Thursday, June 17, 2010

. .

ကမ္ဘာ့အမြင့်ဆုံး လေဖွင့်စက်လှေကား





ဂျပန်နိုင်ငံ Osaka မြို့တော်မှ Umeda Sky အဆောက်အအုံဟာ ခုနှစ်ခုမြောက်
အမြင့်ဆုံး အဆောက် အအုံတစ် ခုဖြစ်ပြီး အိုဆာကာ မြို့တော်ရဲ့ ထင်ရှားတဲ့
အမှတ်အသား တစ်ခုလည်း ဖြစ်ပါတယ် ။ အဲဒီအဆောက်အအုံမှာ အထပ် ၄၀ မျှော်စင် ၂
ခါပါဝင်ပြီး သူတို့၂ခုရဲ့ အမြင့်ဆုံး အပိုင်းတွေကို လှေကားနဲ့
ဆက်သွယ်ထားပါတယ် ။ ပြီးတော့ နှလုံး အခန်းပုံသဏ္ဍာန် နေရာဖြစ်တဲ့
အလည်ခေါင်တည့်တည့်ကို ဖြတ်ပြီး စက်လှေကား တစ်ခု တပ် ဆင်ထားပါတယ် ။ စက်လှေကားဟာ မြင့်မားလွန်းတဲ့အတွက် သင် စက်လှေကား စီးနေစဉ်မှာ ကောင်း
ကင်ယံမှာ လွင့်မျောနေသလို ခံစားရပါလိမ့်မယ် ။ အဲဒီဓါတ်လှေကားရဲ့
ဆုံမှတ်ကတော့ မျှော်စင်၂ ခုကို တပြိုင် နက် တည်း ကြည့်ရှုလို့ရတဲ့ နေရာ
လည်းဖြစ်ပါတယ် ။





Kita-ku ရဲ့ Umeda
အပိုင်းမှာ တည်ရှိတဲ့ ဒီအဆောက်အအုံဟာ ၁၉၈၈ ခုနှစ်ကတည်းက City of Air (
လေမြို့ တော်) Project တစ်ခုအဖြစ် ကြံစည်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ် ။
ပြီးတော့အဲဒီအကြံအစည်ကို မြောက်ဖက် အိုဆာကာမှာ မျှော်စင်လေးခုကို
အတွင်းပိုင်းတွေဆက်ခြင်းအားဖြင့် စတင်အကောင်အထည်ဖော် ကြံစည်
လုပ်ဆောင်ခဲ့ပါတယ် ။ အမှန်တကယ်မှာတော့ လက်တွေ့လုပ်ဆောင်တဲ့အခါ မျှော်စင်
လေးခုအစား နှစ်ခုကိုသာ ဆက်သွယ်ပြီး လေမြို့တော်ကို အကောင်အထည်ဖော်ခဲ့ပါတယ် ။










Source : www.thettantcho.com

No comments:

Post a Comment