မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ လူဝင်မှု့ကြီးကြပ်ရေးလက်အောက်ရှိဗဟို တရားမဝင်နိုင်ငံခြားသားအလုပ်သမား ထိန်းသိန်းရေး ဌာနတွင်မြန်မာ အလုပ်သမား 32 ဦး သေဆုံးခဲ့ကြောင်း မလေးရှားနိုင်ငံ ပြည်ထဲရေးဌာနမှ
ထုတ်ပြန်ကြော်ငြာခဲ့ပါသည် ။
2005 ခုနှစ်မှ 2009 ခု အထိ 5 နှစ်တာ ကာလအတွင်း တရားမဝင်အလုပ်သမားစုစုပေါင်း 78 ယောက် သေးဆုံးခဲ့ပြီး အများစုမှာ မြန်မာအလုပ်သမားများဖြစ်ကြောင်း
ပြည်ထဲရေးဝန်ကြီး ဟစ်ရှ်မူဒင်ထွန်းဟူစိန်က တရားဝင်ပြောကြားခဲ့ပါတယ် ။
သေဆုံးခဲ့သော ဖမ်းဆီးထမ်းသိမ်းခံ အလုပ်သမားများမှာ မြန်မာ ၊ အင်ဒိုနီးရှား ၊ အိန္ဒိယ ၊ ဘင်္ဂလာဒေရှင့်္ ၊ ကန်ဘောဒီးယား ၊ ဗီယက်နမ် ၊ ထိုင်း ၊ နိုင်ဂျီးယီးယား ၊
တိုဂို ၊ ပါကစ်စတန် ၊ လီဘီးယား နှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ ဖြစ်ကြောင်း
ပြောကြားခဲ့ပါတယ် ။.
![]() |
In this photo taken Thursday, July 23, 2009, an immigration officer unlocks handcuffs from detainees at the Lenggeng Immigration center on the outskirts of Kuala Lumpur, Malaysia. (Photo:AP) |
နယ်မြေတာဝန်ခံ ၊ လူ့အခွင့်ရေး စောင့်ရှောက်မှု့အတွက် တာဝန်ယူနေသော မစ္စတန်နီလီ က ဒီအဖြစ်အပျက်တွေ ဘာကြောင့်ဖြစ်
ခဲ့ရတယ်ကို ကြည့်မယ်ဆိုရင်
ဆေးဝါးကုသမှု့ အချိန်မှီမပေးတာ
လုံလောက်မှု့ ရှိအောင် မထောက်ပံ့ပေး
နိုင်တာရယ် နှင့် လိုအပ်သော အချိန်တွင် ကုသမှု့မပေးနိုင်ခဲ့တာတွေကြောင့်
ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ် ။
ပြီးတော့ သူမက "ကျွန်မတို့ ဒီလို တွေ့ကြုံတာနဲ့ သက်ဆိုင်ရာ ဌာနတွေကို ဖိအားပေးပြီးပြောကြားခဲ့ကြပေမယ့်
ဆွေးနွေးညှိနှိုင်းဖို့တော့ အခွင့်ရေးမရခဲ့ဘူးလို့ ပြောခဲ့ပြီး သေဆုံးသူ အရေအတွက်ကို အတိအကျ သိဖို့ ခက်ခဲလှပါတယ် ဘာကြောင့်လဲဆိုတော့ အစိုးရက လဲ တရားဝင် ထုတ်ဖော်မပြောဘူးလို့"
မစ္စတနီလီက ပြောကြားသွားခဲ့ပါတယ် ။
အစိုးရအတိုက်ခံတွေကတော့ 2009 မတိုင်မီလွန်ခဲ့တဲ့ 6 နှစ်အတွင် နိုင်ငံခြားသားအလုပ်သမား 1,300 ခန့်သေ
ဆုံးခဲ့တဲ့လို့ ပြောဆိုလိုက်ပါတယ် ။
မလေးရှားရှိ မြန်မာ လူ့အခွင့်ရေး အသင်းဖွဲ့ တွေကတော့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ တရားဝင်ကြော်ငြာတဲ့
သေဆုံးသူအရေအတွက် မက များပြားသော မြန်မာ အလုပ်သမားများ ထိမ်းသိန်းရေးစခန်းတွင် အသက်ဆုံးရှုံး
ခဲ့ရတယ်လို့ ပြောကြပါတယ် ။
မွန် တိုင်းရင်သား Refugee အသင်းတွင် ဆောင်ရွက်ပေးလျှက်ရှိသော မွန်အမျိုးသား
နိုင်ရင်မွန် က သူတို့ပြောတဲ့ 32 ယောက်ဆိုတာကို ကျွန်တော်သံသယ ရှိပါတယ် ကျွန်တော် တို့ သိသလောက် လွန်ခဲ့တဲ့ 5 နှစ်အတွင်း မြန်မာလူမျိုး 100 ကျော်သေဆုံးခဲ့ပါလို့
ပြောကြားခဲ့ပါတယ် ။
များစွာသော ထိန်းသိမ်းခံ မြန်မာတွေ သေဆုံးခဲ့ရတဲ့ အဓိက အကြောင်းရင်းက လိုအပ်တဲ့ဆေးဝါးကုသမှု့ကို
အချိန်မှီ မပေးခဲ့ရတာကြောင့်ဖြစ်ပြီး မြန်မာအလုပ်သမားအရေးအတွက်ဟာ တရားဝင် ရော တရားမဝင် အားလုံးပေါင်း 500000 ခန့် မလေးရှားမှာ ရှိပြီး
ထိန်းသိမ်းရေးစခန်းတွင်လည်း မြန်မာများသာ များပြားတယ်လို့
ပြောကြားခဲ့ပါတယ် ။
မလေးရှား လူဝင်မှု့ ကြီးကြပ်ရေး ဌာနတွင် ထိန်းသိမ်ရေးစခန်း 28 ခုရှိပြီး အားလုံးသော စခန်းများတွင် သောက်ရေ အလုံးအလောက်မပေးခြင်း ၊ အစားအစာ လုံလောက်အောင်
မကျွေးခြင်း ၊ အညစ်ကြေးစွန့်ရန် အဆင်မပြေခြင်းနှင့်
အဝတ်အစား ထုတ်မပေးခြင်းတွေ ရှိနေခဲ့ပါကြောင်း လူ့အခွင့်ရေး စောင့်ရှောက်သူများက ပြောကြားကြပါတယ် ။
ထိမ်းသိန်းခံရသူများရဲ့ မိသားစုများက အသုံးဆောင်များပေးကမ်းထောက်ပံဖို့ လုပ်ဆောင်ခဲ့သော်လည်း မလေးရှား
အစိုးရကြောင့် နှောင့်နှေးလေ့ရှိပါတယ် ။ မစ္စတန်နီလီ ပြောကြားချက်အရ ထိမ်းသိမ်းရေးစခန်းတွင် မည့်သည့်ကိစ္စမဆို နှေင့်နှေးကြန့်ကြာတတ်ပါတယ်
ပြီးတော့ ခလေးများနဲ့ အရွယ်ရောက်သူများကိုလည်း
ခွဲခြားထားခြင်းမရှိပါဘူးလို့ ပြောကြားခဲ့ပါတယ် ။
မလေးရှား အစိုးရရဲ့ 2009 ခုနှစ် ထုတ်ပြန်တဲ့ တရားမဝင်အလုပ်သမားများ ဖမ်းဆီးရေကြော်ညာချက်နောက်ပိုင်း ထိန်းသိမ်းခံ 10 ဦးမက သေဆုံးခဲ့ပါတယ် ။
အကြောင်းအရင်းကလည်းအစာရေစာ မလောက်ငှ မှု့ ကြောင့် ရောဂါ
ဖြစ် ရတာ ဖြစ်ပြီး ဆေဝါးကုသမှု့ မပေးနိုင်လို့ ဖြစ်ခဲ့ရတာတွေ ကြောင့်ဖြစ်ပါတယ် ။
မလေးရှားအစိုးရရဲ့ နှောင့်နှေးတဲ့ အစီစဉ်များအောက်မှာ မသေသင့်ပဲ သေဆုံးခဲ့ရသော အလုပ်သမား အတွက်
မလေးရှား နိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ အဖွဲ့စည်းများက ပြင်ထန်စွာ ရှုတ်ချနေခဲ့ကြပါတယ် ။
No comments:
Post a Comment