Sunday, August 8, 2010

. .

ကျွန်တော်ချစ်သော သူတို့၂ယောက်

ကျွန်တော်မှာ တူ၊တူမတွေ အများကြီးရှိပါတယ်။ အားလုံးထဲက အမြဲတမ်းသတိတရဖြစ်နေရတာကတော့ boy boy နဲ့ ku ku လို့ ခေါ်တဲ့တူလေးနှစ်ယောက်ပါ။သူတို့၂ယောက်စလုံးက ကျွန်တော့်လက်ပေါ်မှာပဲ ကြီးပြင်းလာကြတော့ အမြဲသတိရနေတာ မဆန်းပါဘူး။ boy boy ကအကြီး၊ ku ku ကအငယ်ပါ။အကြီးကောင်လေးမွေးတုန်းကတော့ ရောဂါထွေထွေထူးထူးဘာမှမဖြစ်ခဲ့ပေမယ့် အငယ်ကောင်လေးကတော့ မွေးကတည်းက ရောဂါပေါင်းစုံနဲ့ဖက်မွေးလာတာပါ။ကလေးဘ၀တုန်းက ku ku မတက်ဖူးတဲ့ဆေးရုံမရှိသလို၊မသောက်ဖူးတဲ့ဆေးဆိုတာလဲ မရှိသလောက်ပါပဲ။ကလေးတွေမှာ ဖြစ်တတ်တဲ့ရောဂါမှန်သမျှ သူနဲ့မလွှတ်ကင်းပါဘူး။ မိဘတွေတလှည့်၊အဘိုးအဘွားတွေတလှည့် နဲ့ဦးလေးဖြစ်တဲ့ ကျွန်တော် တို့ တစ်ယောက်တလှည့်စီ ပခုံးပေါ်တင်ပြီး ညလုံးပေါက်ချီခဲ့ရတဲ့ ညတွေလည်း မရေမတွက်နိုင်ပါဘူး။ ၂ယောက်စလုံး သနားစရာကောင်းတာကတော့ ငယ်စဉ်ကတည်းက မိခင်နို့ကို သောက်သုံးခွင့်မရပဲ နို့မှုန့်ဘူးနဲ့သာ အသက်ဆက်ခဲ့ရတာပါ။

နို့မှုန့်သောက်ပြီး ကြီးပြင်းလာတာချင်းအတူတူ အကြီးကောင်လေးက ရောဂါနည်းပြီး အကြမ်းပတမ်းခံပါတယ်။အငယ်ကောင်လေးကတော့ မောင်ချုချာလေးပါ။ အဲ့ဒီအချိန်တုန်းက ku ku ကိုကျွန်တော်ကရောဂါသည်လေးမို့ပိုပြီး ဂရုစိုက်ပါတယ်။ သူတို့၂ယောက်ကလေးသဘာဝ စကားများ စိတ်ဆိုးကြရင် ကျွန်တော်က ku ku ဖက်ကအမြဲပါပါတယ်။ ကျွန်တော်တို့ တူဝရီးနှစ်ယောက်ပေါင်းပြီး boy boy ကို“ ဥက္ကံဌသား တောသားလေး”ဆိုပြီး(boy boyကို ဥက္ကံဌမြို့နယ်မှာ မွေးခဲ့တာပါ) အမြဲဝိုင်းစပါတယ်။အဲဒီလို စရင်မျက်ရည်လေးဝဲပြီး သူတတ်သလောက်စကားတွေနဲ့ ပြန်ပြောပါတယ်။ စပြီးတိုင်းboy boy အတွက် ကျွန်တော်စိတ်မကောင်း အမြဲဖြစ်မိပါတယ်။၂ယောက်စလုံးက ညီအကိုဆိုပေမယ့် အပြုအမူ၊အနေအထိုင် ကတော့သူ့ဗီဇနဲ့သူပါ။boy boy ပုံစံက အသားညိုညို လုံးလုံးကစ်ကစ်လေးပါ။သူရဲ့ဂျစ်တီးဂျစ်ကန်စိတ်ကြောင့် လူကြီးတွေနဲ့ တခါတရံ အဆင်မပြေတတ်ပါဘူး။ku ku ကတော့ အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်ပါ။လူကြီးတွေ ချစ်အောင်နေတတ်ပြီး လူလည်လေးပါ။

သူတို့နှစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့အချက်လေးတွေ ထဲမှာတစ်ယောက်ကိုတစ်ယောက် ညီညီနဲ့ကိုကိုဆိုပြီးခေါ်ဝေါ်သုံးနှုန်းတာလေးလည်းပါပါတယ်။ထူးခြားတာ က ၂ယောက်စလုံးတစ်ခုခုစိတ်ခံစားမှုဖြစ်တိုင်း ကျွန်တော်ဆီအမြဲတမ်းပွင့်ပွင့်လင်းလင်း လာပြောနေကြပါ။ ကျွန်တော်အလုပ်ကပြန်လာတိုင်း အပြင်ထွက်လည်ရင် ၂ယောက်စလုံးကိုခေါ်ပြီး မုန့်ဆိုင်ထိုင်တတ်ပါတယ်။ အဲ့လိုအချိန်တိုင်း ၃ယောက်သား လွှတ်လပ်ပေါ့ပါးမှု့အပြည့်နဲ့ စကားတွေအများကြီးပြောကြပါတယ်။ ကျွန်တော့်ဘ၀ရဲ့ စိတ်ချမ်းသာမှု့ရှိတဲ့ တစိတ်တဒေသ အချိန်လေးတွေထဲမှာ ဒီအချိန်လေးတွေက ထိပ်ဆုံးကပါပါတယ်။အခုပြန်ရချင်ပါတယ်ဆိုရင်တောင် မရနိုင်တော့ပါဘူး။ နောက်ပိုင်းကျွန်တော် Malaysia ထွက်လာရတော့မှာဆိုတော့သူတို့နဲ့ခွဲ့ခွာရမှာကိုတွေးပြီး စိတ်မကောင်းဖြစ်ရပါတယ်။malaysia ရောက်လာတော့ တိုင်ဆိုင်မှုတွေရှိတိုင်း သူတို့၂ယောက်ကို အမြဲသတိရမိတယ်။မတွေ့ရတဲ့ နှစ်တွေတော်တော် လေးကြာခဲ့ပေမယ့် အမြဲတမ်းအမှတ်ရနေတုန်းပါပဲ။အခုတော့ သူတို့မိသားစုတစ်စုလုံး Singapore မှာနေထိုင်ကြပါတယ်။…….သူတို့မိသားစုအမြဲအဆင်ပြေပါစေလို့ ကျွန်တော်နေ့တိုင်းဆုတောင်းပေးနေပါတယ်။

2 comments:

sapyaephyokywe said...

အမြဲတမ်းသတိတရဖြစ်နေပါတယ်။ ^_^ we never forget you too !!!!!!!!!!!

Lin said...

this is the great story of us.:D thanks for remembering our memorable days.

Post a Comment