Thursday, August 19, 2010

. .

အမေရိကန်က သူ၏ ရေတပ်အင်အားကို ထုတ်ဖော်ပြသ၍ မြောက်ကိုရီးယားကို သွယ်ဝိုက်သတိပေး





ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ပင်လယ်ပြင်ထဲ တွင် အမေရိကန်နှင့် တောင်ကိုရီးယား စစ် သင်္ဘောများ၊ ရေငုပ် သင်္ဘောများ၊ တိုက်လေ ယာဉ်များနှင့် ရဟတ် ယာဉ်များဖြင့် ပြည့်နှက် လျက်ရှိပြီး၊ အဆင့်မြင့် စစ်ရေးလေ့ကျင့်မှု တစ်ခု ပြုလုပ်ခဲ့သည်။မြောက်ကိုရီးယား အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သော်လည်း၊မြောက် ကိုရီးယား စစ်တပ်များက တော့ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေဆဲဖြစ်သည်ဟု ပင်တဂွန်မှအရာရှိများက အတည်ပြုပြောကြားသည်။
မြောက်ကိုရီးယား မှာ အန္တရာယ်ပေးနိုင်တဲ့ အစွမ်းတွေရှိပါတယ်။ ဒါ ကြောင့်မြောက်ကိုရီးယား စစ်တပ်ကို မျက်ခြည်မ ပြတ် စောင့်ကြည့်လျက်ရှိ နေပါတယ်ဟု ပင်တဂွန် အရာရှိတစ်ဦးက ပြော ကြားသည်။ လေယာဉ်အစင်း ၇ဝ အထိ တင်ဆောင်နိုင်သော လေယာဉ်တင်သင်္ဘောကြီး ဂျော့ဝါရှင်တန် သည် စစ်ရေးလေ့ကျင့်မှု တွင် အဓိကအခန်းမှ ပါ ဝင်ခဲ့သည်။ ယခု စစ်ရေး လေ့ကျင့်မှုသည် မြောက် ကိုရီးယားကို သတိပေး သည့်အနေဖြင့် ပြုလုပ်ခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူ များက ယူဆကြသည်။ မြောက်ကိုရီးယားရေငုပ် သင်္ဘောက တောင်ကိုရီး ယားစစ်သင်္ဘောတစ်စင်းကို နစ်မြုပ်ခဲ့ပြီးနောက်၊ ယခု ကဲ့သို့စစ်ရေးလေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ ကိုရီးယားစစ်ပွဲ ဖြစ်ပြီးနောက်ပိုင်း အဆိုး ဝါးဆုံးတိုက်ခိုက်ခံရမှုဖြစ် သည်ဟု တောင်ကိုရီးယား က သတ်မှတ်ခဲ့သည်။
အမေရိကန်နယ်ချဲ့ တွေနဲ့ တောင်ကိုရီးယား တို့က စစ်ပွဲဆင်နွှဲဖို့ကြိုးစား နေခြင်းဖြစ်ပါတယ်။ မြောက် ကိုရီးယားက မိမိကိုယ်ကို ခုခံကာကွယ်သည့်အနေ ဖြင့် နျူကလီးယားလက် နက်များသုံးစွဲပြီး တုံ့ပြန်ရ မှာဖြစ်ပါတယ် ဟု မြောက်ကိုရီးယားကာကွယ် ရေးဝန်ကြီးကင်ယွန်ချွန်းက ပြောကြားသည်။မြောက်ကိုရီးယားက ယခုကဲ့သို့ အမေရိကန်စစ် တပ်များ ဒေသတွင်း၌ ခြေ ရှုပ်နေမှုကြောင့် နျူကလီး ယားလက်နက်ထုတ်လုပ်ရန် စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုသည်။ မြောက်ကို ရီးယားတွင် နျူကလီးယား ဗုံးအချို့ရှိသည်ဟု ယုံကြည် ရပြီး ဒုံးပျံနှင့်ထည့်သွင်း၍ ပစ်ခတ်နိုင်စွမ်းတော့မရှိဟု ယူဆရကြောင်း အရာရှိများက ပြောကြား ကြသည်။
ကျော်သူဟန်
Source:AP

No comments:

Post a Comment