| ![]() | ![]() | ![]() |
နိုင်ငံခြားသား ခရီးသည်များ လာရောက် လေ့လာလေ့ရှိသော ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းရေသည် ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်၍ မြင့်တက်လာကြောင်း ဒေသခံများက ပြောကြားသည်။
''တောင်သမန်အင်းရေဟာ ၀ါဆိုလပြည့်နေ့ နောက်ပိုင်းမှ စတက်လာတယ်။ အခုဆိုရင် အင်းဘောင်အထိကို ရေကရောက်လာပြီ။ အင်းနဲ့ဆက်စပ်နေတဲ့ ဧရာဝတီမြစ်နဲ့ ဒုဋ္ဌ၀တီမြစ်ရဲ့ မြစ်ရေတွေကလည်း တိုးလာတော့ အင်းထဲမှာ အခုလို ရေတွေတိုး လာတာပေါ့''ဟု တောင်သမန်အင်းဘေးရှိ တောင်မင်းကြီးဘုရားအနီး ဈေးသည်တစ်ဦးက ပြောကြားခဲ့ပါသည်။
''အရင်တုန်းက အင်းရေဟာ နွေရာသီဆိုရင် ခန်းတယ်။ ရေက အ၀င်အထွက်ရှိနေတော့ မိုးတွင်းရောက်လာလည်း သိပ်ပြီးမပူပန်ရဘူး။ နောက်ပိုင်းမှာ ၁၂ ရာသီလုံးလုံး ရေသွင်းထားတော့ အခုလို ရေတက်ချိန်မှာ အင်းထဲမှာ ရေအခံရှိနေလို့ သာမန်ထက် ရေပိုတက်လာတယ်။ အင်းဘေးမှာနေထိုင်တဲ့ သူတွေအတွက် နည်းနည်းတော့ အခက်အခဲတော့ ဖြစ်တာပေါ့''ဟု အမရပူရမြို့ခံတစ်ဦးက ပြောသည်။
No comments:
Post a Comment