ပုရွက်ကြော်တွေ စားကြမလား

လယ်သမား Carlos Bayona ဟာ ကြီးမားတဲ့ အိုးကြီးထဲမှာ Culonas ပုရွက်တွေကို
အပြန်အလှန် အထက် အောက်လှော်နေပါတယ် ။ ဒီပုရွက်ကြော်တွေကို Socorro မှာ
စီးပွားဖြစ်လုပ်ကိုင်နေခဲ့ပါတယ် ။ ဧပရယ် ဂျွန် ရာသီတွေမှာ
နှစ်စဉ်နှစ်တိုင်း Colombian လယ်သမား ထောင်ပေါင်းများစွာနဲ့ ၀ါသနာပါသူတွေက
Santander စီရင်စုမှာ သူတို့ ဒေသရဲ့ ရိုးရာအဖြစ် ပုရွက်တွေ (Atta
Laevigata) ကို လိုက်လံစုဆောင်းပါတယ် ။ ပုရွက်တွေ ကိုသူတို့ရဲ့ ကြီးမားတဲ့
အရွယ်အစားကြောင့် Ulonas လို့ခေါ်ကြပါတယ် ။ သူတို့ကို ချက်ပြုတ်
ကြော်လှော်ပြီး တော့ ထူးခြားဆန်းပြားပြီး စွဲမက်နှစ်သက်ဖွယ်ကောင်းသော
အထူးအစားအစာအဖြစ်ရောင်းချကြပါတယ် ။

၂၀၀၉ မေ ၁၉ ရက်နေ့မှာ San
Gil မြို့ လမ်းတစ်နေရာမှာ ကလေးငယ်တစ်ဦးက Culonas ပုရွက်လှော်တွေကို
ကြည့်နေခြင်း ဖြစ်ပါတယ် ။

မိန်းမတစ်ဦးက Barichara
မြို့မှာ ၂၀၀၉ ခုနှစ် မေ၁၉ ရက်နေ့က ပုရွက်အချဉ်ရည်နဲ့ အာလူးချပ်ကို စားဖို့
ပြင်ဆင်နေ ပုံ ဖြစ်ပါတယ် ။

စားသောက်ဆိုင် Color de
Hromiga , Barichara မှာ ပုရွက်ချဉ် ဆမ်းထားတဲ့ အစားအသောက်တစ်ခုကို
ခင်းကျင်း ထားပုံပဲ ဖြစ်ပါတယ် ။

San Gil မြို့က
မြို့လယ်ခေါင် လမ်းမကြီးမှာ ပျံကျဈေးသည်တွေဟာ Culonas ပုရွက်အရှင်တွေကို
ခင်းကျင်း ပြသ ပြီး ရောင်းချလျှက်ရှိပါတယ် ။
စားသုံးဖူးသူတွေရဲ့ အဆိုအရ ဒီပုရွက်တွေနဲ့ ပြုလုပ်ထားတဲ့ အစားအသောက်မှန်သမျှဟာ အရသာ အလွန်ထူး
ကဲလှပြီး ဆိမ့်သောအရသာရှိတယ်လို့ ဆိုပါတယ် ။
Source : http://grou.ps/thettantcho/home
စာရေးသူ.....သက်တန့်ချို
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

No comments:
Post a Comment