Friday, August 13, 2010

. .

ကမ္ဘာ့အကြီးဆုံးငါးမန်းကြီး





သင်ကမ္ဘာ့အကြီးဆုံး ငါးမန်းကြီးကို မြင်ဖူးပါသလား ။ ဒီပုံတွေနဲ့အတူ ကျွန်တော်တွေ့ဖူးသမျှတွေထဲမှာ အကြီး ဆုံးဖြစ်တဲ့ ငါးမန်းကြီးနဲ့ သင့်ကို မိတ်ဆက်ပေးချင်ပါတယ် ။ Australian bay မှာ တွေ့ခဲ့တဲ့ ဒီငါးမန်းဖြူကြီးက
အလွန်ကိုပဲ ကြီးမားလှပါတယ် ။ ၀ိုးးးးးးးး သူ့ရဲ့ အရွယ်အစားက
လူတစ်ယောက်ထက်တောင်ကြီးမားပါသေးတယ် ။ အဲဒီနေရာကို
သင်ရေကူးဖို့သွားမယ်ဆိုရင်တော့ သတိထားဖို့တော့လိုလိမ့်မယ်နော် ။ သင်ကံမ
ကောင်းဘူး ဆိုရင် ဒီလိုငါးမန်းတွေရဲ့တိုက်ခိုက်မှုကို
ခံရနိုင်တဲ့အတွက်ဖြစ်ပါတယ် ။




သူတို့မှာ ပြန်ပေါက်နိုင်တဲ့ သွားတွေလည်း အစုံလိုက်ရှိကြပါတယ် ။ ဟိုး အကောင် အရွယ်အစား အသေး လေးကနေစပြီး ငါးမန်းတွေဟာ
ပင်လယ်ရေနက်ပိုင်းမျိုးစိတ်တွေဆိုရင် ၁၇ စင်တီမီတာလောက်ထိသာ
ရှည်လျှားနိုင်ပြီး သေးငယ်တဲ့ကောင်တွေကို dwarf lanternshark မျိုးစိတ်က
Etompteru perry လို့လည်း မှတ်သားကြပါတယ် ။ ကြီးမားတဲ့
ငါးမန်းဖြူကြီးတွေကိုတော့ဝေလငါးမန်း Whale Shark လို့ခေါ်တွင်ပြီး
မျိုးစိတ်ကတော့ Rhincodon typus ဖြစ်ပါတယ် ။ ငါးမျိုးနွယ်တွေထဲမှာ
အကြီးဆုံးဖြစ်ပြီး ခန့်မှန်းခြေ ၁၂ မီတာ (၃၉ပေ) အထို ရှည်လျှားနိုင်ပါတယ် ။




သူတို့ဟာ ကင်းမွန်တွေနဲ့ ငါးသေးသေးလေးတွေကိုစားသုံးပါတယ် ။ အမှန်တကယ်တော့ ငါးမန်းတစ်ကောင်ဟာ အရိုးနု တွေပြည့်နှက်နေတဲ့ cartilaginous skeleton
တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ် ။ သူတို့ကိုယ် ထည်ကတော့ အရမ်းကို
ချောမွတ်တာပေါ့ ။ သူတို့မှာပါတဲ့ ငါးခုမှ ခုနှစ်ခုလောက်ရှိတဲ့ ပါးဟပ်
တွေကိုအသုံး ပြုပြီးလေကို ရှုသွင်းရှုထုတ်လုပ်လေ့ရှိပါတယ် ။




မာကျောတဲ့အရေခွံလွှာပါရှိပြီးအဲဒီအရေခွံလွှာက သူတို့ကို ရေစီးကြောင်းဒါဏ်ကိုခံနိုင်အောင် ၊ ပါရာဆိုက် တွေရဲ့ တိုက်ခိုက်မှုကို မခံရအောင်နဲ့ အန္တရယ်တွေကနေ ကာကွယ်ပေးထားပါတယ် ။

သင်ဟာ ကြီးမားတဲ့တိရိစ္ဆာန်ကြီးတွေကို ကြည့်ရတာ နှစ်သက်တယ်ဆိုရင်တော့
ဒီကမ္ဘာ့အကြီးဆုံး ငါးမန်းကြီးကို ဖတ် လိုက်ပါ ။ ဒါဟာ
ကမ္ဘာ့အကြီးဆုံးငါးမန်းကြီးတစ်ကောင်ဖြစ်ပါတယ် ။


သက်တန့်ချို
12 August 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:

Post a Comment