Saturday, June 12, 2010

. .

ကမ္ဘာပေါ်ရှိ အရွယ်အစားအကြီးမားဆုံး အရောင်မဲ့စိန် (ရောင်းဈေး - $ 16,000,000)

၂၀၀၇ နိုင်ဝင်ဘာ

၁၄ ရက်နေ့က Sotheby လေလံပွဲမှာ ၈၄.၃၇ ကာရတ်ရှိတဲ့ ကြီးမားတဲ့စိန်ကြီးဟာ
ဒေါ်လာ ၁၆ ၀၀၀ ၀၀၀ နဲ့ ရောင်းချခဲ့ပါတယ် ။ ၂၀၀၈ ခုနှစ် မေလ ၂၈ ရက်နေ့မှာတော့
ကမ္ဘာ့အကြီးမားဆုံး အရောင်မဲ့စိန်ကြီးဟာ ၁၀၁.၂၇ ကာရတ် အလေးချိန်ရှိပြီး
ဟောင်ကောင်မှ Christie လေလံပွဲမှာ လွန်လဲ့တဲ့ အနှစ်၂၀ လောက်ကတည်းက
ရောင်းချဖို့အတွက် ပြသခဲ့ပါတယ် ။ ဒီစိန်ကြီးအတွက် ပထမဆုံးပေးခဲ့တဲ့
ဈေးကတော့ ဒေါ်လာ ၆ မီလီယံ ဖြစ်ပါတယ် ။ ၇၂ ကာရတ်ရှိတဲ့
အဖြူရောင်စိန်ကြီးကိုလည်း လန်ဒန်မှာ ပြသထားပါတယ် ။





အပြည်ပြည်ဆိုင်ရာ
ရောင်းဈေး အနေနဲ့ Sotheby လေလံပွဲမှာ 8,000,000 - $ 10,000,000
ကြားရှိပါတယ် ။ Southern African Kingdom ပိုင်နက် Lesotho မှာ ၄၇၈
ကာရတ်ရှိတဲ့ စိန်ကြီးကို တွေ့ရှိခဲ့ပါတယ် ။ လန်ဒန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Gem
Diamond Mining မှ ကျောက်မျက်ကျွမ်းကျင်သူတွေဟာ Letsen မိုင်းမှာ
အလုပ်လုပ်နေစဉ် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ် ။

ဗြိတိန်မိုင်းအလုပ်သမားတွေနဲ့ဖွဲ့စည်းထားတဲ့
ကုမ္ပဏီမှရှာဖွေတွေ့ရှိခဲ့တဲ့ စိန်ကြီးကတော့ ကမ္ဘာ့အကြီးမား ဆုံးစာရင်းမှာ
နံပါတ် ၂၀ ချိတ်ခဲ့ပါတယ် ။

ဒီအတုံးအခဲတွေဟာ အဖိုးအရမ်းတန်ပြီး စိန်တုံးတွေကို ဖြတ်တောက်ပြီးတဲ့အခါမှာတောင်မှ ၁၀၀ နဲ့ ၁၅၀
ကာရတ်လောက်ရှိပါတယ် ။ သူ့ရဲ့ အရွယ်အစားနဲ့ အရည်အသွေးတွေအရ
ဒဏ္ဍာရီဆန်လွန်းလှပြီး Kohinoor ပုံပြင်ထဲမှာဆို အဲလီဇဘတ်ဘုရင်မကြီး နံပါတ် ၂
က သူ့ရဲ့ သရဖူမှာ ၀တ်ဆင်ခဲ့ပါတယ် ။ အဲဒီရှာဖွေတွေ့ရှိ ချက်လေးတစ်ခု ဟာ ၁၂
မီလီယံ ဒေါ်လာကုန်ကျခဲ့ပါတယ် ။ မကြာခင်မှာပဲ ကျောက်တုံးတွေဟာ
ကြီးမားတဲ့စိန်တွေအဖြစ်နဲ့ ဖြတ်တောက်ပြီးတဲ့အခါမှာ
ဈေးနှုန်းအမျိုးမျိုးနဲ့ ပျံသန်းရောက်ရှိလာပါတော့မယ် ။





Source : http://grou.ps/thettantcho/home

စာရေးသူ.....သက်တန့်ချို ( ၉.၁.၁၀)

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.....................

No comments:

Post a Comment