Friday, August 20, 2010

. .

တို့ဗမာသီချင်း

ဟိုအရင်က နာမည်ကျော်ကြားခဲ့တဲ့ တို့ဗမာသီချင်းကို သေချာမသိသေးသူတွေအတွက် ပြန်လည် ဖြန့်ဝေပေးလိုက်ပါတယ်။

"သမိုင်းဝင် တို့ဗမာသီချင်းကို ၀ိုင်အမ်ဘီဆရာတင်ကရေးသားသီကုံး၍ သခင်ဘသောင်း နှင့် သခင်ခေါင်းဆောင်အချို့ကသီချင်းစားသားနှင့် အချက်အလက်များအတွက်ဖြည့်စွက် အကြံဥာဏ်များ ပေးကြသည်။"


တကောင်း...အဘိရာဇာ...၊ တို့ဗမာ ... သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ၊

ယိုးဒယားနှင့်ကုလားကိုပါ တိုက်ခိုက်ခါအောင်ခဲ့တာ တို့ဗမာ...၊

စိန်မှန်ကင်းစစ်... အဖြစ်ကြီးဖြစ်လျက် ထင်းတ လှည့်ကြုံ့ရ...

ထုံးနှင့်မသွေလောကဓမ္မတာပေငါတို့ကံခေဖြစ်ရပြန်သလေ၊

သို့သော် အရင်းကိုစစ်လျှင် ဗမာပြည် ငါတို့ ငါတို့ပြည်။


နောင်ဥဒါန်း ဘယ်မကြေစရာ၊ ရာဇဝင်တင်ထား မျိုးရိုးနွယ်လာကမ္ဘာတခွင်မှာဖြင့်၊

ဗမာအထင်အရှား တို့ခေတ်တွင်မှညံ့ကြတော့မှာလား တို့ဗမာ၊

တို့ဗမာ မဟုတ်လေသလား (တို့ဗမာ ငါတို့ဗမာ)၂။

ဒါငါတို့ဗမာ ဒါငါတို့ဗမာ အားလုံး ညီညီ ယောက်ျားဘသား တို့ဗမာ နောင်လာနောင်သား ကောင်းစားဖို့ရာ၊

သခင်ကျင့်ကို ကျင့်ကြပါ။ သခင်မျိုးဟေ့တို့ဗမာ မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့စာမရီသွေးတို့ဗမာ...

သံပြိုင်။ ။ (ကမ္ဘာမကြေ ဗမာတတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်)၃၊(ဒို့ဗမာ)၂၊ ပြည်ကို တိုင်းရင်းသားအကုန်အစင် တို့ပြည်လို့ မှတ်ထင် တို့ဝတ္တရားပင် တို့ဗမာခင်။


အမျိုးသားရေး... ကြိုးပမ်းကြပါ... တို့ဗမာ... ဟေ့ တို့ဗမာ... အရှေ့ ကနေဝန်း...ထွက်သည့်ပမာ၊

တို့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ...တို့ဗမာဟေ့... တို့ဗမာ... ဗမာပြည်တဝှမ်းအကုန်... တို့အိမ်မှတ်ပါ... တို့ယာမှတ်ပါ... အဲဒါတို့ဗမာ...

(သံပြိုင်။ ။)

No comments:

Post a Comment