Sunday, June 20, 2010

. .

လေးစားဖွယ် နိုင်ငံရေးသမားတစ်ယောက်၏ ရင်နှင့်စရာအကြောင်း

ရွက်လှပန်း ကိုစည်သူ နှင့် ယုံကြည်ချက်မော်ကွန်း

ဦးဇဝန

ဇွန် ၁၉၊ ၂၀၁၀မိုးမခ

(၁)

လူ့ဘဝ ခရီးလမ်းတလျှောက် အကွေ့အကောက်တို့်က များပြားလှသည်။ ထို အကွေ့အကောက်တို့တွင် ဆူးငြောင့်ခလုတ်များ ချိုင့်များကလည်း ပြွန်းတီးနေသည်။ အခက်အခဲတခုကြုံလာတိုင်း တွေ့ကြုံပြီးသား အခက်အခဲများနှင့် နှိုင်းယှဉ်ကြည့်မိကြသည်။ ကြမ်းတမ်းမှုတခု ကြုံတွေ့ရပြန်လျှင်လည်း ဖြတ်သန်းခဲ့ဖူးသော ကြမ်းတမ်းခါးသီးမှုတို့နှင့် ချိန်ထိုးကြစမြဲပင်။

ထို့အတူပင် ဦးဇင်းတို့ဖြတ်သန်းခဲ့ရသော ခရီးတလျှောက် ရက်စက်မှုတခုကြုံရလျှင် ရက်စက်မှုချင်း၊ အစော်ကားခံရတာတခုကြုံရလျှင် အစော်ကားခံရတာချင်း အလေး အပေါ့ ‘ဆ’ ကြည့်မိသည့် ဖြစ်ရပ်က ဒုနဲ့ဒေး။ မိမိကိုယ်ပေါ်ကျလာသော ဒုက္ခ၊ သောကတို့ကို တခုနှင့်တခု ယှဉ်ထိုးကြည့်မိတာ ရှိသလို၊ အတူဖြတ်သန်းနေသော ရဲဘော်တို့ရဲ့ အနှိပ်စက်ခံရမှုတွေအပေါ် နှိုင်းယှဉ်မိတာတွေ ရှိသည်။

သာမန်ကြုံတွေ့ရမှုတွေထက် ထူးခြားလွန်းသည့် ဖြစ်ရပ်များပင်။ ဦးဇင်း ကြုံခဲ့ရသည့်အထဲ ထူးထူးခြားခြား အမှတ်ရနေမိသူတယောက်က ကိုစည်သူ။ ရွက်လှပန်းနဲ့ တင်စားရမယ့်လူမျိုး။ နေပြင်းလေ အဆင်းလှလေ၊ ဇွဲ အပူဒဏ် ရိုက်ချက်ပြင်းပေမယ့် ခေါင်းငုံမခံတဲ့ သတ္တိကြောင့် အရွက်ဆိုပေမယ့် ပန်းဆိုပြီး ဦးညွှတ်ကြရမြဲ။

No comments:

Post a Comment