Thursday, June 10, 2010

. .

ဘောလုံးသတင်း

ခြေစမ်းပွဲအဓိကရုဏ်းကြောင့် ကမ္ဘာ့ဖလားပွဲလုံခြုံရေး မေးခွန်းထုတ်စရာဖြစ်လာ

ဇွန်လ(၆)ရက်နေ့ညက မြောက်ကိုရီးယားနှင့် နိုက်ဂျီးရီးယားအသင်းတို့ ဂျိုဟန်နက်စဘာ့ဂ်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့သော ခြေစမ်းပွဲစဉ်တွင် ပရိသတ်များနှင့် ရဲများကြား သွေးထွက်သံယို အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ(၇)ရက်နေ့ညတွင် အင်္ဂလန်အသင်း၏ လေ့ကျင့်ရေးပြိုင်ပွဲအတွက် လုံခြုံရေး စိုးရိမ်မှုများ မြင့်တက်

တောင်အာဖရိကတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် လုံခြုံရေးဆိုင်ရာ အခြေအနေများအတွက် အင်္ဂလန်အသင်း၏ တာဝန်ရှိသူများ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့ကြသည်။ ဇွန်လ(၆)ရက်နေ့ညက မြောက်ကိုရီးယားနှင့် နိုက်ဂျီးရီးယားအသင်းတို့ ဂျိုဟန်နက်စဘာ့ဂ်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့သော ခြေစမ်းပွဲစဉ်တွင် ပရိသတ်များနှင့် ရဲများကြား သွေးထွက်သံယို အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ(၇)ရက်နေ့ညတွင် အင်္ဂလန်အသင်း၏ လေ့ကျင့်ရေးပြိုင်ပွဲအတွက် လုံခြုံရေး စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
ထိုပွဲသို့ လူပေါင်း(၂၀၀၀၀)အတွက် အခမဲ့ ကြည့်ရှုခွင့်ပြုရန် စီစဉ်ထားရာ ရန်ပွဲများ ပေါ်ပေါက်လာမည်ကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)က စိုးရိမ်နေသည်။ မာခူလွန် အားကစားကွင်းကြီးတွင် ကော်ပီဆွဲထားသော လက်မှတ်များဖြင့် ၀င်ရောက်လာသည့် ရာနှင့်ချီသော ပရိသတ်များအား ရဲတပ်ဖွဲ့က တားဆီးရာမှ ရန်ပွဲများ ဖြစ်ပေါ်လာခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် အနည်းဆုံးလူ(၂၀) ဒဏ်ရာများ ရရှိခဲ့ပြီး ရဲတစ်ဦးနှင့် ကလေးငယ်တစ်ဦးမှာ အခြေအနေဆိုးကြောင်း သိရသည်။ ဇွန်လ(၁၁)ရက်နေ့တွင် စတင်ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးအတွက် ယခုကိစ္စမှာ တောင်အာဖရိက ဘောလုံးကွင်းများအတွင်း လုံခြုံရေးနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။ မြောက်ကိုရီးယားနှင့် နိုက်ဂျီးရီးယားတို့ပွဲတွင် နိုက်ဂျီးရီးယား ပရိသတ်များက အထူးတန်းသို့ အတင်းစုပြုံဝင်ရောက်ရန် ကြိုးပမ်းရာမှ ပြဿနာ ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။
တောင်အာဖရိက ကမ္ဘာ့ဖလား ကျင်းပရေး တာဝန်ရှိသူများကမူ လုံခြုံရေးနှင့် ပတ်သက်ပြီး စိုးရိမ်စရာ မရှိဟု အာမခံထားဆဲဖြစ်သည်။ သို့သော်လည်း ယခုကိစ္စနှင့် ပတ်သက်ပြီး အင်္ဂလန်အပြင် အာဂျင်တီးနားနှင့် အခြားသော အသင်းများကလည်း ပူပန်မှုများ ရှိနေကြောင်း ပြောကြားခဲ့သည်။
အင်္ဂလန်အသင်း၏ လုံခြုံရေး တာဝန်ရှိသူများက မိုရူလန်း အားကစားကွင်းကြီးတွင် ပြုလုပ်မည့် အင်္ဂလန်၏ လေ့ကျင့်ရေး ခြေစမ်းပွဲသို့ ပရိသတ် (၁၂၀၀၀)သာ ကန့်သတ်ဝင်ရောက်ခွင့်ပြုရန် အဆိုပြုထားသော်လည်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားများကို တွေ့မြင်ခွင့်ရရေး မျှော်လင့်နေသည့် ပရိသတ်များအား တားဆီးရန် ခက်ခဲဖွယ် ရှိသောကြောင့် အကြပ်ရိုက်နေကြကြောင်း သိရှိရသည်။

No comments:

Post a Comment