Monday, June 28, 2010

. .

ကြပ်ပြေး ကို ချီတက်နေတဲ့ သန်းနဲ့ ချီတဲ့ကြွက်အုပ်ကြီး







ရန်ကုန် နဲ့ ကြပ်ပြေး သွားရာလမ်းမှာ သန်းနဲ့ ချီတဲ့ကြွက်အုပ်ကြီးချီတက်နေပါတယ်။ အသေးစိတ်ကို
ညီလင်းဆက် ရဲ့  ဘလောက်မှာ ဖတ်ကြည့်နိင်ပါတယ်။ သူကိုယ်တိုင်ကြုံတွေ့ ခဲ့ရတဲ့သန်းနဲ့ ချီတဲ့ကြွက်
အုပ်ကြီးဖြတ်နေပုံ ကို သူ ကခုလိုဖေါ်ပြထားပါတယ်။

'' နေပြည်တော်-ရန်ကုန် အဝေးပြေးလမ်းသစ်ကြီးမှာ ၂၈ ရက်နေ့ည ရှစ်နာရီလောက်က ကြွက်တွေ အုပ်လိုက်ကြီး အုပ်လိုက်ကြီး နေရာရွှေ့နေကြတာ။ လမ်းပေါ်မှာ နေရာလွတ်တောင် မရှိဘူး။ လမ်းဘေးမှာလည်း အပြည့်ပဲ။ လုံးထွေးနေကြတယ်။ ကားတွေဆိုတာ ရပ်တောင် မရပ်ရဲကြဘူး။ ကြွက်တွေကလည်း ကားမီးတွေထိုး၊ ကားတွေ တရကြမ်း ဖြတ်နေတာတောင် မကြောက်ကြဘူး။ ကားတက်ကြိတ်လို့ တဗျိဗျိ မြည်နေသံတွေက ကြောက်ဖို့တောင် ကောင်းတယ်။ လမ်းတွေဆိုတာ ကြွက်သွေးတွေနဲ့ ရဲရဲတောက်လို့။ ကြွက်သေတွေကို ကြွက်ရှင်တွေက စားသောက်နေလိုက်ကြတာ မြင်မကောင်းဘူး။ ''

ကြွက်အုပ်ကျတာ ဒါနဲ့ ဆို နှစ်ကြိမ်ရှိပါပြီ။ ဒါဟာ အလားအလာမကောင်းဘူးလို့ ပြောရမယ်။ ရိက္ခာသီးနှံတွေကိုကိုက်ဖြတ်စားသောက်နိင်တယ်။ သီးနှံတွေပျက်ဆီးကုန်ရင် လူတွေဒုက္ခထပ်မံကြုံတွေနိင်ပါတယ်။

ဘလောက်ဂါညီလင်းဆက်က သန်းနဲ့ ချီတဲ့ကြွက်အုပ်ကြီး ကြောင့်သူ စိုးရိမ်မှုကိုလည်းခုလိုဖေါ်ပြထားပါတယ်။

ဒီလို မြေတွင်းအောင်းတဲ့ သတ္တ၀ါ တွေ အခုလို အကြီးအကျယ် နေရာရွှေ့ကြတာ ကောင်းတဲ့ လက္ခာ ဏာ မဟုတ်ဘူးလို့ ဆိုကြတယ်။ တချို့က သဘာဝဘေးအနဿတရာယ် တစ်ခုခု ကျလာနိုင်လို့ သူတို့ရွှေ့ကြတာလို့ ဆိုတယ်။ တရုတ်ပြည်မှာ ငလျင်အကြီးအကျယ် မလှုပ်ခင်က ဖားတွေ အုပ်စုလိုက် နေရာ ရွှေ့ပြောင်းကြတယ်လို့ ဆိုတယ်။ အခုနေရာကတော့ ပဲခူးရိုးမတွင်းမှာဆိုတော့ ငလျင်ကြောတော့ ငလျင်ကြောပဲ။ ပြီးတော့ ဒီဒေသက မိုးကြီးရင် ရေမြုပ်တတ်တဲ့ ဒေသမို့ ရေဘေး အနဿတရာယ်လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒာကတော့ ခန့်မှန်းချက်တွေမျှသာပာ။ ဒာပေမယ့် တှောရုံနဲ့တော့ ဘယ်တိရစဿဆာန်မှ အခုလို အုပ်စုလိုက် အကြီးအကျယ် မရွှေ့ပြောင်းတတ်ကြဘူးလို့ ထင်မိတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ။ ကြွက်တွေက မြေကြွက်ဝမ်းဖြူတွေ အများဆုံး တွေ့ရတယ်။ ကြွက်သေတွေကို ကြွက်ရှင်တွေက အချင်းချင်း စားသောက်ရင်း ရောဂာဘယတွေ ဖြစ်လာနိုင်လားလို့လည်း တွေးမိတယ်။ (နေပြည်တှောမှာ ပလိတ်ရောဂာပိုး တွေ့တယ်လို့ သတင်းကြားရတယ်)။

သူက ကြွက်အုပ်ထဲက သေနေတဲ့ကြွက်တွေကို ဓါတ်ပုံနဲ့ ပါဖေါ်ပြထားတယ်။
သွားရောက်ဖတ်ကြည့်နိင် ပါတယ်။

No comments:

Post a Comment