
မိုးသည်းထန်မှုကြောင့် မောင်းတောမြို့နယ်၌ ရေကြီးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ယခုအချိန်တွင် စစ်အစိုးရနှင့် ကယ်ဆယ်ရေးအဖွဲ့အစည်းများက တချို့နေရာများတွင် ရေဘေးဒုက္ခသည်များကို ကူညီပေးနေသော် လည်း တချို့နေရာများတွင် လမ်းပျက် တံတားကျိုးခြင်းနှင့် မြေပြိုမှုများကြောင်း ဒုက္ခသည်များကို မထောက်ပံ့ပေးနိုင်သေးကြောင်း သိရသည်။
ဘူးသီးတောင်၌ ရွာပေါင်း ၈၅ ရွာ ရေလွှမ်းမိုးမှုကို ခံနေရပြီး ယင်း ရွာများထဲမှ ရွာ ၄၀ ကျော်သည် ရေးလွှမ်းမိုးမှု အဆိုးရွားဆုံးကို
ခံနေရကြောင်းလည်း OCHA အဖွဲ့က ဆိုသည်။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးမှူးက ပြည်ထဲရေး ၀န်ကြီးဌာနမှ ဒု ၀န်ကြီး ဦးဘုန်းဆွေ နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံကာ ရေးဘေး ဒုက္ခသည်များ အကူအညီပေးရေး အစီအစဉ်များကို ဆွေးနွေးရာတွင် လိုအပ်ပါက ရဟတ်ယာဉ် အသုံးပြုခွင့်ပေးရန် တောင်းဆိုခဲ့သည်။
ယင်း အကူအညီပေးရေး အတွက် အဆိုပါ ဒု ၀န်ကြီးက သဘောတူညီခဲ့ပြီး ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကို ဦးဆောင်ကာ ဘူးသီး တောင်သို့ သွားရောက်မည်ဖြစ်ကြောင်း ပြန်ကြားခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ် မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်နှင့် မောင်းတော မြို့နယ်များတွင် ဇွန်လ ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက်များက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ အဆောက်အအုံးများ ပျက်စီးခြင်း၊ ရေ ကြီး၍ နစ်မြုပ်ခြင်း၊ မြေပြိုခြင်းများလည်း ဖြစ်ပွားခဲ့သည်ဟု ယနေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ရေဘေး ဒုက္ခသည်များကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များ၏ အစီအစဉ်ဖြင့် နီးစပ်ရာ ကျေးရွာများရှိ စာသင် ကျောင်းနှင့် ဆွေ မျိုးသားချင်း နေအိမ်များတွင် ခေတ္တ နေထိုင်လျက်ရှိကြောင်း သိရသည်။
ထို ရေဘေး ဒုက္ခသည်များကိုလည်း ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ ပြန်လည်ပြင်ဆင် တည်ဆောက်ခြင်း လုပ် ငန်းများကို အစိုးရဌာနဆိုင်ရာ၊ တပ်မတော်သားများနှင့် အစိုးရမဟုတ်သော (NGO) အဖွဲ့အစည်းများ ပူးပေါင်းကာ ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်းစာများတွင် ဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံ မိုးလေ၀နှင့် ဇလဗေဒ ဦးစီးဌာနက မြန်မာနိုင်ငံ တ၀န်းလုံးတွင် မိုးများ ထပ်မံ ရွာသွန်းလိမ့်မည်ဟု ခန့်မှန်း ထားသည်။
ထိုသို့ မိုးသည်းထန်စွာ ရွာသွန်း၍ မြေပြို ရေလွှမ်းခြင်းကြောင့် လူသေပျောက်မှု စာရင်းကို စစ်အစိုးရ သတင်း မီဒီယာများက
ကြေညာခဲ့သော်လည်း ပျက်စီး ဆုံးရှုံးမှု တန်ဖိုးများကို ကြေညာခြင်း မရှိသေးပေ။
No comments:
Post a Comment