Monday, August 9, 2010

. .

ဟူးကောင်း ချိုင့်ဝှမ်းတစ်ခုလုံးကို ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်


PDF Print E-mail

မြန်မာနိုင်ငံရှိ ဟူးကောင်းချိုင့်ဝှမ်း တစ်ခုလုံးကို ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ကျားမျိုးနွယ်ထိန်းသိမ်းရေးအဖွဲ့နှင့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ (Panthera and Wildlife Conservation Society) တို့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

ဟူးကောင်းချိုင့်ဝှမ်း တစ်ခုလုံးကို ကျားထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ကြေညာမည် ဖြစ်ကြောင်း မြန်မာနိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများက သြဂုတ်လ ၃ ရက်နေ့တွင် ပြောကြားခဲ့သည်ကို ကိုးကားပြီး ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာပေါ်တွင် ကျားကောင်ရေ လက်ရှိ၌ ၃၀၀၀ ၀န်းကျင်သာ ကျန်ရှိတော့ကြောင်းနှင့် ၁၉၉၈ ခုနှစ်၌ ကောင်ရေ ၅၀၀၀ မှ ၇၀၀၀ ကြားရှိခဲ့ကြောင်း သိရသည်။

မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘော ဒီးယားနှင့် ဗီယက်နမ် နိုင်ငံတို့တွင် ၁၉၉၈ ခုနှစ်က ကျားကောင်ရေ ၁၂၀၀ ၀န်းကျင်ခန့် ရှိခဲ့သော်လည်း ယခုအခါကောင်ရေ ၃၅၀ ခန့်သာရှိတော့ကြောင်းနှင့် အများစုမှာ မြန်မာ နှင့် ထိုင်းနိုင်ငံတို့တွင် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ ကျားကောင်ရေများကို ကာကွယ်ထိန်းသိမ်းမှုများ မပြုလုပ်ပါက လာမည့် ၂၀၂၂ ခုနှစ် တွင် မျိုးသုဉ်း ပျောက်ကွယ်သွားနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားသည်။


ကမ္ဘာပေါ်၌ ကျားကောင်ရေ ကျဆင်းလာရသည့် အကြောင်းရင်းများထဲတွင် ကျားရိုး၊ ကျားစွယ်သည် ဆေးဖက်ဝင်သည်ဟု ယုံကြည်ကာ တရုတ်ရိုးရာတိုင်းရင်းဆေးများ၌ ထည့်သွင်းသုံးစွဲမှု များပြားလာခြင်း နှင့် လူနေထိုင်မှု ချဲ့ထွင်လာမှုကြောင့် ကျားများအတွက် နေထိုင်ကျက်စားရာ နယ်မြေကျဉ်းမြောင်း လာခြင်းတို့လည်း ပါဝင်သည်ဟု ...

အဆိုပါနိုင်ငံများတွင် လက်ရှိ၌ တစ်နိုင်ငံလျှင် ကျားကောင်ရေ ၃၀ ၀န်းကျင်သာ ရှိတော့သည်ဟု ခန့်မှန်းထားသည်။

ကမ္ဘာပေါ်၌ ကျားကောင်ရေ ကျဆင်းလာရသည့် အကြောင်းရင်းများထဲတွင် ကျားရိုး၊ ကျားစွယ်သည် ဆေးဖက်ဝင်သည်ဟု ယုံကြည်ကာ တရုတ်ရိုးရာတိုင်းရင်းဆေးများ၌ ထည့်သွင်းသုံးစွဲမှု များပြားလာခြင်း နှင့် လူနေထိုင်မှု ချဲ့ထွင်လာမှုကြောင့် ကျားများအတွက် နေထိုင်ကျက်စားရာ နယ်မြေကျဉ်းမြောင်းလာခြင်းတို့လည်း ပါဝင်သည်ဟု သိရသည်။

ယခုကဲ့သို့ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်နိုင်ခြင်းသည် ကမ္ဘာပေါ်တွင် မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ်ရှိနေသော မျိုးစိတ်တစ်ခုဖြစ်သည့် ကျားများကို ကယ်တင်ရာတွင် အောင်မြင်သည့် ခြေလှမ်းတစ်ခုအဖြစ် သတ်မှတ်နိုင်သည်ဟု ဆိုနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ရှိသော ဟူးကောင်းချိုင့်ဝှမ်းကျား ထိန်းသိမ်းရေးဒေသသည် ဧရိယာ စတုရန်းမိုင်ပေါင်း ၈၄၅၂ ခန့် ကျယ်ဝန်းကြောင်းသိရသည်။ ၂၀၀၄ ခုနှစ်တွင် ဟူးကောင်းချိုင့်ဝှမ်း၏ စတုရန်းမိုင် ၂၅၀၀ ကို ဘေးမဲ့တောအဖြစ် အစိုးရကသတ်မှတ်ခဲ့သည်။

အသစ်သတ်မှတ်ချက်အရ ဘေးမဲ့တောဧရိယာသည် ၆၇၄၈ စတုရန်း မိုင်ရှိလာမည်ဖြစ်ပြီး ၄၂၄၈ စတုရန်းမိုင် ပိုမိုကျယ်ဝန်းလာမည် ဖြစ်သည်။

ယင်းဘေးမဲ့တောတွင် တောရိုင်းတိရစ္ဆာန် လေ့လာလိုသူများအနေဖြင့် ကျားအပြင် ကျားသစ်၊ အင်း ကျား၊ ဆင်၊ ၀က်ဝံ၊ တောကျွဲ၊ ပြောင်၊ ဆတ်၊ ဂျီ၊ တောကြောင်မျိုးများ၊ မျောက်မျိုးများ၊ တောဆိတ်၊ တောင်ဆိတ်အပါအ၀င် နို့တိုက်သတ္တ၀ါ ၃၅ မျိုး၊ ငှက်မျိုးစိတ် ၃၀၀ ကျော်၊ ဖားမျိုး ၄၆ မျိုး၊ ရေချို ငါးမျိုးစိတ် ၃၇ မျိုး၊ လိပ်မျိုးလေး မျိုးအပြင် လိပ်ပြာအမျိုးမျိုး လေ့လာ နိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အင်ဒိုချိုင်းနားကျားနှင့် ဘင်္ဂလားကျား နှစ်မျိုး ကျက်စားပြီး ကျားကောင်ရေအများစု ကို ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ ထမံသီ ဘေးမဲ့တောနှင့် တနင်္သာရီတိုင်းတို့တွင် တွေ့ရှိနိုင်ကြောင်း သိရသည်။

No comments:

Post a Comment