Tuesday, August 17, 2010

. .

မလေးရှားမှသူငယ်ချင်းများအတွက်

သူငယ်ချင်းများ၊ဆွေမျိုးများရှိပါကဒီစာလေးကိုမေးပို့ခွင့်ပြူပါသည်

lawinphyu.luckyoctober@gmail.com


သာမန်လူတန်းစားများအတွက်အိမ်ပေါင်ခြံပေါင်သွားရောက်လုပ်ကိုင်သောနိုင်ငံမှာ

မြန်မာများ၏တတိယနိုင်ငံတော်မလေးရှားဖြစ်သည်သူငယ်ချင်းများသိရှိစေရန်စာရေး

သူ၏ဖြစ်ရပ်မှန်များကိုရေးသားလိုက်ပါသည်


က။ပါမစ်မရှိသောသူငယ်ချင်းများ

၁။အသွားအလာဆင်ခြင်ပါ

၂။မြို့ထဲလိုနေရာမျိုးမသွားနှင့်

၃။စက်ရုံအတွင်သို့အော်ပရာစီဝင်ရောက်ပါက

ပုန်းခိုလို့ကောင်းမည့်နေရာရှာပါ ပြေးလျှင်လည်းမလွတ်ပါ

၎။သူများပါမစ်ကိုင်ထားပါကလွှတ်ပြစ်လိုက်ပါအပြစ်ပိုကြီးပါသည်

ရဲလောက်ပဲကောင်းတာပါအဖွဲစည်းနဲ့တွေရင်မလွယ်ပါဘူး

၅။မိမိကိုးကွယ်ရာဘာသာရေးတစ်ခုကိုနေ့စဉ်သတိရပါ

ဗုဒ္ဓဘာသာဖြစ်ပါက သမ္ဗုဒ္ဓေဂါထာကိုသတိရတိုင်းရွက်ဖက်ပါ

၆။ရင်ထဲတွင်မိဘအားထာဝစဉ်သတိရနေပါစေ

စာရေးသူ၏အကိုသည်KLသို့အရေးကြီကိစ္စဖြင့်သွားရာတွင်အော်ပရာစီနှင့်

တိုးပြီးလင်းခေးကန့်ထဲသို့ရောက်ရှိသွားသည်၊ထောင်ဒဏ်သုံးလအပြင်ကြိမ်ဒဏ်

သုံးချက်ပါရှိသည်ဟုကြားသိရပါသည်စိတ်မကောင်းတာကလွဲရင်ဘာမှမလုပ်ပေး

နိုင်ခဲ့ပါဘူးလုပ်ပေးနိုင်တာလေးတစ်ခုကမလေးရှားမှာ(ရင်းဂစ်၁၀၀၀)-

လေယဉ်လက်မှက်အပါဝင်

မြန်မာပြည်ကို(ကျစ်၆၀၀၀၀)ပေးပြီးရင်သုံးလပြည့်တာနဲ့အိမ်ကိုပြန်ရောက်သွားပါပြိ

luckyတို့နေတဲ့စက်ရုံဝန်းထဲသို့ အော်ပရာစီတစ်ခါဝင်ရောက်ဖူးသည်

ကျွန်တော်လည်းကြံရာမရသည့်အဆုံးကားထဲတွင်ဝင်ရောက်ပုန်းခို၍လွတ်မြောက်ခဲ့ ပါတယ်

ဘုရားတစ်ရားလည်းမမေ့နဲပေါ့ဗျာ၊ရင်ထဲမှာမိဘဆိုတဲ့အသိတစ်ရားစိုးမိုးပါစေအရာရာ

အဆင်ပြေသွားမှာပါ။


ခ။ဖရီးကောလင်း

ဖရီးကောလင်းဆိုသည်မှာ-အေးဂျင်းနှင့်သဌေးနားလည်မှုနှင့်လုပ်ထားသောပါမစ်ဖြစ်သည်

မလေးရှားမှတစ်ရားဝင်ခွင့်ပြူထားသောပါမစ်မဟုတ်ပေ၊အပြင်မှာတော့ကိစ္စမရှိပါ၊

လိပ်စာမတူပါကရစ်နိုင်ပါသည်၊လုပ်ငန်းခွင်အဝတ်စားအသစ်တစ်စုံအပိုဆောင်ထားပါ

မေးတော့လည်းလာလည်တာပေါ့။


ဂ။စက်ရုံသို့တစ်ရားဝင်ရောက်ရှိလာသောသူငယ်ချင်းများ

ထိုသူငယ်ချင်းများရင်ဆိုင်ရသောပြသနာမှာအေးဂျင်းမြန်မာလိုခေါ်ရင်ပွဲးစားပေါ့နော်

ပြောတော့တစ်မျိုးရတော့တစ်လွဲ မှန်းချက်နှင့်နှမ်းထွက်တာကတစ်ခြားစီ

ညီမဖြစ်သူကိုမလေးခေါ်တော့အေးဂျင်းပြောတော့တစ်မျိုးရသည့်အလုပ်မှာ လုံးဝမကောင်းပါ

အပြင်ဆိုတာလည်းပေးမထွက်၊ခိုင်းတော့လည်းမိုးလင်းမိုးချုပ်တဲ့လေနောက်ဆုံ

လုံးဝမရသည့်အဆုံးအန်တီကိုယ်တိုင်သွားခေါ်ရတာပေါ့

အဲ့မှာအေးဂျင်းနဲ့ပြသနာစတက်တာပဲပြန်ခေါ်သွားတဲ့

အတွက်စာအုပ်မပေးဘူးဆုံးပြိတဲ့ ကြက်ဖသိချင်းထဲကလို ဘယ်ရမလည်းငါကလည်းဆိုပြီး

မြန်မာသံရုံးကိုသွားတိုင်တော့ကြောက်ရတာပေါ့ သံရုံကတစ်ရားစွဲတော့မှ

နောက်အလုပ်ကိုချိန်းပေးရတာပေါ့ဗျာ

အေးဂျင်းများ၏အားနည်းချက်မှာမြန်မာသံရုံဖြစ်ပါသည်

ဆန္ဒပြရင်လည်းမြန်မာပြည်ကိုပြန်ရဖို့အလာလာရှိပါသည်ဆန္ဒပြမည့်အစား

သံရုံသို့စာရေးပြီးတိုင်ကြားပါကထိရောက်မှုပိုရှိပါသည်

အကျင့်မကောင်းသော အေးဂျင်းများ၏အားနည်းချက်မှာမြန်မာသံရုံဖြစ်ပါသည်

ဖြစ်နိုင်မယ်ဆိုရင်မလေးရှားလိုနိုင်ငံမျိုးမိန်းကလေးများမလာရင်ကောင်းဆုံးပါ

မိသားစုတိုင်းအိုးမကွာအိမ်မကွာစီးပွားရှာနိုင်ကြပါစေ

စာကြွင်း။ ။တစ်ရားဝင်နိုင်ငံတစ်ကာပေးရသောသံရုံးများအနက်မြန်မာသံရုံသို့ပေးရသော

အခွန်ခမှာဈေးအကြီးဆုံးဖြစ်သည်

ဗီယမ်နမ်သုံးနှစ်စာ(ရင်းဂစ် ၁၅)

မြန်မာသုံးနှစ်စာ(ရင်းဂစ် ၁၈၀၀)


lucky တို့ကတော့မြန်မာသံရုံးမပြောနဲ့

ပါမစ်ကြေးတောင်မဆောင်ဘူးရိုက်တော့လည်း

ဖင်မှာအချိုးရာလေးနဲ့တစ်တူးတောင်ထိုးစရာမလိုတော့ဘူး

တစ်နှစ်ကိုရင်းဂစ်၂၀၀၀ကျော်ကျန်လည်းနည်းလား

No comments:

Post a Comment