Saturday, August 7, 2010

. .

အိန္ဒိယ ကက်ရှ်မီးယားဒေသ ရေလွှမ်းမိုး၊ လူ ၁၃၀ ထက်မနည်း သေဆုံး

ရေလွှမ်းမိုးခံရတဲ့ အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယား တောင်ပေါ်ဒေသ Leh မှာ ပြည်သူများ ပြေးလွှားလှုပ်ရှားနေကြစဉ် (သြဂုတ် ၈၊ ၂၀၁၀)

အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကတ်ရှ်မီးယားဒေသမှာ ရေကြီးမှုကြောင့် အနည်းဆုံး ၁၃၀ သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပြီးနောက် အာဏာပိုင်တွေက ကယ်ဆယ်ရေး လုပ်ငန်းတွေကို တိုးမြှင့် လုပ်ဆောင်နေပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်း တွေဟာလည်း Ladakh ဒေသ တောတောင်တွေထဲက ထူထပ်တဲ့ ရွှံ့နွံနဲ့ မိုးဒဏ်ကြားမှာ ပျောက်ဆုံးနေဆဲလို့ ယုံကြည်ရသူ ဒါဇင်ပေါင်းများစွာသော သူတွေကို ရှာဖွေဖို့ရာအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းနေကြပါတယ်။

သောကြာနေ့အစောပိုင်း မိုးသည်းထန်စွာ ရွာသွန်းလို့ ရေကြီးမှု စဖြစ်တဲ့အချိန်မှာ - ဟိမ၀န္တာ ဒေသခံတွေဟာ အိပ်မောကျနေဆဲ ဖြစ်ပါတယ်။ ရေတိုက်စားမှုကြောင့် တောင်ကမ်းပါးယံတွေ ပြိုကျခဲ့ပြီး အဆောက်အဦးတွေ၊ အိမ်တွေ ပြိုကျပြီး လျှပ်စစ်မီးတွေ နဲ့ တယ်လီဖုန်းလိုင်း တွေလည်း ပြတ်တောက်ခဲ့ပါတယ်။

စနေနေ့တုန်းကတော့ ကူညီကယ်ဆယ်ရေး အထောက်အပံ့တွေ ပေးပို့ဖို့အတွက် Leh က လေဆိပ်ကို အသုံးပြုခဲ့ရပါတယ်။ ဒါပေမဲ့ လမ်းတော်တော်များများ ကလည်း ရေတိုက်စားမှုနောက် မျောပါသွားခဲ့ပြီး အရပ်သား ဆေးရုံလည်း ပျက်ဆီးခဲ့တဲ့အတွက် ဆရာဝန်တွေနဲ့ လူနာတွေဟာ အနီးနားက စစ်ဆေးရုံကို ပြောင်းရွှေ့ခဲ့ရပါတယ်။

No comments:

Post a Comment