| ![]() | ![]() | ![]() |
၂၀၀၉-၂၀၁၀ ခုနှစ်တွင် အင်းလေးကန်အတွင်းမှ အင်းငါးထုတ်လုပ်နိုင်မှုမှာ ငါးပိဿာချိန် သုံးသိန်းနီးပါး ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
အင်းငါးထုတ်လုပ်မှုမှာ ၂၀၀၅ ခုနှစ်မှစ၍ နှစ်စဉ်တိုးတက်လာခဲ့ပြီး ၂၀၀၅-၂၀၀၆ ခုနှစ်တွင် ၂၂၅၀၀၀၊ ၂၀၀၆-၂၀၀၇ ခုနှစ်တွင် ၂၂၆၇၀၀၊ ၂၀၀၇-၂၀၀၈ ခုနှစ် တွင် ၂၅၃၀၀၀၊ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ၂၇၈၉၀၀၊ ၂၀၀၉-၂၀၁၀ ခုနှစ်တွင် ၂၉၆၇၀၀ ပိဿာချိန် ထုတ်လုပ်နိုင်ခဲ့ရာ ထုတ်လုပ်မှု များပြားလာသည်နှင့်အမျှ ငါးမျိုးများ ပြုန်းတီးမသွားစေရန် စောင့်ရှောက်နိုင်မှုမှာလည်း အရေးပါကြောင်း သိရသည်။
အင်းလေးကန်အတွင်းတွင် ငါးမျိုးစိတ်ပေါင်း ၄၄ မျိုးခန့်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။ အဆိုပါ ငါးမျိုးစိတ်များသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှစ၍ ငါမျိုးစိတ်များ လျော့နည်းပပျောက်လာခဲ့ပြီး ငါးဖိန်း၊ ငါးရစ်၊ ငါးတောင်နွယ်၊ ငါးခူရှင်ဖ အစရှိသည့် ဒေသတွင်း ငါးမျိုးစိတ်များ လျော့နည်းလာပြီး မျိုးတုန်းပျောက်ကွယ်ရန် ခြိမ်းခြောက်နေသည့် အနေအထား ရောက်လာ၍ မျိုးဆက်ပြန့်ပွားမှုများ ပြုလုပ်၍ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေကြောင်း သိရသည်။
အင်းလေးကန်အတွင်း စီးပွားဖြစ်ငါးဖမ်းခြင်း၊ ဟင်းစားဖမ်းခြင်း တို့သည် အရေးပါသည့် စီးပွားဖြစ် လုပ်ငန်းဖြစ်သော်လည်း တရားမ၀င် ငါးဖမ်းနည်းများဖြစ်သည့် ဓာတုဗေဒ ပိုးသတ်ဆေးဝါးများ သုံးစွဲခြင်း၊ ဘတ်ထရီလျှော့တိုက်ခြင်း (ကျင်စက်)၊မိုင်းခွဲ၍ ဖမ်းခြင်းတို့ကြောင့် ငါးမျိုးစိတ်များ မျိုးတုန်းခြင်းနှင့် သဘာ၀၀န်းကျင်ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သိရှိရသည်။
အင်းလေးကန်အတွင်း နှစ်စဉ် ငါးမျိုးစိတ် စိုက်ထည့်မှုအချို့ | |||||
ငါးအမျိုးအစား | ၂၀၀၅-၂၀၀၆ | ၂၀၀၆-၂၀၀၇ | ၂၀၀၇-၂၀၀၈ | ၂၀၀၈-၂၀၀၉ | ၂၀၀၉-၂၀၁၀ |
ငါးဖိန်း | - | - | - | ၁၀၅၀၀ | ၁၅၀၀၀၀ |
မြက်စားငါးကြင်း | ၁၈၀၀၀၀ | ၂၅၀၀၀၀ | ၃၀၀၀၀၀ | ၃၅၀၀၀၀ | ၄၀၀၀၀၀၀ |
ငွေရောင်ငါးကြင်း | ၅၀၀၀၀ | - | - | ၂၅၀၀၀ | - |
ငါးခေါင်းပွ | - | - | ၁၀၀၀၀ | - | - |
No comments:
Post a Comment