Saturday, June 5, 2010

. .

ဗဟုသုတဝေမျှပါတယ်

မံမီ ပင်လယ်သရဲ ငါး




ဒီအရာဟာ အထူးပြုလုပ်ချက်တစ်ခု ဖြစ်ပါစေလို့ပဲ ကျွန်တော်မျှော်လင့်ပါတယ် ။
ဒီလိုမှမဟုတ်ခဲ့ရင်တော့ ကျွန်တော် ပင်လယ်ခရီးတွေကို ဘယ်သောအခါမှ
သွားရဲတော့မှာ မဟုတ်ပါဘူး ။ သို့ပေမယ့် ဒီမံမီသရဲငါးရဲ့ ပိုင်ရှင်က တော့
ဒီငါးဟာ ပင်လယ်ကမ်းခြေအနီးက ပင်လယ်အောက်ခြေမှာ ကာလတာရှည်စွာ မြှုပ်နှံထား
ခြင်းခံရတဲ့ မံမီသဖွယ် သရဲငါးတစ်ကောင် ဖြစ်ပါတယ် လို့ဆိုပါတယ် ။ Discovery
Channel ကလည်း ဒီလို ယုံကြည် နိုင်ဖွယ်ရာမရှိတဲ့ ထူးဆန်းတဲ့ပင်လယ်
သတ္တ၀ါတွေဟာ ပင်လယ်အနက်တွေထဲမှာ အမှန်တကယ် နေထိုင် ကျက်စားကြကြောင်း
ဒါကြောင့် သူတို့တည်ရှိနေမှုကို သတိမပြုမိတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။



ဒီငါးဟာ ပင်လယ်ထဲမှာ
ထူးဆန်းသတ္တ၀ါတွေ တည်ရှိနေတယ်ဆိုတဲ့ အဆိုပြုချက်ရဲ့ ပြယုဉ်
တစ်ခုဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော်ကတော့ သံသယရှိနေတုန်းပါပဲ ။
ဒါကြောင့် သင်တို့ကိုယ်တိုင်ပဲ ယုံမယုံဆုံး ဖြတ်စေ ချင် ပါတယ် ။ ဒါပေမယ့်
အဲဒီလို မဆုံးဖြတ်ခင်မှာ ဒီပုံလေးကိုတော့အသေအချာကြည့်စေချင်ပါတယ် ။

Source : http://grou.ps/thettantcho/home

သက်တန့်ချို

No comments:

Post a Comment