စင်ကာပူ- ယခုနှစ်တွင် ချန်ဂီလေဆိပ်၌ ခရီးသည် အသွားအလာမှာ ပထမဦးဆုံးအကြိမ်အဖြစ် သန်း၄၀ အထိရှိလာမည်ဟု သိရသည်။ လွန်ခဲ့သည့်လက ချန်ဂီ လေဆိပ်တွင် ခရီးသည်ပေါင်း ၃ဒသမ၆၂သန်းအတွက် စီမံဆောင်ရွက်ပေးခဲ့ရပြီး ဇန်န၀ါရီလမှ ဇွန်လအထိ ကာလအတွင်း ခရီးသည်ပေါင်း ၂၀ဒသမ၂သန်းအတွက် ဆောင်ရွက်ပေးခဲ့ရသည်ဟု ချန်ဂီလေဆိပ်အုပ်စုမှ ပြော ကြားခဲ့သည်။ယခုနှစ်၏ ပထမနှစ်ဝက်အတွင်း ခရီးသည် အသွားအလာအရေအတွက်တိုးပွားလာမှုမှာ မယုံနိုင် ဖွယ်ရာဖြစ်ပြီး လေကြောင်းကုမ္ပဏီများအနေဖြင့် ၎င်းင်း တို့၏ ရည်မှန်းချက်အသစ်များကို ဖြည့်ဆည်းရန်နှင့် ပျံသန်းရေးအကြိမ်အရေအတွက်ကို ဆက်လက်တိုးမြှင့် သွားရမည်ဖြစ်သည်။ အလားတူပင် ချန်ဂီလေဆိပ်အနေ ဖြင့် ယခုနှစ်အကုန်တွင် ခရီးသည်ပေါင်း သန်း ၄၀ အတွက် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း လေ့လာ အကဲခတ်သူတို့ကပြောကြားခဲ့သည်။
ချန်ဂီလေဆိပ်၏ စီမံဆောင်ရွက်မှုက ကမ္ဘာ လုံးဆိုင်ရာ လေကြောင်းခရီးသွားလာရေးဆိုင်ရာ ဈေး ကွက်ပြန်လည်နာလန်ထူရေးအပေါ် မျှော်လင့်ထားမှုကို ပိုမိုကောင်းမွန်လာစေဖွယ်ရှိသည်ဟု ဆိုသည်။ လွန်ခဲ့ သည့်လက ခရီးသည်အသွားအလာ ၃ဒသမ၆၂သန်း ရှိခြင်းသည် လွန်ခဲ့သည့်နှစ် ဇွန်လကထက် ၁၈ဒသမ၆ ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်ပြီး ပထမနှစ်ဝက်ခရီး သည်အရေအတွက် ၂၀ဒသမ၂သန်းဟူသောစာရင်းမှာ လွန်ခဲ့သည့်နှစ်ကထက် ၁၇ရာခိုင်နှုန်းတိုးပွားလာခြင်း ဖြစ်သည်ဟု ချန်ဂီအုပ်စုကပြောကြားခဲ့ခြင်း ဖြစ်သည်။ ကုန်တင်လေယာဉ်များဘက်တွင် ချိန်ဂီလေဆိပ်၌ လွန်ခဲ့ သည့်လက ကုန်တန်ချိန် ၁၅၀၀၀၀ကို စီမံဆောင်ရွက် ပေးခဲ့ရာ လွန်ခဲ့သည့်နှစ်ကထက် ၁၃ဒသမ၁ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။
နိုင်ငံတကာလေဆိပ်ကောင်စီ၏ ဇန်န၀ါရီ၊ ဧပြီအစီရင်ခံစာအရ ချန်ဂီလေဆိပ်သည် ကမ္ဘာ့အလုပ် အများဆုံး လေဆိပ်များတွင် အဆင့် ၁၈နေရာတွင်ရှိ သည်ဟု ဖော်ပြခဲ့သည်။
လက်ရှိအချိန်တွင် လေကြောင်းခရီးသွားလာ ရေးဆိုင်ရာ ဈေးကွက်နာလန်ထူမှုနှင့်အတူ နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးအဖွဲ့၏ခန့်မှန်းချက်အရ ကမ္ဘာ လုံးဆိုင်ရာ လေကြောင်းကုမ္ပဏီများအနေဖြင့် ယခုနှစ် တွင် အမေရိကန်ဒေါ်လာ ၂ဒသမ၅ဘီလီယံ အကျိုး အမြတ်ဖြစ်ထွန်းဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။်
No comments:
Post a Comment