချိန်(၂)နှစ်လောက် ကြာသွားပေမယ့် ဆက်ပြီးအားပေးနေတဲ့ ပရိသတ်ကတော့ ကျေးဇူးတင်စရာ ကောင်းပါတယ်
Posted on Aug 09 10 - 02:44 PM | Hits : 256
လောကကြီးအတွက် ကိုယ့်ဘ၀ကို အသုံးချပါ၊ ကိုယ့်ဘ၀အတွက် လောကကြီးကို အသုံးမချပါနဲ့။ (အောင်နိုင်သူ)
အတန်ငယ် ငြိမ်ချက်သား ကောင်းနေပြီးနောက် တေလာဆွစ်ဖ်တစ်ယောက် ဂီတလောကတွင် ပြန်လည်လှုပ်ရှားလာပြီဖြစ်သည်။ ဆယ်ကျော်သက် အမေရိကန် ကြယ်ပွင့်လေးက သူမ၏ အယ်လ်ဘမ်သစ် Speak Nowကို အောက်တိုဘာ (၂၅)ရက်နေ့တွင် စတင်ဖြန့်ချိတော့မည်ဟု အတည်ပြု ကြေညာခဲ့သည်။ ယင်းမှာ (၂၀၀၉)ခုနှစ်၏ အရောင်းရဆုံး အယ်လ်ဘမ်ဖြစ်ခဲ့သည့် Fearless ထွက်ပေါ်လာပြီး (၂)နှစ်မျှ အကြာမှ ထွက်လာမည့် အယ်လ်ဘမ်လည်းဖြစ်သည်။ မကြာသေးမီက နက်ရှ်ဗီးလ်မြို့လယ်ရှိ ကွန်ဒိုတွင် အခန်းတစ်ခန်းဝယ်ကာ နေထိုင်လျက်ရှိသည့် အသက်(၁၉)နှစ်အရွယ် တေလာက အယ်လ်ဘမ်သစ်တွင် ပါဝင်မည့် သီချင်းသစ် Mineကို ဩဂုတ် (၁၆)ရက်နေ့တွင် ရေဒီယိုမှ စတင်ထုတ်လွှင့်သွားဖွယ် ရှိနေကြောင်း ပြောကြားသွားသည်။ “Speak Nowမှာပါတဲ့ သီချင်းတွေက ကျွန်မဖြတ်သန်းနေရတဲ့ ပတ်ဝန်းကျင် အတွေ့အကြုံတွေကို ရေးထားတာပါ။ ဒါကြောင့် နားထောင်တဲ့ လူတွေကြားမှာ အမြင်ကွဲတာ၊ အဓိပ္ပါယ်ကွဲတာလေးတွေ ရှိနိုင်ပါတယ်။ ကျွန်မရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်မဘာတွေ တွေးနေတယ်၊ ကျွန်မဘယ်လို ရှင်သန်နေတယ်ဆိုတာ ပုံဖော်ပြဖို့ပါ။ အယ်လ်ဘမ်(၂)ခုကြားမှာ အချိန်(၂)နှစ်လောက် ကြာသွားပေမယ့် ဆက်ပြီးအားပေးနေတဲ့ ပရိသတ်ကတော့ ကျေးဇူးတင်စရာ ကောင်းပါတယ်”ဟု တေလာက ပြောကြားခဲ့သည်။ တေလာသည် အယ်လ်ဘမ်ထွက်ရှိပြီးချိန်တွင် နယ်လှည့်ဖျော်ဖြေပွဲ အစီအစဉ်တစ်ခု ရေးဆွဲထားကြောင်း အတည်ပြုခဲ့သော်လည်း မည်သည့်နေ့တွင် ရည်ရွယ်ထားသည်ဆိုသော အချက်ကိုမူ တိတိကျကျ ပြောဆိုခဲ့ခြင်းမရှိချေ။
No comments:
Post a Comment