Friday, June 18, 2010

. .

မုဒိန်းကျင့်ခြင်းကို ကာကွယ်နိုင်မည့် ကွန်ဒုံး

26 စက္ကန့်တိုင်းတွင် မုဒိန်းမှုဖြစ်ပွားသော တောင်အာဖရိကနိုင်ငံတွင် Dr. Sonnet Ehlers ဆိုသူအမျိုးသမီးတစ်ဦးက မုဒိန်းကျင့်ခြင်းမှ ကာကွယ်နိုင်မည့် Rape-aXe ဟုခေါ်သော ကွန်ဒုံးကို တီထွင်ခဲ့လေသည်။တီထွင်သူက အဆိုပါကွန်ဒုံးသည် မတော်မတရားပြုကျင့်ခြင်းခံရမည့်ဘေးမှ ကာကွယ်နိုင်သည့်အပြင် ခုခံအားကျဆင်းမှု အပါအ၀င်အခြားသော လိင်ရောဂါများနှင့်အတူ မလိုလားအပ်သော ကိုယ်ဝန်ဆောင်ခြင်းမှလည်း ကာကွယ်နိုင်မည်ဟုဆိုသည်။် အဆိုပါကွန်ဒုံးသည် အတွင်းဘက်၌ ဘရိတ်ဒါးကဲ့သို့ ထက်သောဒါးသွားပါရှိကာ ဓမ္မတာလာစဉ် အသုံးပြုသည့် tampon ကဲ့သို့ပင် မိန်းမကိုယ်အတွင်းသို့ ထည့်သွင်းအသုံးပြုရမည် ဖြစ်သည်။ မုဒိန်းကျင့်ရန် ကြံစည်သူသည် မိန်းမကိုယ်အတွင်း လိင်တံကိုထည့်လိုက်သည်နှင့် လိင်တံတွင် ဒါးသွားများ လာရောက်စိုက်မိပြီး မခံမရပ်နိုင်အောင် နာကျင်မှုကို ခံစားရမည်ဖြစ်သည်။ လိင်တံကို ဆွဲနှုတ်ချိန်တွင် အဆိုပါကွန်ဒုံးသည်လည်း လိင်တံနှင့်အတူကပ်လျှက်ပါသွားမည်ဖြစ်သည်။ ထိုအချိန်တွင် အမျိုးသမီးသည် ထွက်ပြေးရန်အခွင့်အရေး ရမည်ဖြစ်သည်။ အဆိုပါကွန်ဒုံးကို လွယ်လင့်တကူဖယ်ရှား၍ မရဘဲ ခွဲစိတ်ပြီးမှသာ ဖယ်ရှားနိုင်မည်ဖြစ်၍ မုဒိန်းသမားကို ဆေးရုံ/ဆေးခန်းမှ တာဝန်ရှိသူက ရဲကိုအကြောင်းကြားခြင်းဖြင့် လက်ရဖမ်းမိမည်ဖြစ်သည်။ လိင်တံတွင်စိုက်မိနေသော ဒါးသွားများသည် အရေပြားကိုသာ ထွင်းဖောက်မည်ဖြစ်ပြီး အရေပြားအောက်ရှိ တစ်ရှူးကို ထိမည်မဟုတ်သဖြင့် သွေးထွက်မည်မဟုတ်။ သို့ဖြစ်၍ သွေးမှရရှိသော အခြားရောဂါများကို အမျိုးသမီးအနေဖြင့် စိုးရိမ်စရာမလိုဟု ဆိုသည်။

No comments:

Post a Comment