Sunday, August 22, 2010

. .

နအဖ စစ်အစိုးရက တိုင်းများအား တိုင်းဒေသကြီးများအဖြစ် အမည်ပြောင်းပြီး အခြားဒေသ ၆ ခုကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအဖြစ် အမည်ပေး

မိုးမခ အထောက်တော်၊ ရန်ကုန်
သြဂုတ် ၂၀၊ ၂၀၁၀
နအဖ စစ်အစိုးရက ၄င်းတို့ အတင်းအကြပ် အတည်ပြုခဲ့သည့် အခြေခံ ဥပဒေ အာဏာမတည်မီ ကြိုတင်လုပ်ဆောင်ရမည့် လုပ်ငန်းများ လုပ်ဆောင်သည့် အနေဖြင့် ယခင်ကတိုင်းဟုခေါ်ဝေါ်သုံးစွဲခဲ့သည့် တိုင်း တိုင်းကိုတိုင်းဒေသကြီးဆိုသည့် အခေါ်အဝေါ် အဖြစ်၎င်း၊ လူမျိုးစု တိုင်းရင်းသားများ နေထိုင်ရာ ဒေသ ခုကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသအဖြစ်ခေါ်ဝေါ် လိုက်ကြောင်းကို ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ကြေညာချက်အရ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း အပါအ၀င် စုစုပေါင်း တိုင်း တိုင်းအားရန်ကုန်တိုင်းဒေသကြီးစသဖြင့် ပြောင်းလဲ ခေါ်ဝေါ်ရန် နိုင်ငံတော် အမိန့်ကြေညာစာထုတ်ခြင်း ဖြစ်ကာ၊ ယခင် တိုင်းရင်းသား လူမျိုးစုများ နေထိုင်ရာ နယ်မြေ ၆ခု အားလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသ အခေါ်အဝေါ် အဖြစ်သို့ပြောင်းလဲ ခေါ်ဝေါ်လိုက်ကြောင်း ကြေညာခဲ့သည်။
ထိုအထဲတွင် အထူးဒေသ မြို့နယ်အား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အခေါ်အဝေါ်သို့၎င်း၊ နာဂလူမျိုးများနေထိုင်ရာ လေရှီး၊ လဟယ်အပါအ၀င် မြို့နယ်တို့ကို နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်သို့၎င်း၊ ပင်းဒယ နှင့် ရွာငံ တို့ကို ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ အဖြစ်၎င်း၊ အသီးသီး ပြောင်းလဲ မှည့်ခေါ်ခဲ့သည်။
ထို့ပြင် ပြည်ထောင်စု နယ်မြေဟုခေါ်ဆိုသည့် နေပြည်တော် ခရိုင် အတွင်းရှိ မြို့နယ် မြို့နယ် ကြေညာခြင်းကိုလည်း ယနေ့ အမိန့်စာထုတ်ပြန်ပြီး ကြေညာခဲ့သည်။ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ ဒက္ခိဏ သီရိ အစရှိသည့် နောက်ထပ် အသစ်တည်သော မြို့သစ် မြို့နယ်နှင့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းတို့ကိုပေါင်းပြီး မြို့နယ် မြို့နယ်အဖြစ် ကြေညာခဲ့သည်။
လူဦးရေ ကျဲပါးလှသည့် နေပြည်တော်ကို မြို့နယ်အရေအတွက် များပြားစွာ ဖွဲ့စည်းခြင်းမှာ ၄င်းတို့ အာဏာစက် လွှမ်းမိုးနိုင်သည့် မဲဆန္ဒနယ်မြေ အချိုးအစားများများ ရလိုခြင်းကြောင့်ဖြစ်သည်ဟု နေပြည်တော်ရှိ အရာရှိ ၀န်ထမ်းတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ထုတ်ပြန်ကြေညာရခြင်းမှာ အခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ၂၀၀၈ အခြေခံဥပဒေ အာဏာမတည်မီ ကြိုတင်ဆောင်ရွက်သင့်သည့် များကို ဆောင်ရွက်ရန် ပါရှိခြင်းကြောင့်ဟု ဖေါ်ပြထားသည်။ ထုတ်ပြန်ကြေညာချက်ကို ယနေ့ညနေ ၆နာရီ သတင်းမှ စတင်ကြေညာခဲ့ပြီး နအဖ စစ်အစိုးရ အတွင်းရေးမှူး သီဟသူရ တင်အောင်မြင့်ဦး ကလက်မှတ်ရေးထိုး ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် သီတင်းပတ် မကုန်မီလေးတွင် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ကို ရုတ်တရက် ကြေညာခဲ့ပြီးနောက် အမတ်လောင်း အမည်စာရင်းတင်သွင်းရန် ရက်ကိုလည်း ကြေညာသတ်မှတ်ခဲ့ပြီး အချိန် ပတ်သာပေးသည့် အတွက် ပါတီအများအပြားမှာ အလောသုံးဆယ် ပြင်ဆင် ဆောင်ရွက်နေရသည်ကို တွေ့ရသည်။
စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းရန်ဖိအားပေးမှုကို မလိုက်လျောသည့် ကေအိုင်အို အဖွဲ့နှင့် ဆက်စပ်မှုရှိသည်ဟု နအဖအစိုးရက ယုံကြည်သော ဒေါက်တာတူးဂျာဦးဆောင်သည့် ကချင် ပြည့်သူ့တိုးတက်ရေးပါတီ ကိုမူ ယခုအချိန်ထိ မှတ်ပုံတင်ခွင့် မပြုသေးသည်ကိုလည်း တွေ့ရှိရသည်။
နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေး အင်အားစုအားလုံးပါဝင်စေရန်နှင့် တရားမျှတမှု ရှိစေရန် နိုင်ငံတကာမှ တိုက်တွန်းပြောဆိုလျက်ရှိသော်လည်း နအဖ စစ်အစိုးရကမူ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံ နိုင်ငံရေးသမား ၂၀၀၀ ကျော်ကို ဖမ်းဆီးထားဆဲဖြစ်သည်။

No comments:

Post a Comment