Saturday, June 5, 2010

. .

ဗဟုသုတဝေမျှပါတယ်

ကလေးတစ်ယောက်-လက်ပ်တော့တစ်လုံး အဖွဲ့က ဒေါ်လာ ၁၀၀ အောက်သာကျသင့်မည့် သင်ပုန်းကွန်ပျူတာများ ထုတ်လုပ်ရန်စီစဉ်...H H M

Tablet PC

အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် ကလေးတစ်ယောက် လက်ပ်တော့တစ်လုံး အဖွဲ့က ကမ္ဘာ့အဆင်းရဲဆုံးဒေသများရှိ ကလေးများအတွက် ဒေါ်လာ
၁၀၀ အောက်သာ ကျသင့်မည့် သင်ပုန်းကွန်ပြူတာ Tablet PC များထုတ်လုပ်
ရန်စီစဉ်နေကြောင်း သိရသည်။

ယင်းအဖွဲ့က ချစ်ပ်ပြားထုတ်လုပ်သည့်ကုမ္ပဏီ Marvel Technology ၏ ဒီဇိုင်းကိုအသုံးပြုထုတ်လုပ်သွားရန် ရည်ရွယ်ပြီး စမ်းသပ်ထုတ်လုပ်မှုအရ တစ်လုံးလျင် ၉၉ ဒေါ်လာသာကျသင့်ကြောင်း သိရသည်။

ယင်းအဖွဲ့အစည်းကိုတည်ထောင်သူ နီကိုလပ်စ်နီဂရိုပွန်တီက ဈေးနှုန်းကျဆင်းရေးမှာ အဓိကကျကြောင်း သုံးသပ်ခဲ့သည်။မူလထုတ်လုပ်ခဲ့သည့် XO လက်ပ်တော့များမှာ ကုန်ကျစရိတ်မြင့်မားမှုကြောင့်
ထင်သလောက်မဖြန့်ဖြူးနိုင်ခဲ့ဘဲ ဥရုဂွေးတစ်နိုင်ငံတည်းသာ
အခြေခံပညာကျောင်းသားအားလုံးကို ယင်းလက်ပ်တော့ငယ်များ
ဝယ်ယူဖြန့်ဖြူးပေးနိုင်ခဲ့သည် ၂၀၀၅ ခုနှစ်တွင် ယင်းလက်ပ်တော့လုံးရေ သန်း
၁၀၀ အထိ ဖြန့်ဖြူးနိုင်ရန် စီစဉ်ခဲ့သော်လည်း ဒေါ်လာ ၂၀၀ ၀န်းကျင်
ကျသင့်သောဈေးနှုန်းကြောင့် လုံးရေနှစ်သန်းသာ ဖြန့်ဖြူးနိုင်ခဲ့သည်။

ယခုဖြန့်ဖြူးပေးမည့် သင်ပုန်းကွန်ပျူတာများမှာမူ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၁၀၀ အောက် နည်းနိုင်သမျှ နည်းစေမည်ဖြစ်သလို အင်တာနက်
ဝိုင်ဖိုင်ဆက်သွယ်မှု၊ဘက်စုံသုံး ထိတွေ့မျက်နှာပြင်တို့ ပါဝင်မည်ဖြစ်ပြီး
စာရွက်တစ်ရွက်၏ စံအရွယ်အစား ၈ လက်မခွဲ၊ ၁၁ လက်မမျှ ရှိမည်ဖြစ်သည်။

No comments:

Post a Comment