Tuesday, August 17, 2010

. .

ပိုက်လိုင်းပေါက်ကွဲမှုကြောင့် ပင်လယ်တွင်ရေနံပြန့်ကျဲမှုကိုရှင်းလင်းရန်တရုတ်အမြန်ဆောင်ရွက်


တရုတ်ပြည် အရှေ့ မြောက်ဘက်ရှိ အာဏာ ပိုင်များသည် တစ်ပတ်လုံး လုံးတွင် ပြန့်ကျဲနေသော ရေနံများကို ရှင်းလင်းဖယ် ရှားရေးကိုကူညီရန် ရေ ယာဉ် ၁ဝဝဝ ကို စေလွှတ် ခဲ့ကြောင်း၊ တရုတ်အစိုးရမှ တနင်္လာနေ့တွင်ထုတ်ပြန် ကြေငြာခဲ့သည်။
ရာထောင်ချီသော ရေယာဉ်များသည် သော ကြာနေ့တွင်ဖြစ်ပျက်ခဲ့သည့် မတော်မတဆမှုကြောင့် ဒါ လျန်း (Dalian) မြို့တော် ဆိပ်ကမ်းလွန်ပင်လယ်ပြင်ထဲ သို့ယိုစိမ့်ခဲ့သည်။ ခန့်မှန်း ရေနံတန်ချိန် ၁၅ဝဝ ကို ဖယ်ရှားရန် လုပ်အားပေးခဲ့ ကြကြောင်း သတင်းများ တွင်ဖော်ပြထားပြီး၊ နောက် ထပ်ငါးဖမ်းရေယာဉ်အစင်း ၁ဝဝဝ ကိုလည်း ရေနံရှင်း လင်းရေးလုပ်ဆောင်မှုတွင် အကူအညီပေးရန် စေလွှတ် ထားပြီးဖြစ်ကြောင်း ဒါလျန်း အစိုးရက သူ၏ဝက်ဆိုက် တွင် ဖော်ပြထားသည်။
ရေနံသည် အစပထမ တွင် ပင်လယ်ရေမျက်နှာ ပေါ် ဧရိယာစတုရန်းမိုင် ၁၉ မိုင်အထိ ပြန့်ကျဲခဲ့ပြီး၊ တနင်္လာနေ့တွင် ၄၅ စတု ရန်း ကီလိုမီတာထိလျှော့ ချနိုင်ခဲ့ကြောင်း နိုင်ငံပိုင် စီစီတီဗီသတင်းဌာန ဝက် ဆိုက်တွင် ရေးသားထား သည်။
ဒါလျန်းအစိုးရ ပြော ကြားရာတွင် ကျန်ရှိနေ သည့် မီးလောင်ကျွမ်းမှုများ ကို နောက်ဆုံးမှာ ငြိမ်းသတ် နိုင်ခဲ့ပြီဖြစ်ကြောင်း၊ဆုံးဖြတ် ချက်မြန်ဆန်စွာ ချမှတ်မှု ကြောင့် ပင်လယ်ပြင်ရေနံ ပြန့်ကျဲမှုကို ဖယ်ရှားနိုင်ခဲ့ ပြီး၊ တန်ဖိုးရှိသည့် အောင် မြင်မှုတစ်ရပ်ဖြစ်ကြောင်း ကြေငြာခဲ့သော်၊ပင်လယ်ရေ မျက်နှာပေါ်က ရေနံများ အပြီးတိုင် ဖယ်ရှားပြီး၊ မပြီး နှင့် ရှင်းလင်းစွာမပြောဆို ခဲ့ပေ။
လိုင်ယွမ်နီဒေသရှိ ဒါ လျန်၏ စင်အန်ဆိပ်ကမ်း (Xingang Harbour) အနီး တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံကုမ္ပဏီကြီးဖြစ်သော တရုတ်အမျိုးသားရေနံကော် ပိုရေးရှင်း (CNPC) ပိုင်ဆိုင် သော ရေနံသိုလှောင်အိမ် တွင် ပိုက်လုံးနှစ်လုံးပေါက် ကွဲခဲ့ခြင်းကြောင့် မီးတောက် မီးလျှံများဖြင့် တစ်ပတ်လုံး လုံး လောင်ကျွမ်းခဲ့ပြီး၊ သေ ဆုံးမှုအနာတရဖြစ်မှုများ ရှိ မရှိ သတင်းမထုတ်ပြန်သေး ပါ။အာဏာပိုင်များ ပြော စကားကို ကိုးကားပြီး သတင်းများတွင်ဖော်ပြချက် အရ စုံစမ်းထောက်လှမ်း ရေး အရာရှိများသည် ထို မတော်တဆဖြစ်ပွားခဲ့ရသည့် အကြောင်းရင်းကို သိရှိနိုင် ရန် ကြိုးပမ်းနေကြပြီး၊ ထို ဖြစ်ရပ်မှာ လစ်ဗျားရေနံ တင်သင်္ဘောရေနံတင်ပို့ပြီး နောက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ထိုသင်္ဘောကိုလည်း ဘေးကင်းရာသို့ မောင်းနှင် ခဲ့ရသည်။
Source:AFPK.သူရိန်

No comments:

Post a Comment