Thursday, June 10, 2010

. .

ကလေးတွေဂရုစိုက်ကြပါ

ထားဝယ်ခရိုင်၌ သွေးလွန်တုတ်ကွေးကြောင့် ကလေးလူနာ ၅ဝ ခန့် ဆေးရုံးတင်ရ

နန်းခမ်းကယောက် ၇ ဇွန် ၂ဝ၁ဝ - DVB
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ ကလေးငယ်တွေ သွေးလွန်တုတ် ကွေးဖြစ်ပွားနေပြီး ကလေးလူနာ ၅ဝ ဦးလောက် ဆေးရုံးတင်ထားရတယ်လို့ ဆေးရုံ ဝန် ထမ်းတွေက ပြောပါတယ်။ သွေးလွန်တုတ်ကွေးဟာ ထားဝယ်မြို့ပေါ်ထက် အနီးအနားရှိ လောင်းလုံ ရေ ကြည် စတဲ့ကျေးရွာတွေ အတော်များများမှာ အဖြစ်များတယ်လို့ မြို့ခံနဲ့ ဆရာမတွေ က ပြောပါတယ်။ သွေးလွန်တုတ်ကွေး ဖြစ်နေတဲ့ကလေးတွေဟာ အသက် ၅ နှစ် ကနေ ၁၇ နှစ်အတွင်းက ဖြစ်တယ်လို့ ဆေးရုံက ကျန်းမာရေးဝန်ထမ်းတဦးက အခု လို ပြောပြပါတယ်။

“ကလေးတွေက ၅ နှစ်က စပြီးတော့ ၁၆ နှစ် ၁၇ နှစ် အဲဒီလို အရွယ်တွေ ဖြစ်တယ်။ ကလေးတွေက နည်းနည်းချောင်းလည်းဆိုးတယ်၊ နည်းနည်းကိုယ်ပူတယ်၊ အဲဒီလို နည်းနည်း ဆိုင်း (သင်္ကေတ) လေးတွေ ရှိရင်တော့ ဆေးရုံတင်လာတာ ပဲရှင့်။”

အခုလောလောဆယ်မှာ လူနာတွေ ရောက်လာနေဆဲဖြစ်ပြီး၊ လူနာကုတင် အတွက်တောင် အခက်ခဲရှိ နေတယ်လို့ အဲဒီဝန်ထမ်းက ပြောပါတယ်။ အခုလို ခြင် ကိုက်ရာကနေ ဖြစ်ပွားတဲ့ သွေးလွန်တုတ်ကွေးဟာ သင်္ကြန်နောက်ပိုင်းမှာ ဖြစ်ပွား နေတာဖြစ်ပြီး၊ အခုတော့ ဖြစ်ပွားမှု ပိုတိုးလာတာလို့ ထားဝယ်ရှိ ဆေးခန်းတခုက ဆရာမတဦးကလည်း ပြောပါတယ်။

“သင်္ကြန်မတိုင်ခင်ကတည်းက ဖြစ်နေတာ၊ ဒါပေမယ့် အခုက သူ့ရာသီဆို တော့ ပိုပြီးတော့ ဆိုးတာပေါ့။ နည်းနည်းအခြေအနေဆိုးတဲ့ ကလေးတွေဆိုရင် ဆေး ရုံခေါ်တင် ထားတာပေါ့နော်။ လိုတာလေးတွေ ကြိုလုပ်ထားတာပေါ့။ ဆေးလေးဘာ လေး သွင်းရအောင်ဆိုပြီးတော့ အဆင်သင့် လုပ်ထားတာပေါ့နော်။ အခု ချက်ချင်း လုပ် အခုချက်ချင်း သွင်းလို့မှ မရတာကိုး၊ ကျမတို့ ဟမ်းဆက် စမ်းလိုက်တော့ အဲဒီ မှာ စပေါ့လေးတွေ ပေါ်လာတာပေါ့နော်။ ဒူးကောက်ကွေးနားမှာလေ၊ အဲဒါဆိုရင် တော့ သွေးလွန်တုတ်ကွေးလို့ ယူဆရတာပေါ့နော်။

“အဆင့် တစ်၊ အဆင့် နှစ်၊ အဆင့် သုံး၊ အဆင့် လေးအထိ ရှိတယ်လေ။ အဲဒါ ဆရာဝန်တွေပဲ ကြည့်ပြီး ဆုံးဖြတ်ပါတယ်။ ဆေးရုံးရောက်တယ်ဆိုရင် သွေး တွေ ဘာတွေစစ်သေးတယ်။ စစ်ပြီးတော့မှ ဒါက ဘာအဆင့်ဆိုတာ အဲဒီလို ကလေး အထူးကုတွေဆိုရင် အရမ်းတော်တယ်လေ။ သူတို့ကြည့်ပြီးပြောတာပဲ၊ ခြင်ကိုက်နေ သ၍တော့ ဖြစ်နေမှာပဲတဲ့ ကလေးအထူးကုပြောတာ ကြားတယ်လေ။”

သွေးလွန်တုတ်ကွေးဟာ ခြင်ကိုက်ရာကနေ ဖြစ်ပွားတဲ့အတွက် ခြင်မကိုက် အောင် ကာကွယ်ကြဖို့၊ ကလေးအထူးကု ဆရာဝန်တဦးက အခုလို ပြောကြားသွား ပါတယ်။

“ကာကွယ်ချင်တယ် ဆိုလို့ရှိရင်တော့ ကလေးတွေကို နေ့ရောညရော ခြင် ထောင်နဲ့သိပ်ပါ၊ ခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေ အကုန်လုံးကို ရှင်းပစ်လိုက်ပါ၊ ချုံပုတ်တွေ ရှင်းမယ်။ ရေတွင်း၊ နောက်တခါ ရေကြည်ရေသန့်တွေမှာ ပေါက်နိုင်တဲ့ အတွက်ကြောင့်မို့လို့ ပန်းအိုးတွေ၊ ညောင်ရေအိုးတွေ အဲဒါတွေ သွန်ပါမယ်။

“နောက် ဖုံး-သွန်-လဲ-စစ် လုပ်ပါမယ်ရှင်။ နောက် လေဝင်လေထွက် ကောင်းအောင် အပင်တွေကို အကုန်လုံး ခုတ်ပစ်မယ်။ ပြုတင်းပေါက်တွေ အကုန် လုံး ဖွင့်ထားမယ်။ နေ့ခင်းဘက်မှာလည်း ခြင်ထောင်နဲ့သိပ်မယ်၊ အင်္ကျီလက်ရှည်၊ ဘောက်ဘီရှည် ဝတ်ထားမယ်၊ ရေထဲမှာ ခပ်တဲ့ဆေးလေးတွေ ရှိပါတယ်။ ပိုးလောက် လမ်းသေတဲ့ဆေး အဲဒါမျိုးလေးတွေ ခပ်ပါမယ်။”

ထားဝယ်မြို့နယ်က ကလေးအထူးကု ဆရာဝန်တဦးက ခြင်မကိုက်အောင် ကာကွယ်ကြဖို့ ပြောပြသွားပါတယ်။်

No comments:

Post a Comment