Monday, June 28, 2010

. .

မလေးရှား၌ဆိုင်ကယ်လမ်းသရဲများ ခိုးဆိုးလုယက်မှု့ဆိုးရွား

၂၉-၀၆-၂၀၁၀
အောင်နိုင်သူ

မလေးရှားအာဏာပိုင်များမှ ဆိုင်ကယ်လမ်းသရဲများကို မျက်ခြေမပျက် စောင့်ကြည့်နေပါသော်လည်း္တ္န္မ္ဌ္ဋ၎င်းတို့သည် နေရာအနှံ့အပြား၌ ခိုးဆိုးလုယက်လျက်ရှိကြသည်။ အချို့ဆိုင်ကယ်အုပ်စုများတွင် ငယ်ရွယ်သူများပါ ပါဝင်ကြသည်။၎င်းတို့၏ အဓိကပစ်မှတ်များမှာ နိုင်ငံခြားသား အလုပ်သမားများ၊အသက်ကြီးရင့်သူများ၊တစ်ဦးတစ်ယောက်တည်းသွားလာသူများနှင့် အားနွှဲ့သောမိန်းခလေးများဖြစ်ကြသည်။လုယက်ရာ၌ ငွေကြေးအပြင် အဖိုးတန်လက်ဝတ်လက်စားများ၊ဖုန်းများကိုလည်း လုယက်ယူကြသည်။ခုခံမှုမပြုပါက အန္တရာယ်မပေးသော်လည်း ၊ခုခံမှုတစုံတခုလုပ်ခဲ့သော် ၎င်းတို့က သွေးထွက်သံယိုဖြစ်သည့်အထိ ရိုက်နှက်တတ်ကြသည်။ ရဲများမှ သတင်းအရ လှည့်လည်စစ်ဆေးလျှင် ပုန်းအောင်လူစုခွဲကြ၍ ကိုယ်ရောင်ဖျောက်နေတတ်ကြသည်။၎င်းတို့အဓိကကျက်စားတတ်ချိန်မှာ ည၁၁နာရီမှ နံနက်၂နာရီ အချိန်တို့တွင်ဖြစ်သည်။တခါတရံနေ့လည်နေ့ခင်း၌လည်းလုယက်တတ်ကြသည်။ အခြေအနေနှင့်အချိန်အခါပေါ်မူတည်၍ လုယက်တတ်ကြသည်။တစ်ခါက ကျွန်တော်ကိုယ်တိုင်လည်း फ़ोनအလုခံရသေးသည်။သို့သော် ကျွန်တော်မှာကံကောင်းစွာဖြင့်မပါသွားပါ။
မှတ်ချက်။...။အဖြစ်မှန်အတိုင်းရေးသားတင်ပြပါသည်။.....အောင်နိုင်သူ

No comments:

Post a Comment