--------
စံလင်း
--------
ရခိုင်ပြည်နယ်မှ သဘာဝ ဘေးဒဏ်ခံခဲ့ရသော ဒေသများ ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များ အတွက် ကုလသမဂ္ဂ ဗဟိုအရေးပေါ် ကယ်ဆယ်ရေး ရံပုံငွေ အစီအစဉ်က အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ သန်းကို ကူညီ သွားမည်ဖြစ်ကြောင်း ကုလ သမဂ္ဂရံပုံငွေ အစီအစဉ်မှ သတင်း ထုတ်ပြန်သည်။
အဆိုပါ ရံပုံငွေများထဲမှ ဒေါ်လာ ၇၅၀,၀၀၀ ကို စားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့ (အက်ဖ်အေအို)၏ ရခိုင်ပြည် နယ်မြောက်ပိုင်းရှိ သဘာဝ ဘေးဒဏ် ခံစားခဲ့ရသည့် လူဦးရေ ၅၄၀၀၀ ၏ စားနပ်ရိက္ခာ ဖူလုံမှုနှင့် သက်မွေးမှု လုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး လုပ်ငန်းစဉ်များ အတွက် သုံးစွဲမည်ဖြစ်သည်ဟု သိရသည်။
ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်၏ အသက် မွေးမှုလုပ်ငန်းများ ထောက် ပံ့ရေး၊ နေထိုင်မှုအတွက် ပံ့ပိုးမှုများနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန် အကူအညီပေးမှုများ အတွက် အမေရိကန် ဒေါ်လာ ၆၀၀၀၀၀ သုံးစွဲမည်ဟု ဆိုသည်။
နိုင်ငံတကာ ကလေးများ ရန်ပုံငွေ အဖွဲ့က ပျက်စီးသွားသော ကျောင်းများ ပြန်လည် ထူထောင်ရန်နှင့် ရေနှင့် သန့်ရှင်းမှု အကူအညီများတွက် ဒေါ်လာ ၄၁၄၀၀၀ သုံးစွဲမည်ဖြစ်သည်။
သဘာဝဘေးဒဏ်ခံပြည်သူ ၁၉၈၀၀ ၏ အစာအာဟာရ ဖူလုံရေး၊ အသက် မွေးမှုလုပ်ငန်းများတွင် ထောက်ပံ့ရန် ဒေါ်လာ ၄၀၀၀၀၀ ခွဲဝေ သုံးစွဲမည် ဖြစ်ကြောင်း ပြောဆိုသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အစားအစာ မဟုတ်သော ကူညီ ကယ်ဆယ်ရေး ပစ္စည်း များ ပံ့ပိုးပေးရေး အတွက် ဒေါ်လာ ၂၇၅၀၀၀ သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မင်းပြားနှင့် မြေပုံမြို့များတွင် ဇွန်လ ၁၃- ၁၄ နှင့် ၁၅ ရက်များအတွင်း မိုးအဆက်မပြတ် ရွာသန်းမှုကြောင်း ရေကြီးပြီး လူ ၆၃ ဦး သေဆုံးကာ လူပေါင်းသောင်းချီကာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ကြသည်။
(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)
လောကကြီးအတွက် ကိုယ့်ဘ၀ကို အသုံးချပါ၊ ကိုယ့်ဘ၀အတွက် လောကကြီးကို အသုံးမချပါနဲ့။ (အောင်နိုင်သူ)
Sunday, August 8, 2010
.
.
ကုလသမဂ္ဂမှ ရခိုင်ရေဘေး အတွက် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ သန်း ကူညီမည်
8/7/2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment