Thursday, June 10, 2010

. .

ဓာတ်ငွေ့ပေါက်ကွဲလို့တဲ့ဗျို့

အမိုးနီးယား ဓာတ်ငွေ့အိုး ပေါက်ကွဲမှုဖြစ်

စိုးမိုး / ၁၀ ဇွန် ၂၀၁၀

ရန်ကုန်မြို့ လှည်းတန်း ဆင်ရေတွင်းမှတ်တိုင်အနီး နှင်းတောင်ရေခဲစက်တွင် ယနေ့ ညနေ (၆) နာရီ (၁၀) မိနစ်ကစပြီး အမိုးနီးယား ဓာတ်ငွေ့အိုးပေါက်ကွဲမှု ဖြစ်ပွားနေသည်။

“စက်ရုံထဲက အလုပ်သမားတွေ ထွက်မလာကြသေးဘူးလို့ ဘေးအိမ်က လူတွေကပြောတယ်။ လှည်းတန်း ဆင်ရေတွင်း ရပ်ကွက်ထဲမှာ အနံ့တွေ ပျံ့နေတယ်။ လူတွေက အိမ်တွေပိတ်ပြီး အဝေးကို သွားနေကြတယ်” ဟု လှည်းတန်း ဆင်ရေတွင်း မှတ်တိုင် အောင်မြေသာစည် ရပ်ကွက်နေထိုင်သူက ပြောကြားသည်။်

ရေခဲထုတ်လုပ်မှုတွင် အသုံးပြုသည့် အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်ပေါက်ကွဲမှုကြောင့် စက်ရုံအနီးအနားမှ နေထိုင်သူများ အသက်ရှူမ၀ ဖြစ်နေကြပြီး အချို့က အဝေးသို့ ရှောင်သွားသော်လည်း အများစုက အိမ်မှပစ္စည်းများ စိတ်မချသည့်အတွက် ထွက်မသွားသေးကြောင်း သိရသည်။

အဆိုပါပုဂ္ဂလိက နှင်းတောင်ရေခဲစက်ရုံကို လူနေရပ်ကွက်အတွင်း ဖွင့်လှစ်ခွင့် ပြုထားခြင်းဖြစ်ပြီး ယင်းအနီးတွင် စက်မှု (၁) ပိုင် မာရီယာ ဘီစကွတ်စက်ရုံ၊ သုခကမ္ဘာ အထူးကုဆေးခန်းတို့လည်း ရှိနေကြောင်း သိရသည်။

“အင်းစိန်ဘက်က လာတဲ့ လိုင်းကားတွေလည်း လှည်းတန်းဘက်ကနေ ပြန်လှည့်မောင်းနေကြတယ်။ အနံ့တွေက အတော်ဆိုးနေတယ်။ အထဲက အလုပ်သမားတွေ အပြင်မထွက်လာသေးဘူး။ မိုးရွာနေတာ မိုးရွာပြီးစ အချိန်လေးပဲ။ ညနေ (၆) နာရီ ကျော်လောက်မှာ အနံ့တွေ စထွက်လာတာ” ဟု အောင်မြေသာစည် ရပ်ကွက်နေသူက ပြောကြားသည်။

No comments:

Post a Comment