| ||
![]() ယင်းသို့ဖမ်းဆီးရမိသောကြွက် များကိုသာမက အခြားကူးစက်ရောဂါပြန့် ပွားစေနိုင်သည့် ခွေးလေခွေးလွင့်၊ ကျီးကန်း အစရှိသည့်တိရစ္ဆာန်များကို အဓိကထား၍ ရှင်းလင်းသုတ်သင်နေပြီး ၄င်းတို့တွင် ထူး ခြားသော ကူးစက်ရောဂါ ဖြစ်ပေါ်မှုရှိမရှိကို စဉ်ဆက်မပြတ် စစ်ဆေးမှုများပြုလုပ်နေ ကြောင်း သိရသည်။ ''လူကိုကူးစက်ပြီး အန္တရာယ်ရှိ စေနိုင်တဲ့အကောင်တွေကို ဦးစားပေးအနေ နဲ့ ရှင်းလင်းသုတ်သင်မှုပြုတယ်။ အခုဆိုရင် တချို့ဈေးတွေမှာ ကြွက်တွေအုပ်လိုက်ကျ လာတဲ့အတွက် အရင်ကထက်ပိုပြီးသန့်ရှင်း အောင် လုပ်ဆောင်နေရတယ်''ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။ ဈေးကြီးများတွင် တစ်လလျှင် တစ်ကြိမ်ခန့် ကြွက်၊ ခွေးလေခွေးလွင့်နှင့် ကျီးကန်း အစရှိသည့် တိရစ္ဆာန်များကို မြို့ တော်စည်ပင်ရှိဈေးများဌာနနှင့် တိရစ္ဆာန် ဆေးကုနှင့်သားသတ်ဌာနတို့ပူးပေါင်းဆောင် ရွက်ကာ နှိမ်နင်းလျက်ရှိကြောင်း သိရသည်။ ဆက်လက်၍ ဈေးကြီးတစ်ဈေး မှ ဈေးဌာနမှူးတစ်ဦးကလည်း ''ဥပမာ သီရိမင်္ဂလာလိုဈေးမျိုးတွေမှာ ကြွက်သိပ်မ ဖမ်းမိဘဲ အောက်မှာမြေကြီးပေါ်မှာ တည် ထားတဲ့ဈေးမျိုးတွေမှာ ကြွက်များများဖမ်း မိတယ်၊ ခွေးနဲ့ကျီးကန်းအရေအတွက်က တော့ နည်းပါတယ်''ဟု ဆိုသည်။ ယင်းကဲ့သို့ ဖမ်းဆီးရမိသည့် တိရစ္ဆာန်များကို တစ်လတစ်ကြိမ် စာရင်း ပြုစုထားကြောင်း ဖမ်းမိသည့်ပမာဏတစ် ကြိမ်ထက်တစ်ကြိမ် ပိုလျော့ကျစေရန် အဓိကထား ရည်ရွယ်လုပ်ဆောင်သည်ဟု သိရသည်။ ''ကျီးကန်းကိုတော့ မြို့ထဲက ဈေး တွေမှာ လိုက်ရှင်းတာပိုများတယ်။ ဈေးတွေ အနေနဲ့ ရောဂါဘယတွေကို ကြိုတင်ကာ ကွယ်မှုလုပ်တဲ့အနေနဲ့ သား၊ ငါးတန်းတွေမှာ ထုံးဖြူးတာ၊ အနံ့ပျောက်ဆေးရည်(ဖနီး) ဖြန်းတာတွေ အမြဲလုပ်ဆောင်နေတယ်''ဟု ဆက်လက်ပြောသည်။ ရန်ကုန်မြို့တော်စည်ပင်သာ ယာလက်အောက်ရှိ ဈေးပေါင်း၁၆၈ဈေး ရှိပြီး ခရိုင်လေးခုခွဲခြားထားကာ ဆောင် ရွက်နေသည်ဟု သိရသည်။ | ||
|
လောကကြီးအတွက် ကိုယ့်ဘ၀ကို အသုံးချပါ၊ ကိုယ့်ဘ၀အတွက် လောကကြီးကို အသုံးမချပါနဲ့။ (အောင်နိုင်သူ)
Friday, August 20, 2010
.
.
ဈေးကြီးများရှိကြွက်များကို ဖမ်းဆီးစစ်ဆေးနေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment