Sunday, June 20, 2010

. .

ရန်ကုန်နာရေးကူညီမှုအသင်း သိန်း ၃ဝဝ တန် အခမဲ့ ဓာတ်မှန်ခန်းဖွင့်လှစ်

2010-06-19 RFA

နာရေးကူညီမှုအသင်း (ရန်ကုန်) က မြောက်ဒဂုံမြို့နယ်မှာ တည်ထောင်ထားတဲ့ သုခဆေးခန်းမှာ အလှူရှင် သုံးဦး မတည်လှူဒါန်းတဲ့ ကျပ်ငွေ သိန်းသုံးရာတန် အခမဲ့ ဓာတ်မှန်ခန်းကို ဒီကနေ့ စတင် ဖွင့်လှစ်လိုက်ပါတယ်။

အဲဒီ သုခ ကုသိုလ်ဖြစ်ဆေးခန်းမှာ အရင်က ဓာတ်မှန်ရိုက်စက် မရှိတာကြောင့် လာရောက်ကုသတဲ့ လူနာတွေအနေနဲ့ ပြင်ပဆေးရုံ၊ ဆေးခန်းတွေမှာ သွားပြီး ရိုက်ခဲ့ရတာကြောင့် ငွေကုန်ကြေးကျ များပြီး အချိန်ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။ လူနာတွေအနေနဲ့ ပြင်ပဆေးရုံ၊ ဆေးခန်းတွေမှာ ဓာတ်မှန်ရိုက်တဲ့အခါ ရောဂါဝေဒနာပေါ် မူတည်ပြီး ကျပ်ငွေ ရှစ်ထောင်ကနေ
တသောင်းကျော်အထိ ကုန်ကျနေတာပါ။

ဒီကနေ့ ဆေးခန်းအတွက် အခမဲ့ ဓာတ်မှန်ခန်း ဖွင့်လှစ်နိုင်တာနဲ့ ပတ်သက်ပြီး နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌ ဦးကျော်သူက အခုလို ပြောပါတယ်။

'ဒီနေ့ကတော့ မင်္ဂလာရှိတဲ့နေ့ပါ။ နေ့ထူးနေ့မြတ်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ ပြည်သူလူထုအတွက် အခမဲ့ ဆေးဝါးကုသဖို့အတွက် ဓာတ်မှန်ခန်း အဆောက်အဦး ဖွင့်ပွဲ လုပ်တဲ့နေ့ဖြစ်တယ်။ အလှူရှင် နှစ်ဦး ရှိပါတယ်။ သူတို့က သိန်းတရာစီ မတည်တယ်။ ဓာတ်မှန် အဆောက်အဦးကတော့ ဆုံးပါးသွားတဲ့ ခိုင်ရွှန်းလဲ့ရည် မိသားစုက သိန်း ၁၅ဝ မတည်ပြီးတော့ လိုအပ်တဲ့ငွေကို ကျနော်တို့ နာရေးအသင်းက ဖြည့်ဆည်းပြီး ဒီနေ့ဖွင့်ပွဲ လုပ်တာပါ'



သုခ ကုသိုလ်ဖြစ်ဆေးခန်းမှာ ဓာတ်မှန်အပြင် အာလ်ထရာဆောင်း Ultra sound ရိုက်စက်တွေလည်း ရှိနေပြီး အခမဲ့ ရိုက်ပေးနေတဲ့အတွက် တနေ့ကို လူနာ၂ဝဝ ကျော် ဆေးခန်းကို လာရောက်ကြတယ်လို့ သိရပါတယ်။ အလှူရှင်များကတော့ ဓါတ်မှန်ခန်း အဆောက်အဦး မတည်အလှူရှင် ကွယ်လွန်သူ မခိုင်ရွှန်းလဲ့ရည် အားရည်စူး၍ ဖေဖေ ဦးဌေးအောင် + မေမေ ဒေါ်ချိုချိုမြင့်၊ သမီး မဖြူစင်လဲ့ရည် (မိသားစု) တို့မှ ငွေကျပ် (၁,၅၀၀,၀၀၀/-) သိန်းတစ်ရာ့ငါးဆယ် ကျပ်တိတိ၊ ဓါတ်မှန်စက် အလှူရှင် ကွယ်လွန်သူ မိဘနှစ်ပါးဖြစ်သော ဦးစိန် + ဒေါ်တီ တို့အားရည်စူး၍ ဦးကျင်စိန်၊ ဦးသန့်စင် + ဒေါ်ခင်ဝင်းမော်၊ သား မောင်ကောင်းဆွေသန့် (မိသားစု) တို့မှ ငွေကျပ် (၁,၀၀၀,၀၀၀/-) သိန်းတစ်ရာ ကျပ်တိတိအပြင် သုခကုသိုလ်ဖြစ်ဆေးခန်း အတွက် ငွေကျပ် (၁,၂၄၀,၀၀၀/-) တစ်ရာနှစ်ဆယ့်လေးသိန်း ကျပ်တိတိနှင့် ဓါတ်မှန်စက် အလှူရှင် ကွယ်လွန်သူ မိဘများအား ရည်စူး၍ ဦးခင်အောင် + ဒေါ်ကြည်ကြည်သက်၊ သမီး မသီတာအောင် (မိသားစု) တို့မှ ငွေကျပ် (၁,၀၀၀,၀၀၀/-) သိန်းတစ်ရာ ကျပ်တိတိအား လှူဒါန်းခဲ့ကြပါသည်။်

No comments:

Post a Comment