Monday, June 28, 2010

. .

မလေးရှားနှင့်ထိုင်းနယ်စပ်ရှိ တရားမ၀င်နိုင်ငံခြားသားများ ထိန်းသိမ်းရေးစခန်း၌ ၅လ အတွင်း လူ၈ဦးသေဆုံး

၂၉-၀၆-၂၀၁၀
အောင်နိုင်သူ

မလေးရှားနှင့် ထိုင်းနယ်စပ်ရှိ တရားမ၀င်နိုင်ငံခြားသား ထိန်းသိမ်းရေးကန့်တစ်ခုဖြစ်သော ပလန်တစ်ကန့်တွင် ၅လအတွင်းမှာ လူ၈ယောက်သေဆုံးခဲ့ပါတယ်။အဓိက အကြောင်းရင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု့လုံးဝမရှိခြင်းကြောင့် သေဆုံးရခြင်းဖြစ်သည်။ထိုကန့်တွင် အေ အဆောင်နှင့် ဘီ အဆောင်၂ ဆောင်သာရှိပါသည်။အဆောင်တစ်ဆောင်၏ အရှည်မှာ ပေ၈၀ကျော်လောက်သာရှိပါသည်။အေ တွင်မိန်းကလေးများထားပြီး ၊ဘီတွင် ယောက်ျားလေးများထားရှိပါသည်။အေ တွင်လူဦးရေ အနည်းငယ်သာရှိသော်လည်း ဘီအဆောင်တွင် လူဦးရေ၅၀၀ကျော်အထိထားရှိပါသည်။အမှန်တကယ်ထားရှိရမည့်ပမာဏထက် အဆမတန်ကျော်လွန်ကာထားသောကြောင့် မလိုလားအပ်သောကိစ္စများဖြစ်ပေါ်လာပါသည်။ရေချိုးရန် ရေကိုတန်းစီစနစ်ဖြင့် လူတစ်ဦးလျှင် ချိုးရေ ၅၀၀ ဂရမ်ဆံ့သောခွက်လေး၂ခွက်စာသာရရှိသည်။ဒါတောင် လူသစ်ဆိုလျှင်ရေ ၅ခွက်ရပြီး၊လူဟောင်းဆိုလျှင်ရေ ၂ခွက်သာချိုးရသည်။ ထမင်းစားရာ၌လည်း လက်သန်းလောက်ငါးလေး၃ကောင်လောက်နှင့်ပုံစံခွက်ထမင်း၊ဟင်းရေအနည်းငယ်သာရရှိသည်။ ထမင်းစားပြီးလျှင် လက်ဆေးရန်ရေမရှိပါ။အိမ်သာသွားသူအများစုမှာ ညစ်ပတ်ပေရေနေသော အိမ်သာကြောင့် အန်လျက်ပြန်ထွက်လာကြသည်မှာနေ့စဉ်နှင့်အမျှ။နေမကောင်း၍ ဖျားနားလို့ဆေးတောင်းလျှင် ဆေးမရှိဟုသော အဖြေသာ အမြဲကြားရပါသည်။အိပ်ရသည်က သံမံတလင်း၊စားရသည်က ငါးရေလုံပြုတ်နှင့်ပုံစံခွက်ထမင်း၊ဖျားလျှင်ဆေးမရှိ။သာမာန်ဖျားရာမှ အသက်သေဆုံးသည့်အခြေအနေသို့ဖြစ်ပွားရတော့သည်။ညအိပ်ရာ၌လည်း အဆောင်အတွင်းလူမဆန့်၍ အဆောင်အပြင်ဖက်မြေကြီးပေါ်၌ထွက်၍အိပ်ရသည်။ညဖက်မိုးရွာလျှင်လည်းအမိုးအကာမရှိ၊မိုးလင်းသည့်အထိ သည်အတိုင်းငုတ်တုတ်ထိုင်နေကြရ၏။အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့်အကျဉ်းစခန်းက မထွက်ရမခြင်း ရက်ပေါင်းများစွာ၊လပေါင်းများစွာ အသက်ရှင်လျက် ငရဲခံနေရသည်။အင်္ကျီနှင့်စောင်များတော့ရှိပါသည်။အလကားပေးခြင်းတော့မဟုတ်။ပိုက်ဆံနှင့်ရောင်းချခြင်းဖြစ်သည်။ အကျဉ်းစခန်းထဲ၌နိုင်ငံပေါင်းစုံမှလူပေါင်းစုံ။မြန်မာ၊ထိုင်း၊ဗီယက်နမ်၊အင်ဒိုနီးရှား၊ပါကစ္စတန်၊နိုင်ဂျီရီးယား၊လိုက်ဗေရီးယား၊အီရတ်၊ဘင်္ဂလားဒေ့ရု စသည်နိုင်ငံပေါင်းစုံမှဖြစ်ကြသည်။လွန်ခဲ့သော ၄ရက်တွင် ထိုအကျဉ်းစခန်းမှလွှတ်မြောက်လာသော စောအယ်တလယ်(ခ)ကိုစော၏ပြောပြချက်အရသူအကျဉ်းစခန်းတွင်နေထိုင်ခဲ့သော ၁၀ရက်အတွင်း ရေကို ၄ရက်သာချိုးသည်။၁၀ရက်ပေါင်းမှ ၃ခါသာအိမ်သာတက်သည်။ညအိပ်ချိန်၌ အဆောင်အတွင်းလူပြည့်နေ၍ အဆောင်အရှေ့ဖက်မြက်ခင်းပြင်တွင်ထိုင်၍ သာအိပ်ရကြောင်း။အပြင်ဖက်မြေကြီးပေါ်တွင်ငုတ်တုတ်အိပ်ရသော ၁၀ရက်အတွင်းမိုး၂ခါမိ၍ ဖျားသေးသည်။
ယခုလိုမြန်မြန်ပြန်လည်လွှတ်မြောက်လာခြင်းကြောင့်သာ ၀မ်းသာမိပါတယ်ဟုပြောကြားသေးသည်။
(UNHCRနှင့် အဖွဲ့အစည်းများမှလာရောက်လူကယ်ထုတ်သွားသကဲ့သို့မြန်မာသံရုံးမှလည်း လာရောက်ကြည့်၍ မြန်မာပြည်ပြန်လိုသူများကိုစာရင်းလာယူလျက်ရှိသည်။)မှတ်ချက်။။။။။။။အဖြစ်မှန်အတိုင်းရေးသားတင်ပြခြင်းဖြစ်သည်။........။။အောင်နိုင်သူ

No comments:

Post a Comment