Tuesday, August 17, 2010

. .

နေမုန်တိုင်းကြီးတိုက်ခက်မှုက ကမ္ဘာကိုထိမှန်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်

နာဆာမှပညာရှင်များက နေလုံးကြီမှနေ၍ အလွန်အားကောင်းသော ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ပြီး ယင်းပေါက် ကွဲမှုသည်အစောဆုံးအဖြစ် သြဂုတ်လ ၃ ရက်နေ့မှစ၍ ထိမှန်နိုင်ကြောင်းသတိပေးလိုက်သည်။ အဆိုပါ နေမုန်တိုင်းကြီး ကမ္ဘာပေါ်သို့ကျရောက်လာပါက ဥတ္တရအလင်းရောင်းတန်းများ ဖြစ်ပေါ်ခြင်းဖြင့် သိရှိနိုင်မည် ဟုဆိုသည်။

နေ၌ ဗြောက်အိုးဖေါက်လိုက်သကဲ့သို့သော ပေါက်ကွဲမှုများကို နာဆာမှဂြိုလ်တုအသစ်ဖြစ်သောSolar Dynamics Observatory အပါအ၀င် ဂြိုလ်တုပေါင်းများစွာက ယခုသီတင်းပါတ် အကုန်တွင် ဖမ်းယူရရှိခဲ့သည်။

နေတွင်ရှိသော နေရာများတွင် ဒြပ်ထုဆန့်တန်းမှုများ ဖြစ်ပေါ်ပြီး နေပွက်များစွာတို့သည် ကမ္ဘာမြေသို့ဦးတည်ကာပျံသန်း လာဖွယ်ရှိသည်ဟုဆိုသည်။ ယင်းကြောင့်နေဆူနာမီ တစ်ရပ်သည် အာကာ သအတွင်း မိုင်းပေါင်း ၉၃ သန်းတစ်လျှောက်ဖြစ်ပေါ်လိမ့်မည်ဟုဆိုသည်။

သို့သော် ကံအားလျော်စွာပင် ကမ္ဘာမြေ၌ အားကောင်းသော သံလိုက်စက်ကွင်းရှိနေသောကြောင့် ယင်းက ဓါတ်ရောင်ခြည်ပေါက်ကွဲမှု များ မှနေ၍ ကျွန်ုပ်တို့အား အကာအကွယ်ပေးနိုင် လိမ့်မည်ဟုဆိုသည်။

အဆိုပါဓါတ်ရောင်ခြည်ပေါက်ကွဲမှုများ သာကမ္ဘာမြေပေါ်သို့ တိုက်ကျရောက်ခဲ့ပါက လူသားတို့မျိုးသုဉ်းသွားနိုင်သည် ဟုဆိုသည်။ လူတို့အားသေ ကြေပျက်စီးစေနိုင်သည့် နေပွက်များသည် အာကာသစီးကြောင်းမှနေ၍ စီးမျောလာကာ ၀င်ရိုးစွန်းများဆီသို့ ဦးတည်လာနိုင်သည် ဟုဆိုသည်။ ယင်းတို့သည်လေထုဝန်းကျင်အတွင်း အောက်ဆီဂျင်နှင့်နိုက်ထရိုဂျင် အက်တမ်များ အဖြစ်ပေါက်ကွဲသွားပြီး ဥတ္တရအလင်းရောင်းတန်းများကို ဖြစ်ပေါ်စေလိမ့်မည်ဟုဆိုသည်။

နေ၏ပေါက်ကွဲမှု ပြင်းထန်ပါကဂြိုလ်တုများပျက်ဆီးခြင်းနှင့် ကမ္ဘာတစ်လွှားရှိ ဓါတ်အားပေးလိုင်းများနှင့် ဆက်သွယ်ရေးလိုင်းများကိုပြတ်တောက်သွားစေခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်ဟုဆိုသည်။ ယင်းသည်မျိုး ဆက်တစ်ခုတွင်တစ်ကြိမ်ပင်တွေ့ကြုံရန် မဖြစ်နိုင်သည့် အာကာသမုန်တိုင်းကြီးဖြစ်သည်ဟုဆိုသည်။

Daily Telegraph သတင်းဌာနသည် ဇွန်လအတွင်းက နာဆာအဖွဲ့မှ အကြီးတန်ပညာရှင်များသည် ၂၀၁၃ ခုနှစ် တွင်နေသည် အိပ်ပျော်နေရာမှ နိုးလာသကဲ့သို့ နိုးကြားလာပြီး နေလုံးကြီးပွရောင်းမှုဖြစ်ပေါ်ခြင်းမှနေ၍ မခန့် မှန်းနိုင်သော အဆင့်ထိဖြစ်ပေါ်လာပြီး ယင်းတို့က ကမ္ဘာမြေကို ရိုက်ခက်လိမ့်မည်ဟုယုံကြည်နေ ကြောင်းဖေါ် ပြခဲ့သည်။

No comments:

Post a Comment