Monday, June 28, 2010

. .

ခွေးတွေကောင်းစားနေကြတယ်ဗျို့

မြန်မာပြည်မှာ စစ်အာဏာရှင် စံနစ်သက်ဆိုးရှည်နေတာ ဘာကြောင့်ပါလဲ... အာဏာကို လက်မလွတ်နိုင်ပဲ... ဗုဒ္ဓဘာသာကိုးကွယ် သူတွေလို့ အမည်နာမ တပ်ထားတဲ့ ဘာသာမဲ့ သူတွေလို့ ကင်ပွန်းတပ်ဆို ခေါ်နိုင်ပါတယ်...။ ကံနှင့်ကံ၏ အကျိုးပေးဆိုတာထက် မြဲတယ်ဆိုတဲ့ အတ္တဝါဒကို အမြဲနှလုံးသွင်းနေပြီး ဗေဒင်ယတြာတွေနဲ့ နေ့စဉ်နပန်းလုံးနေသူတွေပါ။ ဒီတစ်ပါတ်မှာတော့ နအဖစစ်ဗိုလ်ချုပ်တွေရဲ့ အခွင့်ထူးခံ ဘဝနဲ့ သူတို့တွရဲ့ မိသားစု အတွင်းရေး တစ်ချို့ကို GRW အဖွဲ့မှ အတွင်းသိ ပေးပို့လာတာကို တင်ပြလိုက်ပါတယ်။

စစ်တပ်အတွင်းမှာ ဗိုလ်ကြီးအဆင့်ရဲ့ အောက်ပိုင်းက အခြားအဆင့်တော်တော်များများဟာ စားဝတ်နေရေး ကြပ်တည်းကြပါတယ်။ အဲဒါပေမယ့် ဗိုလ်မှုးကြီးအဆင့် ဆိုရင် တိုက်ခန်းစရပါပြီ ...အိုးအိမ်နဲ့ ပေါင်းဆောက်ထားတဲ့ တိုက်ခန်းတခန်းကို ရပါတယ်။ ဗိုလ်မှူးချူပ်အဆင့် ကြတော့နောက်ထပ် ကားတစီးနဲ့ တိုက်ခန်း ကွန်ဒိုမိနီယံအဆင့် ထပ်ရပါတယ် (အောင်ဆန်းကွင်း စီးတီးမတ်နားက မြန်မာ့ဂုဏ်ရည်အိမ်ယာ ကွန်ဒို ဆို သူတို့ချည်းပဲ အရင်ရပါတယ်။ သူ့တိုက အင်မတန်သက်သာတဲ့ ဈေးနဲ့ရပြီးမှ ပြန်ရောင်းစားကြပါတယ်) ကျန်တဲ့ပြည်သူဘဏ္ဍာငွေတွေ အလကားရရှိတာတွေ အများကြီးရှိပါသေးတယ်။

ဒုဝန်ကြီးအဆင့် လောက်ဆို ကားက(၃)စီး အနည်းဆုံး ဌာနကပေးထားရတယ် ဆီကတလကို ကားတစီး (၅၆) ဂါလံလောက်က အနည်းဆုံးရတယ်...။ အောက်ခြေ ၀န်ထမ်းတွေက ဖယ်ရီပျက်လို့ လမ်းတ၀က်မှာ ရပ်နေကြတာတွေ အများကြီး နောက်ြပီး .... ဗိုလ်ချူပ်အဆင့်ကြတော့ တိုင်းမှုးဆိုရင်လည်း သူ့တိုင်းမှာ အ၀အပြဲ စားထားတာတွေ ထားလိုက်ဦး... ရန်ကုန်မှာထက်ပြီးတော့ ဗိုလ်ချူပ်အဆင့်နဲ့ လျှော်ညီအောင်လို့ ဆိုပြီး နောက်ထပ် လုံးချင်းအိမ်ရာတွေကို ကိုဈေးသက်သာစွာနဲ့ ထပ်ရပြန်ပါတယ်။ ပြည်သူတွေအတွက် မရောင်းခင်မှာ သူတို့ကို အကုန်အရင်ပြရပါတယ်။ ပြီးတော့စီးဖို့ ကားတစီးထပ်ရပါတယ် အဲ့ဒါကလည်း အနည်းဆုံး သိန်း၁၈၀၀လောက် တန်ပါတယ်။ သက်သာတဲ့ဈေးနဲ့ ငွေကိုသွင်းရပါတယ်...။
Thein Sein
ဦးသိန်းစိန်၊ ဦးခင်ညိုနှင့် ဖိလစ်ပိုင်မြန်မာသံအမတ်..
နောက်စက်မှု့ဇုံက ကားတွေ ဈေးကောင်းတုန်းရလို့ ကတော့ ဗိုလ်ချူပ်တွေအကုန်လုံး ကားထုတ်ရရေးကို သူ့ ထက် ငါအလုအယက်နော် ဈေးကွက်တွေပျက် ကားဈေးတွေ မကောင်းတော့မှ သူတို့မထုတ်ချင်တော့မှ ပြည် သူတေရတာ ... တလောကစစ်ဝန်ကြီးတွေ ဘဝကနေ အမတ်ရွေးခံဖို့ လူဝတ်လဲခိုင်းလိုက်တဲ့ ဗိုလ်သိန်းစိန်တို့ အဖွဲ့လည်း တော့လည်း နောက်ထပ် လင့်ခရုဇာစာကား တစ်ယောက်တစ်စီးစီ ထပ်ရပြန်ပါတယ်။ ဒါက ဗိုလ်ချုပ်အဆင့်တွေအထိ လောက်ပဲမြင်လောက်အောင် ရေးပြထားတာပါ... ။ အဲ့ထက်ကြီးတဲ့အဆင့် သရဲကြီးတော့ သဘက်ဖြစ်နေတဲ့ အဆင့်တွေဆိုရင် ဘယ်လောက်ထိတောင် ပြည်သူ့ဘဏ္ဍာတွေကို အသုံးချနေမယ်...ဆိုတာတွေကို တွက်ကြည့် လို့ တောင်မရပါဘူး။

စားစရာ အလျှံအပယ် ပေးမယ့်သူ မတရားငွေအလျှံအပယ်နဲ့ ဒီဗိုလ်ချုပ်တွေကပဲ စစ်တပ်ထဲ တပ်သားကိုပဲ အိမ်မှာ ကားမောင်းခိုင်းပါတယ်။ ခြံသန့်ရှင်းရေး လုပ်ခိုင်း ... အဲ့ဒီ့လို အလျှံအပယ်ရနေတဲ့ သူတို့ မိသားစုတွေကပဲ အိမ်အကူကို သေသေချာချာ လုပ်တတ်ကိုင်တတ်တဲ့ အရွယ်ရောက် မိန်းကလေးတွေကို အပြင် ကပေါက်ဈေးအတိုင်း ပေးပြီးမခိုင်းပါဘူး...။ အလကားရရင် ရသလိုခိုင်းတာ ထမင်းစား ကျွန်ခံပေါ့။ ဒါတွေက သူတို့အတွက် ဒါတွေက တကယ့် အသေးအမွှားလေးတွေပါ။ ငါးထောင်ကျပ်တန်တွေ ထုတ်တာလည်း ပြည်သူတွေ အတွက် ဆိုတာထက် သူတို့မတရားရထားတဲ့ မသထာရေစာ ရထားတဲ့ ငွေတွေကို ဝန်ထုပ်ကျဉ်းကျဉ်းနဲ့ ထားနိုင်အောင်ပါ။ နောက် သူတို့ချမ်းသာပုံတွေမှာ ဆည်မြောင်းဝန်ကြီး (ကြံ့ဖွတ်အတွင်းရေးမှုး) ဗိုလ်ချုပ်ဌေးဦး အိမ်ဆို ရန်ကုန်(၉) မိုင် ဂေါက်ကွင်းထဲ ကနေတောင် မြင်နေရတယ် အကျယ်ကြီး... အကြီးကြီးပဲ။

အပျော်အပါးတွေနဲ့သာ အချိန်ကုန်နေတဲ့ ဖိုးလပြည့်
ဓာတ်ပုံ ကိုဘတိုးနှင့် ကိုနစ်နေမန်းမှ

တကယ်တော့ အဲ့လောက်တွေက ထည့်တွက်စရာ မလိုပါဘူး ကျွန်တော်တို့ အကိုတို့တကယ် ပစ်မှတ်ထားရမှာက ခေါင်ပိုင်းတွေနဲ့ သူ့မြေးတော်သူ ဆိုတာတွေကိုပါ။ အဲ့ဒီ့ဖိုးလပြည့်(ခ) နေရွှေသွေးအောင် ငယ်ငယ်က မန္တလေးနန်းတွင်းထဲ ကိုသွားလည်တယ်လေ... အဲဒီမှာ နန်းတွင်းက မှန်တွေကို ကျောက်ခဲ တွေနဲ့ ပစ်တော့ ဘယ်သူမှ မပြောရဲဘူးပေါ့ ။ တခွမ်းခွမ်းနဲ့ကွဲရောလေ အဲ့ဒီမှာလူကြီးကတော် ဒုတိုင်းမှုးကတော်ကြီးက ဟယ် သားက တော်လိုက်တာ လက်တည့် လိုက်တာဆိုပြီး လက်ခုပ် တီးပေးရတယ်တဲ့။ အဲ့လောက်ထိ ကပ်ဖားရပ်ဖားနေကြတာလေ ... ။

မနှစ်က လေးလပိုင်းက ချင်ချောင်းခြံရှေ့မှာ တင်အောင်မြင့်ဦးသား က ဦးဆောင်ပြီးဖွင် ဖွင့်တဲ့ 7Luckerဆိုင်... ဆိုင်ကုန်ကျစရိတ် သိန်း၂၀၀၀နီးပါးရှိတယ်။ ဆိုင်ထဲကလည်း ခမ်းနားသလို အစားအသောက်ကလည်း ကောင်းပါတယ်နာမည်ရပီး စားစရာလည်းကောင်းတော့ တတ်နိုင်တဲ့ မိသားစုတွေနဲ့ ပြည့်စုံတဲ့ ကလေးတွေကြားမှာဆိုင် ကနာမည်ရလာပါတယ်။ လှလှပပ၀တ်စားပီးလာတဲ့ သူများတော့ ဖိုးလပြည့် တို့လည်း ဆိုင်ကိုမျက်စိကြမှာပေါ့။ နောက်ဆိုင်ကို စဆောက်တော့ ခုချိန်ကျမှ ဒီနေရာမှာ ဆောက်တာ ဘယ်သူလည်း ဘာညာဆိုပြီး မျက်စိကျတဲ့ သူတွေရှိနေတော့ဆိုင်က တရားဝင်ဖွင့်လို့မရသေးဘူး သူ့သားထက် ငါသားတွေကြီးတဲ့ ခေတ်ဖြစ်နေတာလေ...။

အဲ့လိုနဲ့  ဆိုင်ကို အဲဒီ့မျောက်လာပြီး ဈေးအကြီးဆုံး ဘီယာ ရှိလား ဆိုတာကနေ စပြီးပြသနာ တက်ကြတယ်။ နောက်ဆုံးအဲ့ဒီဆိုင်မှာတင် ပြသနာဖြစ်တော့  မျောက်က သူ့ အဘွားကို ချက်ခြင်းဖုန်းဆက်တယ်လေ အဲ့မှာတင် အနီးဆုံးရှိတဲ့ နေရာက ဘူဒိုဇာနဲ့ ဆိုင်ကို ထိုးခိုင်းတာ။ ညတွင်းချင်း သိန်း၂၀၀၀တန် ဆိုင်က အုပ်ဖိနပ်ပဲကျန်တယ်။ နောက်သီဟသူရတင်အောင်မြင့်ဦး ကတော်ကို အဘွားကြီးက ခေါ်ပြီး ပါးရိုက်တယ်။ ဆိုင်ရှင်ကို တင်အောင်မြင့်ဦး သားက ဦးဆောင်ြပီးဖွင့်တာကိုး။ နောက် တယောက်ကလည်း ဗိုလ်ချုပ်သားပဲ သူ့ကိုလည်း ခြေထောက်နဲ့ ကန်တယ်တဲ့ .. အတွင်းသိတွေကြားထဲမှာ နာမည်ကို ကြီးရော..အခုတော့ဒီကလေး လူကြီးဖြစ်လာတော့ ကြားရသိရတာတွေက အားလုံးသိကြတဲ့ အတိုင်းပဲလေ။ ငယ်ငယ်က ဆိုးသွမ်းခဲ့တဲ့ ဗီဇနဲ့ မြှောက်ထိုး ပင့်ကော်တွေကြောင့် ဖြစ်ချင်တိုင်းဖြစ်နေပါပြီ။


လေးလပတ် အစည်းအဝေးတွေတိုင်းမှာ ဒေါ်ကြိုင်ကြိုင်က တိုင်းမှုးကတော်တွေကို ပြောတာက သားသမီးတွေကို ကိုဘာသာခြားနဲ့ မပေးစားရဘူး.. ကိုယ့်စစ်တပ် အသိုင်းအဝိုင်း အချင်းချင်းပဲ ပြန်ပြီးပေးစားရမယ် ပြောပါတယ်။ ဒါပေမယ့်တကယ့် စစ်တပ်မှာ မနေချင်တော့ဘူးလို့ ပြောတဲ့သူတွေတော်တော်များ နေပါပြီ။ ဘာလို့လည်းလို့ဆိုတော့ ကိုယ်လောက်မှ မရိုးသားတဲ့သူတွေ နောက်အဲ့ဒီသူတွေရဲ့ မိန်းမဖြစ်သူတွေကလည်း ကိုယ့်လောက်မှ အရည်အချင်းမရှိသလို တချို့ဆို တကယ်ကို ကလပ်က မိန်းကလေးတွေနဲ့ ကြိုက်ပြီး .. လိုက်လာလို့ ယူလိုက်ရတာတွေ တစ်ပုံကြီး ... တစ်ချို့အမျိုးသမီးတွေဆို အတန်းပညာတောင် ကောင်းကောင်းမရှိကြဘူး။ .တကယ်ကို ပစ်စလက်ခတ်တွေ စရိုက်တွေ အဲ့လိုမျိုးလူတွေ ရာထူးတွေ တက်သွားတော့ ...တချို့ ပညာတတ် အမျိုးသမီးတွေက သူတို့ယောကျာင်္းတွေ ရာထူးမတက်တော့ မနေချင်တော့ဘူး ကိုယ့်လောက်မှ အဆင့်မရှိ ၊ အတွေးအခေါ်မရှိ၊ ပညာမရှိတဲ့ သူတွေကို မမ မခေါ်နိုင်ဘူး သူတို့ ခိုင်းတာမလုပ်နိုင်ဘူး... သူတို့က နားလည်လို မဟုတ်ဘူး အရှုးဘုံ မြောက်ထားတာလို့တောင် ပြောကြပါတယ်...။

နောက်ပိုင်းတွေမှာ စစ်တပ်အတွင်းက ဗုဒ္ဓဘာသာတရားထက် ဘိုးတော် ၊ဗေဒင် ၊ယတြာတွေ ကိုးကွယ်မှု ... ဗိုလ်ချုပ်တွေရဲ့ မသမာမှုတွေကို ဆက်လက်ဖော်ပြသွားပါမယ်

ပြည်တွင်းမှာ ဖွဲ့စည်းထားတဲ့ GRW မှအတွင်းသိ တစ်ဦးမှ ပေးပို့လာတာကို ဖော်ပြလိုက်ရပါတယ်။ ကြီးနိုင်ငယ်ညှင်း ဗိုလ်ကျစိတ်ဓာတ်တွေနဲ့ ဘာသာတရားတွေ ရှိမှ ရှိသေးရဲ့လို့ စဉ်းစားရတဲ့ အထိပါပဲ။ ဒီလို အထက်အောက် ကြီးနိုင်ငယ်ညှင်း စိတ်ဓာတ်တွေကြောင့် အောက်ဆုံးက ပြည်သူတွေ အဖို့မှာတော့ နင်းပြားခံ ဘဝတွေပါ... သူတို့ ဓနအင်ပါယာ၊ စည်းစိမ် ၊အာဏာတွေကို အဆုံးရှုံးခံပြီး ဘယ်တော့မှလည်း နေရာကနေ ဖယ်ရှားပေးဖို့ စိတ်ကူးမရှိပါဘူး.. (၂၀၁၀)ရွေးကောက်ပွဲကို ယှဉ်ပြိုင်မယ်ဆိုတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအနေနဲ့ လေးလေးနက်နက် စဉ်းစားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။
သတင်း။ ။ ဒီမိုဝေယံ

No comments:

Post a Comment