မီဇိုရမ်ပြည်နယ် လုံးလေ မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုကြောင့် မြန်မာနိုင်ငံသား ၂ ဦးအပါ အ၀င် လူ ၄ ဦးသေဆုံးသွားခဲ့ကြောင်းသိရသည်။
၎င်း ၄ ဦးတို့ သည် လုံးလေမြို.အနီးရှိ မွလ်ထွာမ်ကျေးရွာတောင်ဘက် ဦးဗန်လလ် ထန်း၏ လက်အောက်တွင် လွှဆွဲ လုပ်ငန်းလုပ်ကိုင်ရင်း တောထဲတွင် တဲကလေး ဆောက်ပြီး နေထိုင်သူများဖြစ်ကြသည်။ပြီးခဲ့
“သူတို့နေထိုင်တဲ့ တဲရဲ့ အနောက်ဘက်က မြေကြီးကပြိုတော့၊ အဲဒီမြေကြီးက သူတို့ရဲ့ တဲကလေးကို အကုန်လုံး ဖုံးဖိနေတာကို တွေ့ရတယ်၊လူသေအလောင်း တွေဆိုရင် ၁၀ ပေ အောက်အထိ မြေကြီးက ဖုံးဖိနေတာကို တွေ့ရတယ်” ဟုသတင်း စာထဲတွင် ဖော်ပြထားသည်။အလောင်းကို ဇူလိုင်လ ၃၀ ရက် ညနေပိုင်း ၃း၃၀ ခန်.တွင် အပြီးစီးထုပ်ယူနိုင်ခဲ့ သည်ဟု သိရသည်။
သေဆုံးသူ ချင်းအမျိုးသား ၂ ဦးသည် ချင်းပြည်နယ် မည်သည့်ကျေးရွာများမှ လာရောက်ကြသည်ကို အတိအကျ မသိရသေးသော်လည်း လုံးလေ မြို့နယ်တွင် လွှဆွဲလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း နေသူများဖြစ်ကြသည်။
လောကကြီးအတွက် ကိုယ့်ဘ၀ကို အသုံးချပါ၊ ကိုယ့်ဘ၀အတွက် လောကကြီးကို အသုံးမချပါနဲ့။ (အောင်နိုင်သူ)
Friday, August 6, 2010
.
.
မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှုကြောင့် မြန်မာနိုင်ငံသား နှစ်ဦးသေဆုံး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment