Monday, June 28, 2010

. .

ရန်ကုန်ဆိပ်ကမ်းသို့ သင်္ဘောကြီးများ ၀င်ထွက်သွားလာနိုင်ရေး အတွက် ရန်ကုန်မြစ်ကြောင်းကို ပြုပြင်ရန် ထိုင်းကုမ္ပဏီတစ်ခုက ကမ်းလှမ်း၊ ကမ်းလှမ်းချက်တွင် ပါဝင်

ရန်ကုန်ဆိပ်ကမ်းသို့ သင်္ဘောကြီးများဝင်ထွက် သွားလာနိုင်ရေး အတွက် ရန်ကုန်မြစ်ကြောင်းကို ပြုပြင်ရန် ထိုင်းကုမ္ပဏီတစ်ခုက တာဝန်ယူလုပ်ဆောင်သွားရန် ကမ်းလှမ်းထားကြောင်း သတင်းရရှိပါသည်။

ရန်ကုန်ဆိပ်ကမ်းသည် river port တစ်ခုဖြစ်သောကြောင့် ရေစူးနက်သော ပင်လယ်ကူး သင်္ဘောကြီးများ ၀င်ရောက်ဆိုက်ကပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ထို့အပြင် Monkey point ဟုခေါ်သော အတွင်းသောင်ခုံနှင့် Elephant point ဟုခေါ်သော အပြင်သောင်ခုံများ ပါရှိနေရာ ရန်ကုန်မြစ်အတွင်း ၀င်ရောက်မည့် သင်္ဘောကြီးများသည် ပင်လယ်ဒီရေတက်ချိန်ကိုစောင့်၍ သွားလာရကြောင်း သိရသည်။
ဒါဟာ ဖြစ်နိုင်ခြေရှိ၊ မရှိ ပြန်ပြီး လေ့လာသွားရမှာပါ။ ဥပမာ ပြောရရင် သောင်ခုံနှစ်ခုကို တူးလိုက်ရင် ရေစူးများတဲ့ သင်္ဘောတွေ ၀င်နိုင်မှာလား။ ဒီလိုလုပ်လို့ မြစ်ကြောင်းကို ဘယ်လို သက်ရောက်လာမလဲ။ သောင်တူးတယ်ဆိုတာကလည်း လနဲ့ချီကြာမှာလေ ...်

''ရန်ကုန်မြစ်မှာ သောင်တူးတာကိုလည်း ဖိဖိစီးစီးသိပ်မလုပ်နိုင်ဘူး။ နုန်းပို့ချတာရယ်၊ ဧရာဝတီမြစ်ကစီးတဲ့ ရေသိပ်မရတော့တာရယ်ကြောင့် ရေအနက်နည်းသွားတယ်။ ပြီးတော့ သောင်ခုံတွေကလည်း ခံနေတော့ သင်္ဘောကြီးတွေဆို ရေတက်ချိန်ရောက်ရင်တောင် ၀င်လို့ မလွယ်ဘူး။ သင်္ဘောသေးတွေလောက်ပဲ ရေတက်ချိန်ကို စောင့် ပြီးသွားလို့ရတဲ့ အနေအထားရှိတယ်''ဟု ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

ရန်ကုန်မြစ်တွင် သင်္ဘောကြီးများ သွားလာရ လွယ်ကူအဆင်ပြေ စေရန်အတွက် ထိုင်းကုမ္ပဏီတစ်ခုမှ မြစ်ကြောင်းပြုပြင်ရန် လာရောက်ကမ်းလှမ်းမှုများ ရှိနေပြီး လက်ရှိအချိန်ထိမူ အဆိုပါကမ်းလှမ်းမှုအား လက်သင့်ခံခြင်း ရှိ၊ မရှိ တိကျစွာ မသိရှိရသေးကြောင်း သိရသည်။

''ထိုင်းကုမ္ပဏီက ရန်ကုန်မြစ်ကို ပြုပြင်ပေးမယ်ဆိုပြီး ကမ်းလှမ်းတာရှိပါတယ်။ သူတို့ကတော့ မြစ်ဝမှာခံနေတဲ့ အတွင်းစည်းခုံနဲ့ အပြင်စည်းခုံ သောင်ခုံနှစ်ခုကို တူးထုတ်ပစ်မယ်။ ပြီးတော့ မြစ်ကြောင်းကောင်းဖို့လည်း တခြားလိုအပ်တာတွေ လုပ်သွားမယ်လို့လည်း ကြားပါတယ်''ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်း မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ကမ်းလှမ်းချက်တွင် ပါရှိသည့် လုပ်ဆောင်မည့်အချက်များနှင့် ဖြစ်ပေါ်နိုင်သည့် အကျိုး အပြစ်များအား ရေကြောင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက လေ့လာမှုပြုလုပ်ရန်လည်း ရှိကြောင်း သိရသည်။ အဆိုပါ လေ့လာမှုပြုလုပ်မည့် ပညာရှင်များတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် စသည်တို့မှ ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်မည် ဖြစ်ကြောင်းလည်း သိရသည်။

''ထိုင်းကုမ္ပဏီက ပြောလာတဲ့ အချက်တွေကို ကြည့်ပြီး ဒါဟာ ဖြစ်နိုင်ခြေရှိ၊ မရှိ ပြန်ပြီး လေ့လာသွားရမှာပါ။ ဥပမာ ပြောရရင် သောင်ခုံနှစ်ခုကို တူးလိုက်ရင် ရေစူးများတဲ့ သင်္ဘောတွေ ၀င်နိုင်မှာလား။ ဒီလိုလုပ်လို့ မြစ်ကြောင်းကို ဘယ်လို သက်ရောက်လာမလဲ။ သောင်တူးတယ်ဆိုတာကလည်း လနဲ့ချီကြာမှာလေ စသည်ဖြင့်ပေါ့။ ဒါတွေကို သုံးသပ်လေ့လာသွားမှာပါ''ဟု မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ဆရာတစ်ဦးက ပြောပြခဲ့သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် လက်အောက်ရှိ ရန်ကုန်ဆိပ်ကမ်းများအား ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့် ပြုမှုနှင့်အတူ ရန်ကုန်မြစ်အတွင်းရှိ အတွင်းစည်းခုံနှင့် အပြင်စည်းခုံ သောင်တူးခြင်းလုပ်ငန်း၊ ရေလမ်းကြောင်း ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်ပြီး ရန်ကုန်မြစ်အတွင်း ၀င်ရောက်၊ ထွက်ခွာ သွားလာနေသည့် ပြည်တွင်း၊ ပြည်ပ သင်္ဘောများထံမှ မြစ်ကြောင်းထိန်းသိမ်းခ ပြန်လည်ကောက်ခံသွားရန် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိထားသည်။

No comments:

Post a Comment